Messages များနည်းတူ Viber မှာ React တွေ ပါဝင်လာတော့မှာလား
ictdirectory.com.mm
|
2020-10-01

တခါတလေမှာ စာတွေ ရိုက်မနေတာ့ပဲ React ကိုသုံးပြီး စာပြန်လိုက်တာက အဓိပ္ပာယ် ပိုရှိပြီး ပိုလည်း မြန်တယ်။ အဲဒီလို လုပ်ဖို့အတွက် React ကို Viber မှာ စီစဉ်ပေးလိုက်တယ်။


အဲဒါအပြင် တခြားလုပ်လို့ ရတာတွေလည်း ၂၀၂၀ ခုနှစ်အတွင်းမှာ ဖြည့်ထည့်ပေးခဲ့တာ တွေ့ရတယ်။


Quiz-mania


Tap Polls icon > toggle Quiz mode on


တခြားသူတွေမှာ ဗဟုသုတ ဘယ်လို ရှိသလဲဆိုတာ မေးမြန်းဆန်းစစ်လို့ ရတယ်။


My Notes


ပို့လိုက်တဲ့ messages တွေကို “My Notes” ထဲမှ သိမ်းထားပြီး ပြန်သိချင်တဲ့အခါ ကြည့်လို့ ရတယ်။ ဘယ်တုန်းက ဘာတွေ ပို့ထားခဲ့သလဲ။ ဘာပြောခဲ့သလဲဆိုတာ အလွယ်တကူ သိမ်းဆည်းဖို့ အဆင်ပြေတယ်။ တစ်ယောက်ချင်း ချပ် လုပ်ပြီး ပြောကြတဲ့အခါ message ကို Pin လုပ်ထားပြီး ပြန်ကြည့်လို့ ရအောင် စီမံထားနိုင်တယ်။


ကိုယ်ရေးကိုယ်တာ မပေါက်ကြားဖို့အတွက်ကတော့ ဆက်တင်မှာ ဝင်ချိန်လို့ ရတယ်။ Tap Settings > Privacy > Control Who Can Add You To Groups


ပို့ထားတဲ့ Messages တွေ သက်တမ်း တစ်ရက်ကြာပြီးချိန် အလိုလို ဖျက်ပစ်ပေးခိုင်းဖို့အတွက်လည်း Disappearing Messages ကို သုံးလို့ရတယ်။


အမည်းနောက်ခံ dark mode ကို သုံးချင်ရင်တော့ Tap More > Settings > Appearance > Auto Theme


iPhone မှာ messages တွေ အစုလိုက်အပြုံလိုက် ဖျက်ပစ်ချင်ရင် ကိုယ်ပို့ထားတာ ဖြစ်ဖြစ် သူများ ပို့ထားတာ ဖြစ်ဖြစ် messages တွေကို တစ်ချက်တည်းနဲ့ ဖျက်ချပစ်လို့ရတယ်။


iPhone မှာ နောက်ထပ် လုပ်လို့ရတာ တစ်ခုက ဓာတ်ပုံကို အခြေတည်ပြီး sticker တွေကို စိတ်ကြိုက်ဖန်တီးတာ ဖြစ်တယ်။ အကြီးအသေး ချိန်လို့ ရတယ်။ စာသားတွေ doodle တွေနဲ့ အလှဆင်လို့ရတယ်။


iPhone မှာ group chat ကို အလွယ်တကူ ခေါ်လို့ရပြီး အယောက် ၂၀ အထိ တစ်ပြိင်နက်တည်း group chat လုပ်လို့ရတယ်။ group chat ထဲမှ top iconကို ထိပြီး လူတွေရွေးချယ်သတ်မှတ်ပေးပြီး group chat ခေါ်လိုက်လို့ ရတယ်။


Android မှာ ဓာတ်ပုံတွေ ဗီဒီယိုတွေ လင့်တွေ ဖိုင်တွေကို chat media gallery ထဲမှာ အမျိုးအစားအရ ရွေးထုတ်လို့ရတယ်။ ကိုယ်ရှာနေတာ တွေ့ရဖို့အရေး အမျိုးစုံ ရောနှောနေတဲ့အထဲ ဟိုးအောက်အထိ ဆင်းရှာနေရတာ သက်သာစေတယ်။


Android မှာ လုပ်လို့ရတာ တစ်ခုက ဗီဒီယိုတစ်ခု လက်ခံရရှိရင် ချက်ချင်း ဖွင့်ကြည့်လို့ရတယ်။ ဖုန်းထဲ ရောက်လာဖို့ ဒေါင်းနေတာကို စောင့်ဖို့ မလိုဘူး။


By Aung Win

Source: Rakuten Viber

#Notes
#ဆက်တင်
#အမျိုးစုံ
#ကိုယ်ရေးကိုယ်တာ
#ဗီဒီယို

Some text some message..