“VAR က ဘောလုံးလောကကို သတ်နေသလိုပါပဲ” မော်ရင်ဟို
ballonestar.com
|
2019-12-24


စပါးအသင်းနည်းပြ မော်ရင်ဟိုကတော့ ချဲလ်ဆီးအသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အနီကတ်ပြသခံခဲ့ရတဲ့ ဆွန်ဟောင်မင်ရဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး VAR က ကမ္ဘာ့အကောင်းဆုံးလိဂ်တစ်ခုကို သတ်နေတယ်လို့ ယုံကြည်နေပါတယ်။တိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ ချဲလ်ဆီး အသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ နောက်ခံလူ ရူဒီဂါကို ဘောလုံးမပါပဲ ကန်ခဲ့တာကြောင့် အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။ပွဲကစားချိန် ၆၂ မိနစ်မှာ ဆွန်ဟောင်မင်တစ်ယောက် ရူဒီဂါကို ကန်ခဲ့ကာ  အဆိုပါဖြစ်ရပ်ကို ကွင်းလယ်ဒိုင် အန်တိုနီတေလာက ခွင့်မပြုခဲ့ပေမယ့် ဗီဒီယိုအကူဒိုင် ပေါလ်တီယာနေးက ကြားဝင်ခဲ့တာ ဖြစ်ပါတယ်။“ဆွန်ရဲ့အခြေအနေမှာ တီယာနေးရဲ့လုပ်ရပ်က မှားတယ်လို့ထင်ပါတယ်။ ဒါက အင်္ဂလန်ပါ။ ကမ္ဘာ့အကောင်းဆုံး လိဂ်တစ်ခုပါ။ အခုလိုလုပ်ရပ်တွေက ကမ္ဘာ့အကောင်းဆုံး လိဂ်တစ်ခုကို သတ်နေသလိုပါပဲ”လို့ မော်ရင်ဟိုက ပြောပါတယ်။“ပေါလ်တီယာနေးလ်ရဲ့ဆုံးဖြတ်ချက်ကြောင့် ကွင်းလယ်ဒိုင် အန်တိုနီတေလာက ဆုံးဖြတ်ချက်ပြောင်းခဲ့တာပါ။ VAR က ဘောလုံးပွဲတွေကို အထောက်အပံ့ပေးဖို့ပါ။ ပြီးတော့ ကွင်းထဲက ဒိုင်တွေရဲ့ ဖြစ်ရပ်ကို ထောက်ပံ့ပေးဖို့ပါ။ ဆွန်ရဲ့ဖြစ်ရပ်က ဘောလုံးလောကို သတ်နေသလိုပါပဲ”လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။ချဲလ်ဆီး အသင်းကို အရေးနိမ့်ခဲ့တဲ့ စပါးအသင်းဟာ အဆင့် ၄ နေရာနဲ့ ရမှတ် ၆ မှတ် အထိ ကွာဟခဲ့တာ ဖြစ်ပါတယ်။နည်းပြ မော်ရင်ဟိုဟာ ပိုချက်တီနိုကို ထုတ်ပယ်ပြီးနောက် စပါးအသင်းကို ကိုင်တွယ်ခဲ့ပေမယ့် ရလဒ်တွေဆိုးဝါးနေဆဲဖြစ်ကာ ၃ ပွဲ အထိ အရေးနိမ့်ခဲ့ပါတယ်။စပါးအသင်းဟာ ပရီးမီးယားလိဂ် ၁၈ ပွဲမှာ ပေးဂိုးမရှိပွဲစဉ် ၂ ပွဲသာ ရှိခဲ့ပါတယ်။“ကျွန်တော်တို့ လိုအပ်ချက်တွေရှိနေဆဲဆိုတာ လက်ခံပါတယ်။ အဲ့အတွက်လည်း ၁၀၀ % အပြည့် အာရုံစိုက်နေပါတယ်။ ကစားသမားတွေကလည်း ရှုံးနိမ့်မှုတွေအတွက် စိတ်မကောင်းဖြစ်နေကြပါတယ်။  ကျွန်တော်တို့ အတွက် အချိန်လိုပါတယ်”လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။


#မော်ရင်ဟို
#အသင်း
#မင်
#ပွဲစဉ်
#ကွင်းလယ်

Some text some message..