
မနေ့က ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် (ဒု-ကျော့) ပွဲစဉ်မှာ လီဗာပူးလ်အသင်းက Super Come Back နဲ့ ဘာစီလိုနာအသင်းကို ၄ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ် ဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ပ-ကျော့ မှာ ၃-၀ ဖြင့်ရှုံးနိမ့်ခဲ့ပေမယ်အိမ်ကွင်းမှာအံ့အားသင့်ဖွယ် ၄-၀ ဖြင့်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းမှာအားထားရတဲ့ ကစားသမားတွေဖြစ်တဲ့ ဆာလက် နဲ့ဖာမီနို တို့မပါဝင်ခဲ့ပေမယ့်အိုရီဂီ ၊ ဝန်နယ်ဒန် ၊အာနိုး တို့အထူးခြေစွမ်းပြကာ ဘာစီလိုနာအသင်းကိုအနိုင်ယူပြနိုင်ခဲ့တာဖြစ်ပါတယ်။
>> Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ >>
လီဗာပူးလ်အသင်းက ပွဲအစကတည်းက မြန်နှုန်းမြင့်ကစားထားပြီး ပွဲချိန် ၇ မိနစ်မှာတင်အိုရီဂီရဲ့ဂိုးနဲ့ ဦးဆောင်ဂိုးစတင်ရရှိခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ရောဘတ်ဆန်ကို ဝယ်နယ်ဒန်နဲ့လူစားလဲခဲ့ပါတယ်။ နည်းပြ ကလော့ရဲ့ လူစားလဲမှုမှန်ကန်တယ်လို့ ပြောလို့ရပြီး လူစားလဲပြီး ၁၁ မိနစ်အကြာမှာတင် ဝယ်နယ်ဒန်က သွင်းဂိုး ၂ ဂိုး ရယူခဲ့ပါတယ်။ နှစ်ကျော့ပေါင်း ၃-၃ ဖြစ်နေချိန်မှာ ဘာစီလိုနာအသင်းက ကော်တင်ဟိုကို နှုတ်ပြီ ဆီမီဒို ကိုထည့်သွင်းခဲ့ပေမယ် လီဗာပူးလ်အသင်းရဲ့ ပြင်ထန်တဲ့ တိုက်စစ်ကို တားစီးနိုင်ခဲ့ခြင်းမရှိပါဘူး။
ပွဲချိန် ၇၉ မှာ လီဗာပူးလ်အသင်းရဲ့ညာနောက်ခံကစားသမားလေးအာနိုးရဲ့ပါးနပ်တဲ့ ထောင့်ကန်ဘောကြောင့် လီဗာပူးလ်အသင်းဟာ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မဲ့အဆုံးအဖြတ် ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ မက်စီအပါအဝင် လူစုံတက်စုံပါဝင်လာခဲ့ပေမယ့် လိုအပ်တဲ့အဝေးဂိုး ၁ ဂိုးတောင်ရအောင်စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိပါဘူး။
လီဗာပူးလ်အသင်းရဲ့ ကြောက်စရာကောင်းတဲ့ come back ကြောင့် ဘာစီလိုနာအသင်းဟာ နှစ်ကျော်ပေါင်း ၄-၃ နဲ့ ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံပြိုင်ပွဲမှ ထွက်ခဲ့ရပါတယ်။လီဗာပူးလ်အသင်းကတော့ ၂ နှစ်ဆက် ချန်ပီယံဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။
ဟိုက်လိုက်ကြည့်ရန်