
မြန်မာ့ဂုဏ်ဆောင် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ မောရစ်သျှနိုင်ငံတွင် ကျင်းပသည့် International Series ကြက်တောင်ရိုက်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ချန်ပီယံဆုကို ဆွပ်ခူးနိုင်ခဲ့ပါတယ်။ သူမဟာအသက်ငယ်ပေမယ့် နိုင်ငံတကာ ပြိုင်ပွဲများတွင်အတွေ့အကြုံကောင်းတွေ ရရှိထားသူတစ်ဦး ဖြစ်ပါတယ်။အဆိုပါ ပြိုင်ပွဲတွင်အိမ်ရှင် မောရစ်သျှ ၊ မလေးရှား ၊အိန္ဒိယ ၊ စတဲ့ ကစားသမားတွေကို ဖြတ်ကျော်ခဲ့ပြီးနောက် ဖိုင်နယ်တွင် ဖင်လန်ကစားသမား ကိုအနိုင်ယူပြီး ဗိုလ်စွဲခဲ့ခြင်း ဖြစ်ပါတယ်။
ပြိုင်ပွဲ ပထမအဆင့်တွင်အိမ်ရှင်မောရစ်သျှ ကစားသမားကို ၂၁-၃ မှတ် ၊ ၂၁-၁၀ ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဒုတိယအဆင့်တွင့် မလေးရှားကစားသမား ရာဒီကာရီရှာနန်ကိုလည်း ၂၁-၁၉ မှတ် ၊ ၂၁-၁၂ ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့ပါတယ်။ကွာတားဖိုင်နယ်အဆင့်တွင်အိမ်ရှင်မောရစ်သျှကစားသမားနဲ့တွေ့ဆုံခဲ့ပြီး ကိတ်ဖိုကူနီကို ၂၁-၁၉ မှတ် ၊၂၁-၁၆ တို့ဖြင့် နှစ်ပွဲပြတ်ဖြင့် ဖြတ်ကျော်နိုင်ခဲ့ပါတယ်။
ဆီးမီးဖိုင်နယ်အဆင့်မှာအိန္ဒိယကစားသမား ချူကာကို သုံးပွဲမြောက်အထိ ခက်ခက်ခဲခဲကစားခဲ့ရပြီး ၁၃-၂၁ မှတ်၊ ၂၁-၁၉ မှတ်၊ ၂၁-၁၆ မှတ်၊ (၂-၁) ဖြင့်အနိုင်ရရှိခဲ့ပြီး ဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ သက်ထားသူဇာဟာ ဗိုလ်လုပွဲတွင် ဖင်လန်ကစားသမားအီရီမစ်ကီလာနှင့်တွေဆုံခဲ့ပြီး သူမကို ၂၁-၁၀ မှတ်၊ ၂၁- ၁၉ မှတ်ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိကာအနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။
မြန်မာဂုဏ်ဆောင် သက်ထားသူဇာ နိုင်ငံတကာပြိုင်ပွဲများတွင်အောင်မြင်မှုများရရှိထားသူတစ်ဦးဖြစ်ပြီး ယူဂန္ဓာနိုင်ငံတွင်ကျင်းပသည့် International Series ပြိုင်ပွဲနှင့် ကင်ညာနိုင်ငံတွင်ကျင်းပသည့် Future Series ပြိုင်ပွဲတွင် ချန်ပီယံဆုများကို ရယူနိုင်ခဲ့ပါတယ်။ သူမဟာ ၂၀၁၈အောက်တိုဘာမှ ၂၀၁၉ ဇွန်လအထိ နိုင်ငံတကာပြိုင်ပွဲများမှ ချန်ပီယံဆု လေးကြိမ်၊ ဒုတိယဆု တစ်ကြိမ်ရရှိထားပါတယ်။