လမ်းပတ်ကို ကျော်တက်ပြီး ပရီးမီးယားလိဂ် သမိုင်းကြောင်းတစ်လျောက် သွင်းဂိုး အများဆုံး ကစားသမားစာရင်းမှာ အဆင့် ၄ အထိ ရောက်ရှိသွားတဲ့ အဂူရို
ballonestar.com
|
2020-01-20


ပဲလေ့နှင့်ကစားခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူပြီနောက် အဂူရိုဟာ ပရီးမီးယားလိဂ်သမိုင်းကြောင်းရဲ့ သွင်းဂိုးအများဆုံး ကစား သမားစာရင်းမှာ ချဲလ်ဆီအသင်းရဲ့ ဂန္တဝင်ကစားသမား လမ်းပတ်ကို ကျော်တက်သွားနိုင်ခဲ့ပါပြီ။ပြီးခဲ့တဲ့ ရက်သတ္တပတ်က အက်စတွန်ဗီလာအား ၆-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူခဲ့ပြီးနောက် အာဂျင်တီး နားနိုင်ငံသားဟာ လက်ရှိရာသီ ပရီးမီယားလိဂ်မှာ သွင်းဂိုးအများဆုံး ကစားသမားဖြစ်လာခဲ့ပြီး အွန်နရီရဲ့ စံချိန်ကို ကျော်ဖြတ်ကာ ပရီးမီးယားလိဂ်ရဲ့ သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူထားတဲ့ နိုင်ငံခြားသား ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။ ဟက်ထရစ်သွင်းယူမှုတွင်လည်း အလန်ရှိးယားကို ကျော်ဖြတ်ကို ပရီးမီးယားလိဂ်ရဲ့ ဟက်ထရစ်အများဆုံး သွင်းယူထားတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။မန်စီးတီးဟာ တိုဆန်ရဲ့ဂိုးကြောင့် ပဲလေ့အသင်းရဲ့ ဦးဆောင်မှုကိုခံခဲ့ရပြီး အဂူရိုကတော့ အသင်းအတွက် ခြေပဂိုး နှင့် ဦးဆောင်ဂိုးများကို သွင်းယူပေးခဲ့ပါတယ်။၆ မိနစ်အတွင်း ၂ ဂိုး သွင်ယူခဲ့တဲ့ အဂူရိုဟာ မန်စီးတီးအတွက် သွင်းဂိုး ၂၅၁ ဂိုး အထိရှိလာခဲ့ပြီး ပရီးမီးယားလိဂ် သွင်းဂိုးကတော့ ၁၇၉ ဂိုး အထိ ရှိပြီဖြစ်ပါတယ်။ဒါကြောင့် သူဟာ စံချိန်အသစ်တစ်ခုထပ်မံတင်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်သမိုင်းကြောင်းတစ်လျှောက်ရဲ့ သွင်းဂိုး အများဆုံး ကစားသမားစာရင်းမှာ လမ်းပတ် (၁၇၇ ဂိုး) ကိုကျော်ဖြတ်ပြီး အဆင့် ၄ နေရာသို့ ရောက်ရှိခဲ့တာ ဖြစ်ပါ တယ်။အဂူရိုရဲ့ရှေ့မှာ ရပ်တည်နေတဲ့ သွင်းဂိုးအများဆုံး ကစားသမားတွေကတော့ အန်ဒီကိုးလ် (၁၈၇ ဂိုး)၊ ရွန်းနီ (၂၀၈ ဂိုး) နှင့် အလန်ရှီးယား ( ၂၆၀ ဂိုး) တို့ပဲဖြစ်ကြပါတယ်။ပွဲအပြီးနောက်မှာတော့ အသက် ၃၁ နှစ် အရွယ်ကစားသမားဟာ အသင်းဖော် မန်ဒီရဲ ချီးကျူးပြောဆိုချင်းကိုလည်း ခံခဲ့ရပါတယ်။''အဂူရိုဆိုတာက ကမ္ဘာကအသိအမှတ်ပြုရမဲ့ တိုက်စစ်မှုးပါ။အသင်းမှာ သူ့လိုကစားသမားရှိတဲ့ အတွက် ပျော်ရွင်မိ ပါတယ်။ ကျွန်တော်တို့က ဒီအတိုင်းဆက်သွားနေမှာပါ '' လို့ မန်ဒီကပြောပါတယ်။


#ဂိုး
#သွင်းဂိုး
#ကစားသမား
#ပရီးမီးယားလိဂ်
#ဂူ

Some text some message..