အယ်ကလက်စီကိုရဲ့ လုံခြုံရေးကို စိုးရိမ်နေတဲ့ ရီးရဲလ်နည်းပြ ဇီဒန်း
ballonestar.com
|
2019-12-18


ရီးရဲမက်ဒရစ်နည်းပြ ဇီဒန်းကတော့ ဘာစီလိုနာမှာ ကစားရမယ့် အယ်ကလက်စီကိုရဲ့ ကွဲပြားနေတဲ့ အခြေအနေက သူ့အသင်းပေါ် သက်ရောက်မှု မရှိစေရဘူးလို့ ပြောသွားခဲ့ပါတယ်။ လုံခြုံရေး အခြေအနေအရ ရီးရဲလ်မက်ဒရစ်ရော ဘာစီလိုနာရော နူးကမ့်အနီးက ဟိုတယ်တစ်ခုတည်းမှာသာ တည်းခိုခဲ့ကြပြီး ပွဲစဖို့ ၂ နာရီအလိုလောက်မှ ဟိုတယ်ကနေ ထွက်ခွာကြမှာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ ကစားရမယ့် လာလီဂါ ပွဲစဉ်ဟာ ပုံမှန်ဆိုရင် အောက်တိုဘာလကတည်းက ကစားရမှာဖြစ်ပေမဲ့ကတ်တလန်ဒေသမှာ ဖြစ်ပေါ်နေတဲ့ ဆူပူမှုတွေကြောင့် လုံခြုံရေး လိုအပ်ချက်အရ ရွှေ့ပြောင်း ကစားခဲ့ရတာဖြစ်ပါတယ်။ လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုတွေကတော့ ရှိနေတုန်းပဲမို့လို့ ပိုများတဲ့ လုံခြုံရေး အစီအစဉ်တွေကိုလည်း ပြုလုပ်ထားရပါတယ်။ နူးကမ့်ကွင်းကြီးနဲ့ အနီးဆုံး ဟိုတယ်ဖြစ်တဲ့ Hotel Princesa Sofia မှာပဲ နှစ်သင်းစလုံး တည်းခိုခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ ဇီဒန်းကတော့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ"ကျွန်တော်တို့အတွက် ကွဲပြားတဲ့ အခြေအနေ တစ်ခုပါပဲ။ ဟိုတယ်ကနေလည်း အတူတူထွက်ခွာရမယ်လို့ ကျွန်တော်တို့ကို အသိပေးထားတယ်။ ရှင်းပြနေစရာအကြောင်းတော့ မရှိပါဘူး။ ကစားပွဲကသာ အရေးအကြီးဆုံး အရာပါ။ ကွင်းထဲမှာ အကောင်းဆုံး ခြေစွမ်းပြကစားပြီး သူတို့ကို အသာစီးရယူနိုင်ဖို့ကသာ အဓိကပါ။ မနက်ဖြန်ပွဲကို အနိုင်ကစားနိုင်ဖို့ လိုပါတယ်"ဒီပွဲစဉ်ဟာ နှစ်သင်းစလုံးအတွက် လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးကို တက်လှမ်းနိုင်ဖို့အတွက် အရေးပါတဲ့ ပွဲစဉ်တစ်ပွဲလည်း ဖြစ်ပါတယ်။ဘာစီလိုနာအသင်းကတော့ ဂိုးကွာခြားချက် အသာနဲ့ ဇယားထိပ်ဆုံးမှာ ရပ်တည်နေခဲ့ပါတယ်။ ဒါပေမဲ့ ရီးရဲလ်တို့ကတော့ ပြီးခဲ့တဲ့ရာသီက နူးကမ့်မှာ ၅-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲက အရှုံးရလဒ်ကို ပြန်လည် ချေဖျက်နိုင်ဖို့ မျော်လင့်နေပါတယ်။ ဇီဒန်းက"ပွဲကို အကောင်းဆုံးပုံစံနဲ့ ရင်ဆိုင်သွားမှာပါ။ အခုချိန်မှာ တော့ အကေင်းဆုံး ပြန်လည် ရင်ဆိုင်နိုင်နေပြီ ဖြစ်လို့ အဘက်ဘက်က ရလဒ်ကောင်းထွက်လာအောင် ကြိုးစားသွားမှာပါ။ အသင်းရဲ့ စိတ်ဓာတ်ပိုင်းရော ခြေစွမ်းပိုင်းပါ အကောင်းဆုံးမှာ ရှိနေစေရပါမယ်။ ကျွန်တော်တို့လည်း နိုင်ပွဲရတဲ့ အချိန်တွေကို သဘောကျပါတယ်။ မနက်ဖြန်ညပွဲကို အားလုံးက အာရုံစိုက်ထားပါတယ်။ ကစားပွဲထဲရောက်ရင် အကောင်းဆုံး မိနစ် ၉၀ ကို မြင်တွေ့စေရပါမယ်။ ဒီပွဲက အကောင်းဆုံး ပွဲတစ်ပွဲ ဖြစ်လာမှာ သေချာပါတယ် "လို့ ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။


#နူးကမ့်
#ဇီဒန်း
#ပွဲ
#ဟိုတယ်
#ပွဲစဉ်

Some text some message..