ဂိုးသွင်းယူပြီးနောက် မက်ဆီရဲ့နယ်သာလန်နှင့် ပွဲက အောင်ပွဲခံပုံအတိုင်း ပြုလုပ်ခဲ့တဲ့ အဂူရို
ballonestar.com
|
2023-01-17

နှလုံးရောဂါကြောင့် ၂၀၂၁ ခုနှစ်တွင် ကစားသမားဘဝကနေ အနားယူခဲ့ပြီးနောက် ပြန်ကစားခဲ့တဲ့ပွဲမှာ အဂူရိုက ဂိုးသွင်းယူနိုင်ခဲ့ပြီး သူ့ရဲ့သူငယ်ချင်းဖြစ်သူ မက်ဆီရဲ့ အောင်ပွဲခံပုံအတိုင်း ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ပင်နယ်တီဖြင့် ပေါ်စီနိုအက်ဖ်စီအား ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အာဂျင်တီးနား လက်ရွေးစင် ကစားသမားဟောင်းဟာ ကန်နီစပေါ့စ်အတွက် ဂိုးသွင်းယူနိုင်ခဲ့ပြီး ထောင်ကန်ဘောကန်တဲ့နေရာနားသို့သွားကာ မက်ဆီရဲ့အောင်ပွဲခံပုံဖြစ်တဲ့ နားရွက်နားသို့ လက်နှစ်ဖက်ကိုကပ်ကာ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

အီကွေဒေါကလပ်ဖြစ်တဲ့ ဘာစီလိုနာအက်စီရဲ့ ကစားပေးဖို့ ကမ်းလှမ်းခြင်းကိုရရှိခဲ့ပြီးနောက် ယခုလမှာ ဘောလုံးပြန်လည် ကစားခြင်းဖြစ်ကာ ကင်းစ်လိဂ်မှာ ကစားခဲ့တာကို တွေ့မြင်ရတာဖြစ်ပါတယ်။ သူ့ရဲ့အသင်းဟာ ပေါ်စီနိုအား ၂-၁ ဂိုးဖြင့် ရှုံးနိမ့်နေတဲ့အချိန်မှာ အဂူရိုက သရေကျစေမယ့်ဂိုးကို သွင်းယူပေးခဲ့တာပါ။

ရင်ဘက်ဖြင့်ထိန်းကာ ဘောလုံးကို ရရှိခဲ့ပြီးနောက် ဘယ်ခြေဖြင့် ဂိုးရဲ့အောက်ခြေထောင့်ဘက်သို့ ကန်သွင်းယူခဲ့တာဖြစ်ကာ မန်စီးတီး ပရိသတ်တွေကတော့ အဆိုပါဂိုးသွင်းပုံကို အမှတ်ရနေကြမှာဖြစ်ပါတယ်။ အဲ့ဒီနောက် တိုက်စစ်မှုးဟာ သူ့ရဲ့အရင်းနှီးဆုံး သူငယ်ချင်းမက်ဆီရဲ့ အောင်ပွဲခံတဲ့ ပုံစံအတိုင်းမလုပ်မီ အဂူရိုဟာ အသင်းဖော်တွေနဲ့အတူ အပြေးအလွှားအောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

သူဟာ ကွင်းရဲ့ထောင့်နားသို့သွားခဲ့ပြီး ပေါ်စီနိုအက်ဖ်စီရဲ့ရှေ့နားမှာ လက်နှစ်ဖက်အား နားနားသို့ကပ်ကာ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပွဲစဉ်တုန်းက လူးစေးကွင်းကြီးတွင် နယ်သာလန်အား အနိုင်ရရှိခဲ့တဲ့ပွဲမှာ မက်ဆီဟာ နည်းပြ ဗန်ဟားကို ရည်ရွယ်ဟာ အဆိုပါပုံစံအတိုင်း အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ ဒါဟာ သူ့ရဲ့ဘာစီလိုနာမှာ ရှိစဉ်တုန်းက ဗန်ဟားရဲ့ အာဂျင်တီးနားကစားသမားရီကွယ်မီးကို ကိုင်တွယ်ပုံညံ့ဖျင်းခဲ့ပုံကို ရွည်ရွယ်ခဲ့တာဖြစ်ပြီး အဲ့ဒီတုန်းက အာဂျင်တီးနားသားဟာ မကြာခဏဆိုသလို အရန်ခုံမှာထိုင်ခဲ့ရတာဖြစ်ပါတယ်။ ဂိုးသွင်းယူပြီးနောက် နားနားသို့လက်နှစ်ဖက်ကိုကပ်ကာ အောင်ပွဲခံတာကို အားလုံးသိကြမှာဖြစ်ပြီး အဆိုပါပုံစံအတိုင်း မက်ဆီက အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

ပီကေးရဲ့အသင်းဟာ ကင်းစ်လိဂ်မှာ ချန်ပီယံရှစ်အတွက် ယှဉ်ပြိုင်နေတာဖြစ်ပြီး အဆိုပါအသင်းကို ပရော်ရှင်နယ်ဟောင်း တော်တော်များများက ဦးဆောင်ထားတာဖြစ်ပါတယ်။ အရေးပါတဲ့ သရေသွင်းဂိုး သွင်းယူပေးနိုင်ခဲ့သော်လည်း အဂူရိုက အသင်းအတွက် နိုင်ပွဲ ရရှိအောင် မကူညီပေးနိုင်ခဲ့ပါဘူး။ ပင်နယ်တီ ကန်သွင်းရာမှာတော့ သူ့ရဲ့အသင်းက ပြိုင်ဘက်ကို ရှုံးနိ့မ်ခဲ့ရတာဖြစ်ပါတယ်။



#ကစားသမား
#ဂိုးသွင်း
#မက်ဆီ
#ဖလား
#နယ်သာလန်

Some text some message..