
အွန်လိုင်းမှတစ်ဆင့် ငွေပေးချေမှုများ ပြုလုပ်လိုပါက အသုံးပြုမည့် MPU Card သည် E -commerce လျှောက်ထားတဲ့
Card ဖြစ်ရပါမယ်။
E- commerce Account ဖွင့်မည်ဆိုပါက E-commerce လက်ခံသော MPU အဖွဲ့ဝင်ဘဏ်များတွင်လျှောက်ထားနိုင်သလို Online တွင်လည်း လျှောက်ထားနိုင်ပါတယ်။
Online မှတစ်ဆင့်လျှောက်မည်ဆိုပါက အောက်ပါ Link ကို ထိလိုက်ပါ။
https://www.mpu-ecommerce.com/Payment/OnlineEnrollment/Check
E-commerce Enrollment လုပ်မည်ဆိုပါက..
1. Card Number နေရာတွင် မိမိအသုံးပြုလိုသောကတ်၏ နံပါတ်ကို ရိုက်ထည့်ပါ။
2. ပြီးလျှင် Check and continue Button ကို နှိပ်ပါ။
3. နှိပ်ပြီးပါက Card Expiry နေရာတွင် Card မှာပါတဲ့ VALID THRU ဘေးကနံပါတ်( Expire Date) ကိုဖြည့်သွင်းပေးပါ။
4. Name နေရာတွင် Card ပိုင်ရှင်၏အမည်ကို ဖြည့်သွင်းပါ။
5. Email နေရာတွင် မိမိ၏အမြဲသုံးနေကျ (e-mail or G-mail)ကိုရိုက်ထည့်ပေးပါ။(E-mail or G-mail အကောင့်ရှိမှသာလျှင် E-commerce အသုံးပြုနိုင်မည်ဖြစ်သည်)အသုံးပြု၍ ရသည့်အခါ ဖုန်းနှင့်
E mail သို့ ကုတ်ပေးပို့ပါမယ်။
6. Date of Birth နေရာတွင် မိမိ၏ မွေးနေ့ကို မှန်ကန်စွာ ရွေးချယ်ပြီးထည့်ပေးပါ။
7. NRC နေရာတွင် မိမိ၏နိုင်ငံသားကတ်နံပါတ် ကို ရိုက်ထည့်ပေးရပါမည်။
8. Enter the text shown above နေရာတွင် ၎င်း၏အပေါ်တွင်လေးထောင့်ကွက်ဖြင့်ဖော်ပြထားသော (Captcha)စာလုံးအမဲများကို ရိုက်ထည့်ပေးပါ။ (မသဲကွဲပါက စာလုံးအမဲဘေးတွင်ရှိသောမြားအကောက်လေးကို နှိပ်ပါ၊ ပုံအသစ်တစ်ခု ပြောင်းပေးပါလိမ့်မယ်)
9. I declare that above information is correct. ထိပ်မှ လေးထောင့်ကွက် ကို အမှန်ခြစ်ပေးပါ။(မိမိဖြည့်ထားသောစာများ မှန်ကန်ကြောင်းစစ်ဆေးပြီးမှ အမှန်ခြစ် ခြစ်ပေးပါ)
10. ပြီးပါက SUBMIT NOW Button ကိုနှိပ်ပါ။
MPU E-commerce Register ပြုလုပ်ခြင်းအောင်မြင်စွာ လျှောက်ထားလိုက်ပြီ ဖြစ်ပါတယ်။
ဘဏ်၏ ပေါ်လစီအရ သုံးရက်ခန့်ကြာမြင့်နိုင်ပါတယ်။
အကယ်၍ မရလျှင် ကိုင်ဆောင်ထားသည့် ကဒ်၏ ဘဏ်ကို တိုက်ရိုက်မေးလ်ပို့လို့လည်းရနိုင်ပါတယ်။
ကတ်မှာ ဘဏ်ရဲ့ ဝဘ်ဆိုက်လိပ်စာ ဖော်ပြထားပါတယ်။ ဝဘ်ဆိုက်ထဲ ဝင်ကြည့်ပြီး အီးမေးလ်ကို သိနိုင်ပါတယ်။ စုံစမ်းရန် ဖုံးနံပါတ်တွေကိုလည်း တစ်ပါတည်း မှတ်သားထားသင့်ကြောင်း အကြံပြု တင်ပြအပ်ပါတယ်။