မက်ဆီနဲ့ဆက်ဆံရေးအခြေအနေကို ဖွင့်ဟပြောကြားလာတဲ့ ဘော်ဒီဂတ် ယာဆင်း
ballonestar.com
|
2024-08-02

မက်ဆီရဲ့ကိုယ်ရံတော် ယာဆင်းက အင်တာမီယာမီစတားနဲ့ ဆက်ဆံရေး အခြေအနေကို ဖွင့်ဟပြောကြားလိုက်ပါတယ်။ အမေရိကန်စစ်သားဟောင်း ယာဆင်းကတော့ မက်ဆီတစ်ယောက် အင်တာမီယာမီအသင်းထံ ပြောင်းရွှေ့ချိန်မှာလည်း လိုက်ပါလာခဲ့တာဖြစ်ပါတယ်။

ယာဆင်းကို မက်ဆီရဲ့မေဂျာလိဂ်ပွဲတွေကန်ချိန်မှာ ကွင်းဘေးစည်းနားအထိ ပါဝင်လာတတ်တာကြောင့် လူမှုမီဒီယာမှာ နာမည်ကျော်လာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အခုနှစ်အစောပိုင်းတုန်းက ယာဆင်းတစ်ယောက် ကန်းဆက်စ်စီးတီးမှာ ပရိသတ်တစ်ဦးရဲ့နှောက်ယှက်မှုကို ဟန့်တားခဲ့တာကြောင့် ချီးကျူးမှုအများအပြားရရှိခဲ့ပါတယ်။

အသက် ၃၅ နှစ်သားအရွယ် စစ်သားဟောင်းက မက်ဆီနဲ့ သူ့မိသားစုကြားဆက်ဆံရေးအခြေအနေကို အခုလို ဖွင့်ဟပြောကြားခဲ့ပါတယ်။

အင်တာဗျူးတစ်ခုမှာ ယာဆင်းက “မက်ဆီအတွက် ကျွန်တော်က ကိုယ်ရံတော်တင်မဟုတ်ပဲ သူငယ်ချင်းတစ်ဦးဆိုလည်း ဟုတ်ပါတယ်။ ကျွန်တော်တို့ စကားပြောဖြစ်သလို ရယ်မောပြီး ပုဂ္ဂိုလ်ရေးတွေလည်း ပြောဖြစ်ပါတယ်။ သူက ကျွန်တော့်ကို နေ့လည်စာအတွက် အမြဲတမ်းခေါ်ယူလေ့ရှိသလို သေချာလေးလည်း ကျွေးမွေးပါတယ်။ သူဘော်လွန်းဒီအော်ဆုရတုန်းက ကျွန်တော့်ကိုလေယာဉ်ပေါ်မှာ အခုလိုမျိုးပြောဖြစ်ခဲ့ပါတယ်။ ယာဆင်း ခင်ဗျားလက်ထဲမှာ ဘော်လွန်းဒီအော်ဆုကို သယ်လာခဲ့ဗျာ။ ကျွန်တော်သူ့ကို အိုကေလို့ပြောခဲ့ပါတယ်"

"ပထမဆုံးတုန်းကလည်း သူတစ်ခုခုသယ်ယူစေချင်တယ်လို့ ကျွန်တော်တွေးမိပါတယ်။ အဲ့နောက် ကျွန်တော်သယ်လာချိန်မှာ သူက သူ့သားနဲ့မိန်းမကို ဘော်လွန်းဒီအော်ဆုရှင်ရဲ့အကောင်းဆုံးကိုယ်ရံတော်က ယာဆင်းပဲလို့ ပြောခဲ့ပါတယ်။ အဲ့တာက တကယ့်လှပတဲ့အခိုက်အတန့်နဲ့ စကားလုံးတွေပါ။ ကျွန်တော် သူ့ကိုဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။ ကျွန်တော်က သူ့ရဲ့မိသားစုဝင်အစိတ်အပိုင်းဖြစ်သလို သူ့ကို ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာမှာလည်း ကာကွယ်မှုပေးနိုင်အောင် ကြိုးစားပါတယ်။ ဘာလို့လဲဆိုတော့ သူက ကျွန်တော့်ကို အများကြီးယုံကြည်သလို ကျွန်တော်ကလည်း သူ့အတွက် အများကြီးပေးဆပ်ချင်တာကြောင့်ပါ”လို့ ယာဆင်းက ပြောကြားခဲ့ပါတယ်။

ရေတပ်စစ်သားဟောင်း အင်တာမီယာမီရဲ့ပွဲစည်းအပြင်မှာတင်မဟုတ်ပဲ အင်တာမီယာမီပွဲအတွင်းမှာပါ တွေ့ရှိရတာဖြစ်ပါတယ်။ မက်ဆီကတော့ လက်ရှိမှာဒဏ်ရာ ရနေတာကြောင့် အနားယူနေရပြီး လိဂ်ဖလားမတိုင်ခင် ပြန်လာဖွယ်မရှိတာဖြစ်ပါတယ်။



#မက်ဆီ
#ဖလား
#ဘော်လွန်းဒီအော်ဆု
#အင်တာမီယာမီ
#ဘော်လွန်းဒီအော်

Some text some message..