
Cloud-based messaging platform တစ်ခုဖြစ်သည့် Telegram သည် Sensity မှ ပြုလုပ်သော လုံခြုံရေးစုံစမ်းစစ်ဆေးမှုတစ်ခုအရ deepfake ဝတ်လစ်စလစ်ပုံများကို ဖန်တီးပေးရာ ဒုစရိုက်နယ် ဖြစ်နေသည်။
Telegram သည် ဒီဘက်ထိပ်မှ ဟိုဘက်ထိပ်အထိ စကားဝှက် ပြောင်းပေးပြီး ပေးပို့သော စာပို့စနစ် end-to-end encrypted messenger ဖြစ်ပေရာ bot များ ယခုလို လုပ်ကိုင်နိုင်အောင် ကွယ်ဖုံးပေးထားသည့်နှယ် ဖြစ်နေသည်ကို အခွင့်ကောင်းယူပြီး လုံးတီးပုံ ထုတ်ပေးသည့် ဒုစရိုက်နယ် ဖြစ်နေရသည်။ သုံးစွဲသူ ပေးပို့သည့် လူပုံဓာတ်ပုံကို bot က ကိုယ်တုံးလုံးပုံအဖြစ် ပြောင်းလဲပြီး ပြန်ပို့ပေးသည်။
အခမဲ့ ဝန်ဆောင်မှု ဖြစ်ပြီး တုံးလုံးပုံတွင် ရေစာအမှတ်အသား ပါရှိနေသည်ကို ဖယ်ရှားပေးစေလိုမှသာ အမေရိကန် ဒေါ်လာ တစ်ဒေါ်လာခွဲ ပေးသွင်းပြီး ရေစာ ဖျောက်ခိုင်းနိုင်သည်။
Sensity ၏ အဆိုအရ bots များတွင် ဉာဏ်ရည်တု artificial intelligence ဖြင့် ဓာတ်ပုံမှ အဝတ်အစားများကို ဖယ်ရှားက ဝတ်လစ်စလစ်ပုံအဖြစ်သို့ ပြောင်းလဲပေးလိုက်သည်။ အပီအပြင် အတု လုပ်ပေးထားသ◌ဖြင့် အစစ်လားအတုလား သိဖို့ ခက်သည့် အတု deepfake ဝတ်လစ်စလစ်ပုံကို ပြန်ပို့ပေးခြင်း ဖြစ်သည်။
Sensity ၏ အဓိက တွေ့ရှိချက်များမှာ- ဘော့များက ကိုယ်တုံးလုံးပုံ လုပ်ပေးထားသည့် အမျိုးသမီးဦးရေမှာ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လကုန်တွင် ၁၀၄ ၈၅၂ ဦး ရှိနေပြီ ဖြစ်သည်။
ပြီးခဲ့သည့် သုံးလအတွင်း တုံးလုံးပုံ ရယူကြခြင်း ၁၉၈ % တိုးလာခဲ့သည်။ သုံးစွဲသူများတွင် အနည်းဆုံး ၇၀ % သည် ဓာတ်ပုံကို လူမှုကွန်ရက်ထံမှ ရယူကြသည်။
ဓာတ်ပုံကို မတော်တရော် လုပ်ခံရသူများတွင် အချို့သည် အရွယ်မရောက်သေးသူများ ဖြစ်သည်။ Telegram သို့ ရောက်လာကြသည်မှာ ရုရှား Facebook ဟု ဆိုကြသည့် ရုရှားလူမှုကွန်ရက် VK ထံမှ ဖြစ်သည်။
deepfake bot ကို သုံးစွဲသူ ဦးရေသည် ၁၀၁ ၀၈၀ ဦး ရှိနေပြီ ဖြစ်သည်။
bot များက အခမဲ့ ဝန်ဆောင်မှု ပေးသည်။ သို့သော် ပုံတွင် ရေစာအမှတ်အသား ပါသည်။ ၎င်းအမှတ်အသား မပါစေလိုပါက အခကြေး ပေးရပြီး အများဆုံးမှာ တစ်ဒေါ်လာခွဲထက် မများချေ။