မက်ဒရစ်မှာ ရော်နယ်ဒိုခြေစွမ်းပြခဲ့သလိုမျိုး ကိုင်လီမက်ပီက လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်လို့ မက်မန်နာမန်းက ပြောဆိုလိုက်ပါတယ်။စပိန်သို့ပြောင်းရွှေ့ဖို့ သတင်းတွေထွက်နေတဲ့ ပီအက်စ်ဂျီတိုက်စစ်မှုးကတော့ သတင်းတွေကို ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ကမ္ဘာ့ဖလားကိုရရှိထားတဲ့ ကစားသမားဟာ မက်ဒရစ်နှင့် သင့်တော်တဲ့ ကစားသမားဖြစ်ပြီး အသက်၂၀ အရွယ် သာ ရှိသေးတဲ့ ကိုင်လီမက်ပီဟာ အလားအလာတွေ အများကြီးရှိနေတာ ဖြစ်ပါတယ်။တိုက်စစ်မှုးအား ဘာနေဗျူးသို့ ခေါ်ယူနိုင်မည့် အခွင့်အရေးကိုလည်း မက်ဒရစ်က ကြိုဆိုနေမှာ ဖြစ်ပါတယ်။မက်ဒရစ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်တဲ့ ရော်နယ်ဒို့အတိုင်း အမ်ဘာပီက လုပ်ဆောင်နိုင်မှာဖြစ်တဲ့ အတွက်ကြောင့် သူ့ရဲ့အသင်းဟောင်းက လိုချင်နေတာဖြစ်တယ်လို့ မက်မန်နာမန်းက ပြောဆိုလိုက်ပါတယ်။ပြင်သစ်နိုင်ငံသားက ပေါ်တူဂီနိုင်ငံသားအတိုင်း လုပ်ဆောင်နိုင်မှာလားလို့မေးရာတွင် '' အဲ့ဒီအတိုင်း လုပ်နိုင်မယ်လို့ ကျွန်တော်ထင်ပါတယ် '' လို့ HorseRacing.net သို့ ပြန်ဖြေသွားခဲ့ပါတယ်။'' လက်ရှိ မက်ဆီနှင့်ရော်နယ်ဒိုတို့လိုပဲ နောက်ပိုင်းနှစ်တွေမှာ သူက စူပါစတားတစ်ယောက် ဖြစ်လာမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့အားလုံး မျှော်လင့်ထားခဲ့သလိုမျိုး ပီအက်စ်ဂျီမှာ နေမာက မလုပ်နိုင်ခဲ့ပါဘူး၊ ကိုင်လီမက်ပီက လူငယ်ကစားသမားဖြစ်ပြီး သူဟာ နောက်ထပ် စူပါစတားဖြစ်လာမည့် ကစားသမား တစ်ယောက် ဖြစ်ပါတယ်လို့ ထင်ပါတယ်။ မက်ဒရစ်က သူ့ကို အရမ်းလိုချင်နေတာပါ၊ သူ့ကိုခေါ်ယူဖို့အတွက် ငွေကြေးများစွာသုံးစွဲရမှာဖြစ်တယ် ဆိုတာကို မက်ဒရစ်က သိနေတာဖြစ်ပြီး သူ့ကိုရရှိခဲ့ရင်လည်း လစာတွေ အများကြီးပေးချေရမှာ ဖြစ်ပါတယ် '''' သူ့ကိုခေါ်ယူဖို့အတွက် ငွေကြေးများစွာ သုံးစွဲခဲ့ရင်လည်း လက်ရှိ မန်စီးတီးအသင်း ရင်ဆိုင်နေရတဲ့ ပြဿနာမျိုးကို စတင် ရင်ဆိုင်ရနိုင်ပါတယ်။ စတားကစားသမားတွေ အသင်းမှာရှိနေရင်လည်း အရာအားလုံးက ပြည့်စုံနေတာ မဟုတ်ပါဘူး။ အသင်းသို့ အခြားကစားသမားအသစ် ခေါ်ယူလိုက်ရင်လည်း အခြား ကစားသမားတွေကလည်း အသင်းမှ ထွက်သွားနိုင်ပါတယ်။ အဲ့ဒီအပြောင်းအရွှေ့ကို လုပ်ဆောင်နိုင်မလား ဆိုတာက အရမ်းကို စိတ်ဝင်စားဖို့ကောင်းပါတယ် ''လို့ မက်မန်နာမန်းက ပြောပါတယ်။