
OPPO အနေနဲ့ လွန်ခဲ့တဲ့ April လမှာ သူတို့ရဲ့ F-Series ထဲက ဖုန်းအသစ်လုံးဖြစ်တဲ့ F15 ကိုမိတ်ဆက်ခဲ့ပါတယ်။ အခုမှာတော့ OPPO ကနေ F17 Series အသစ်ကို ကျွန်တော်တို့မြန်မာကိုမကြာခင်မှာ မိတ်ဆက်လာတော့မယ်လို့ Facebook Page ကနေတရားဝင်ကြေညာလိုက်ပါပြီ။
ဒီ F17 Series ထဲမှာ OPPO F17 ၊ OPPO F17 Pro ဆိုပြီး ဖုန်းနှစ်လုံးပါဝင်ထားပါတယ်။ ဆိုတော့ ဖုန်းနှစ်လုံးစလုံးရဲ့ Specs တွေကိုသွားကြည့်လိုက်ရအောင်…
OPPO F17 Pro
OPPO F17 Pro ရဲ့အလေးချိန်ဟာ 164 grams ပဲရှိတဲ့အတွက် F Series ထဲမှာ အပေါ့ဆုံးဖုန်းလို့ပြောလို့ရပါတယ်။ နောက်ပြီး ဖုန်းရဲ့အထူဟာ 7.48mm ပဲရှိတဲ့အတွက် 2020 ထွကိ ဖုန်းတွေထဲမှာ တော်တော်လေးပါးတဲ့ဖုန်းလို့ပြောလို့ရပါတယ်။
Design ပိုင်းအနေနဲ့ ဖုန်းမှာ Dual Front Camera အတွက် Dual Punch-hole Display ကိုသုံပေးထားပြီး ကျောက်ဘက်မှာတော့ စတုရန်းပုံ ကင်မရာထဲမှာ ကင်မရာလေးလုံးတပ်ဆင်ပေးထားပါတယ်။ဖုန်းရဲ့ ပါဝါခလုတ်ကိုတော့ ဖုန်းရဲ့ညာဘက်မှာတပ်ဆင်ပေးထားတာကိုတွေ့ရပြီး Sim Tray နဲ့ Volume ခလုတ်ကိုတော့ ဖုန်းရဲ့ဘယ်ဘက်မှာတပ်ဆင်ပေးထားတာကိုတွေ့ရမှာပါ။ ထုံးစံအတိုင်း 3.5mm Headphone Jack ၊ Speaker ပေါက်နဲ့ USB အပေါက်ကိုဖုန်းရဲ့ အောက်ခြေမှာတပ်ဆင်ပေးထားပါတယ်။
Display အတွက်ဖုန်းမှာ 6.43-inches Full HD+ (2400 x 1080 pixels) resolution ရှိတဲ့ Super AMOLED display ကိုသုံးပေးထားပါတယ်။ ဒီမှာ High Refresh Rate တော့ပါလာခြင်းမရှိပါဘူး။ ပုံမှန် 60Hz Refresh Rate ပါပဲ
AMOLED DISPLAY သုံးထားပေးတာမို့လို့ ဖုန်းမှာ Under Display Fingerprint Scanner ပါလာပါတယ်။Performance မှာတော့ MediaTek Helio P95 Processor နဲ့အားဖြည့်ပေးထားပြီး8GB RAM ၊ 128GB UFS 2.1 storage နဲ့တွဲပေးထားပါတယ်။
နောက်ထပ် ဖုန်းမှာ ပိုမိုကောင်းမွန်တဲ့ Gaming Experience ရစေဖို့ MediaTek HyperEngine Tech ကိုလည်းထည့်ပေးထားပါတယ်။ဒီ Helio P95 Chipset ဟာ 5G Chipset မဟုတ်တဲ့အတွက် ဖုန်းဟာ 5G တော့ မရပါဘူး။ Software ပိုင်းမှာ Android 10 အပေါ်အခြေခံထားတဲ့ Color OS 7.2 နဲ့ Run ပေးထားပါတယ်။
Camera အတွက် Quad Camera Setup ထဲမှာ 48MP Samsung GM1ST f/1.7 primary camera ၊ 8MP f/2.2 ultrawide angle camera ၊ 2MP f/2.4 camera ၊ 2MP f/2.4 mono camera တို့ကိုတပ်ဆင်ပေးထားပါတယ်။ Selfie မှာတော့ 16MP Sony IMX471 Main Selfie camera ကို 2MP f/2.4 depth camera နဲ့တွဲပေးထားပါတယ်။
Camera Features တွေအနေနဲ့ Fun Portrait modes ၊ 4K video ၊ Bokeh Video ၊ Slow-motion Video စတဲ့ Features အစုံပါဝင်ထားပါတယ်။နောက်ဆုံး Battery မှာတော့ 30W VOOC Flash Charge 4.0 fast charging technology ထောက်ပံ့ပေးထားတဲ့ 4015mAh battery ပါဝင်ထားပါတယ်။ ဒီ 30W VOOC Flash Charge ကြောင့် ဖုန်းကို အားအပြည့်သွင်းတဲ့အခါမှာ 53 minutes ပဲကြာမယ်လို့ OPPO ကဆိုထားပါတယ်။
OPPO F17 Pro ရဲ့ဈေးကတော့ မြန်မာငွေ ၄ သိန်း ၂ သောင်းဝန်းကျင်ခန့် နဲ့ မြန်မာဈေးကွက်ထဲကိုရောက်လာနိုင်ပါတယ်။ အရောင်အနေနဲ့ Matte Black ၊ Magic Blue ၊ Metallic White. ဆိုပြီး သုံးရောင်ရွေးလို့ရမှာပါ။
OPPO F17
OPPO F17 ကတော့ ရှေ့ဘက် Design မှာ Punch-hole အစား WaterDrop Notch ပြောင်းသွားတာကလွှဲပြီး ကျန်တဲ့ Design ကတော့ OPPO F17 Pro နဲ့အတူတူပါပဲ။သူ့မှာ 6.4-inch AMOLED FHD+ Display ကိုသုံးပေးထားပြီး Snapdragon 662 Chipset နဲ့ အားဖြည့်ပေးထားပါတယ်။ ဒီ Chipset ကိုတော့ 8GB RAM ၊ 128GB Internal Storage နဲ့တွဲပေးထားပါတယ်။
Camera မှာတော့ F17 Pro ရဲ့ 48MP main sensor အစား 16MP f/2.2 camera ကိုပဲတပ်ဆင်ပေးထားပါတယ်။ ကျန်တဲ့ Cameras တွေကတော့ F17 Pro နဲ့အတူတူပါပဲ။ Battery အတွက် 30W VOOC Flash Charge 4.0 ထောက်ပံ့ပေးထားတဲ့ 4000mAh ကိုသုံးပေးထားပါတယ်။ Software ပိုင်းမှာလည်း Android 10 အပေါ်အခြေခံထားတဲ့ ColorOS 7.2 နဲ့ Run ပေးထားပါတယ်။
OPPO F17 ရဲ့ဈေးကတော့ ကျွန်တော်တို့မြန်မာကိုသုံးသိန်းခွဲဝန်းကျင်ေလာက်နဲ့ရောင်းချလာနိုင်ပါတယ်။ အရောင်အနေနဲ့ Dynamic Orange, Navy Blue, Classic Silver ဆိုပြီးရွေးချယ်လို့ရလာမှာပါ။
ဒီဖုန်းတွေရဲ့ ဈေးအတိအကျကိုတော့ OPPO ဘက်ကနေမကြာခင်မှာထုတ်ပြန်လာနိုင်ပါတယ်။
Any Call Myanmar