ဓာတုပစ္စည်းတွေမသုံးဘဲ ရေခဲသေတ္တာ အနံ့အသက်ကောင်းစေဖို့ …….
auntymay.com
|
2020-10-18

တစ်ခါတစ်လေ ရေခဲသေတ္တာထဲကို အနံ့အသက်ပြင်းတဲ့ပစ္စည်းတွေထည့်သိမ်းမိတဲ့အခါ အနံ့စွဲကျန်နေတတ်ပါတယ်။ တစ်ချို့ အနံ့ဆိုးတွေဆိုရင် ရေခဲသေတ္တာအတွင်း မျက်နှာပြင်တွေအကုန် တိုက်ချွတ်ဆေးကြောပြီးတာတောင် အနံ့ပျောက်မသွားပါဘူး။ ဒါကြောင့် ရေခဲသေတ္တာ အနံ့ဆိုးထွက်လို့စိတ်ညစ်နေသူတွေအတွက် အနံ့ပြန်ကောင်းမယ့် သဘာဝနည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကော်ဖီမှုန့်


ရေခဲသေတ္တာရဲ့အောက်ဆုံးထပ်မှာ ခြောက်သွေ့လတ်ဆတ်တဲ့ ကော်ဖီမှုန့်ကို ခွက်တစ်ခွက်ထဲထည့်ပြီး ရက်အနည်းငယ်ကြာ ထားပေးပါ။ အနံ့ဆိုးတွေအကုန်စုပ်ယူပေးပါလိမ့်မယ်။ ကော်ဖီမှုန့်အပြင် အုတ်ဂျုံအခြောက်ကိုလည်း အလားတူသုံးလို့ရပါတယ်။


pexels/Kaboompics .com

မုန့်ဖုတ်ဆိုဒါ


မုန့်ဖုတ်ဆိုဒါနဲ့ ရေဟာ သဘာဝကပေးတဲ့ သန့်ရှင်းရေးနည်းလမ်းတစ်ခုပါ။ ရေစွပ်ထားတဲ့ ရေမြုပ်တစ်ခုပေါ် မုန့်ဖုတ်ဆိုဒါဖြန်းပြီး ရေခဲသေတ္တာရဲ့အတွင်းနေရာတွေကို လိုက်သုတ်ပေးပါ။ အပေါ်မှာ ပြောပြထားသလိုပဲ မုန့်ဖုတ်ဆိုဒါကို ခွက်တစ်လုံးထဲထည့်ပြီး ရေခဲသေတ္တာအောက်ဆုံးထပ်မှာ ထားနိုင်ပါသေးတယ်။ အဲ့ဒါကို သုံးလတစ်ကြိမ် အသစ်ပြန်လဲပေးပါ။

ဗီနီဂါ


ဗီနီဂါကလည်း အသုံးဝင်တဲ့ အိမ်သန့်ရှင်းရေးပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ စပရေးဖြန်းလို့ရတဲ့ ဘူးတစ်ဘူးယူပြီး အဖြူရောင်ဗီနီဂါတစ်ဝက် ရေခပ်နွေးနွေးတစ်ဝက်ဖြည့်လိုက်ပါ။ ပြီးရင် ရေခဲသေတ္တာထဲကိုဖြန်းပါ။ ဗီနီဂါကြောင့် ရေခဲသေတ္တာထဲက အနံ့ဆိုးတွေအကုန်ထွက်သွားပါလိမ့်မယ်။ ဒါပေမဲ့ ဗီနီဂါက အနံ့ပြင်းတဲ့အတွက် သေသေချာချာပြန်ဆေးဖို့တော့ လိုပါမယ်။


pexels/Lukas

သံပရိုသီး


သံပရိုသီးကိုတစ်ဝက်ခြမ်းပြီး ရေခဲသေတ္တာထဲ ရက်အနည်းငယ်ကြာထည့်ထားပေးပါ။ ခြမ်းပြီးသားမျက်နှာပြင်ကို မှောက်ထားရမှာပါ။ သံပရိုသီးဟာ အနံ့ဆိုးပျောက်စေလို့ မကြာခင် ရေခဲသေတ္တာထဲမှာ သံပရိုသီးနံ့သင်းသင်းလေး ရလာမှာပါ။ သံပရိုသီးလိုပဲ လိမ္မော်သီးခွံကိုလည်း အသုံးပြုလို့ရပါတယ်။ ဒါမှမဟုတ် ရေမြုပ်တစ်ခုထဲ သံပရိုသီးအရည်ညှစ်ပြီး ရေခဲသေတ္တာအတွင်းထဲကို ပွတ်တိုက်လို့လည်း ရပါတယ်။ ရေခဲသေတ္တာအနံ့ကောင်းဖို့ အရေးကြီးဆုံးကတော့ အစားအသောက်တွေကို ဘူးခွက်တွေနဲ့ စနစ်တကျထည့်သိမ်းထားဖို့ပါပဲ။ ဒါဆိုရင်တော့ ဖွင့်လိုက်တိုင်း အနံ့အသက်ကင်းပြီး စိတ်ချမ်းမြေ့ဖွယ် ရေခဲသေတ္တာကိုပိုင်ဆိုင်ပြီဖြစ်တဲ့အကြောင်း BT သတင်းစာမျက်နှာကတဆင့် ဖော်ပြပေးလိုက်ရပါတယ်။

AuntyMay


#ရေခဲသေတ္တာ
#သံပရို
#အနံ့
#ကော်ဖီမှုန့်
#ဆိုဒါ

Some text some message..