K idol တွေ အသုံးများတဲ့ Selfie Apps (၅)မျိုး
moda.com.mm
|
2020-11-20

Selfie ရိုက်တယ်ဆိုတာဟာ ဒီဘက်ခေတ်မှာ ဆန်းတော့တဲ့ကိစ္စမဟုတ်သလို မိန်းကလေးတွေသာမက ယောက်ျားလေးအများစုပါ Selfie ရိုက်တာနဲ့ ဓာတ်ပုံလှလှလေးတွေရိုက်ရတာကိုဝါသနာပါကြတယ်ဆိုတာ အားလုံးလက်ခံပြီးသားပါ။ Social Media တွေ အသုံးများလာကြတာနဲ့အမျှ Selfie ရိုက်တာ၊ ဖုန်းနဲ့ အပျော်တမ်းဓာတ်ပုံရိုက်တာတွေဟာ လူတိုင်းရဲ့ တစ်နေ့တာမှာ မလုပ်မဖြစ်ပြုလုပ်လာကြတဲ့အရာတွေဖြစ်သလို ခုနောက်ဆုံးခေတ်စားလာတဲ့ Tik Tok လိုမျိုးတွေကအစ App ကောင်းကောင်း Filter လှလှလေးတွေနဲ့ Video ရိုက်ပြီးမှ ပြန်ထည့်တာမျိုးလုပ်လာကြတာတွေ့ရပါတယ်။ ဒါကြောင့် Filter ဆန်းဆန်းလေးတွေပါတဲ့ App တွေဟာ Selfie ရိုက်ကူးခြင်းအတွက် အဖော်ကောင်းတစ်ခုဖြစ်လာတယ်ဆိုတာ ငြင်းပယ်မရတဲ့ ကိစ္စတစ်ခုပါပဲ။ တခြားသူတွေလိုပဲ ကိုရီးယားရဲ့ နာမည်ကျော် အနုပညာရှင် အများစုဟာလည်း တခါတလေ သူတို့ရဲ့ Professional ရိုက်ကူးရေးတွေ မရှိတဲ့အခါမျိုးမှာ ဖုန်းကင်မရာလေးတွေနဲ့ပဲ ချစ်စရာကောင်းတဲ့ Selfie Photo လေးတွေ Video လေးတွေကို အပျော်တမ်းရိုက်ကူးပြီး Social Media ပေါ်မှာ မျှဝေတတ်ကြသလို သူတို့ကိုယ်တိုင် သဘောကျစွာအသုံးပြုတတ်တဲ့ Selfie App လေးတွေရှိတာကိုလည်းတွေ့ရပါတယ်။ဒါကြောင့်မို့ ကိုရီးယားအနုပညာရှင်တွေကိုချစ်တဲ့ပရိသတ်တွေအနေနဲ့ ကိုယ့် Idol တွေ ဘယ်လို App မျိုးတွေကို သုံးတတ်ကြလဲဆိုတာ သိချင်နေမယ်ထင်တဲ့အတွက် Korean Star တွေအသုံးများတဲ့ Selfie App (၅)ခုကို ရွေးချယ်စုစည်းပြီး ဖော်ပြပေးလိုက်ပါတယ်။

1.Kwai

Kwai ဆိုတဲ့ App လေးကတော့ အမျိုးသမီး K Idol တွေကြားမှာ TikTok လိုပဲ ရေပန်းစားခဲ့တဲ့ Selfie Video App လေးတစ်ခုပါ။ ချစ်စရာယုန်ရုပ်လေးတွေလို Cute ဖြစ်တဲ့ Effect လေးတွေနဲ့Short Clip လေးတွေရိုက်ကူးနိုင်သလို ကိုရီးယား ပေါ့ပ်သီချင်းတော်တော်များများကို အသံထပ်ပြီးလိုက်ဆိုနိုင်တာမို့ K Pop ကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေအနေနဲ့ သဘောကျနှစ်သက်စေမယ့် App လေးတစ်ခုလို့ ဆိုလို့ရပါတယ်။ နာမည်ကျော်အမျိုးသမီး K Idol တွေကိုယ်တိုင်ကလည်း ဒီ App လေးကိုအသုံးပြုပြီး သူတို့ရဲ့ Social Media တွေမှာ ချစ်စရာကောင်းတဲ့ Short Video လေးတွေ တင်ထားတာတွေ့ရမှာပါ။


Download Link -

Kwai
2. Foodie

Foodie ကတော့ စထွက်ခါစမှာ အစားအသောက်တွေကိုရိုက်ကူးဖို့သာ ရည်ရွယ်ခဲ့ပေမယ့် App ထဲမှာပါတဲ့ Filter တွေက အရမ်းလှပြီး ဆွဲဆောင်မှူရှိလွန်းတာကြောင့် အခုချိန်မှာ Selfie အနေနဲ့ပါ လူတော်တော်များများအသုံးပြုနေကြပါတယ်။ Selfie ဓာတ်ပုံရော Video လေးတွေပါရိုက်ကူးနိုင်တဲ့အပြင် ဖုန်းကင်မရာကောင်းရင်ကောင်းသလို ကိုရီးယားဆန်ဆန် အရမ်းချောအရမ်းလှတဲ့ ရုပ်ထွက်လေးတွေကို ပေးစွမ်းနိုင်တာကို သုံးဖူးသူတိုင်းသိကြပါလိမ့်မယ်။ ဒါကြောင့်မို့ Foodie ဟာ တောင်ကိုရီးယားရဲ့ နာမည်ကျော် Celebrity တွေရဲ့ အသည်းစွဲ Selfie App တွေထဲမှာပါ တစ်ခုအပါအဝင်ဖြစ်နေပါတယ်တဲ့။


Download Link -

Foodie
3. Kirakira+

Kirakira+ ကတော့ Short Clip လေးတွေကို Aesthestic ဆန်ဆန် Glamourous ဖြစ်ဖြစ် ရိုက်ကူးနိုင်အောင် ကူညီပေးမယ့် App လေးပါ။ Kira Kira ဆိုတဲ့ အဓိပ္ပါယ်ကိုက ဂျပန်လို Glitter ကို ဆိုလိုတာမို့ လှုပ်ရှားမှူတိုင်းမှာ စိန်ပွင့်လေးတွေလက်သလို တဖျတ်ဖျတ်တောက်ပနေတဲ့ Short Clip လှလှလေးတွေကို ရိုက်ကူးနိုင်ပါလိမ့်မယ်။ ဒီ App လေးကတော့ အာရှက နာမည်ကျော်တွေသာမက Hollywood က Celebrity တွေ ၊ အနောက်တိုင်း Fashion & Beauty Industry ကသူတွေပါ အရမ်းကို ကြိုက်နှစ်သက်ကြတဲ့ App လေးတစ်ခုပါတဲ့။


Download Link -

Kirakira+
4. Gudak

Gudak ဆိုတဲ့နာမည်က Gudakdari ဆိုတဲ့စကားလုံးကနေယူထားတာဖြစ်ပြီး အဓိပ္ပါယ်ကတော့ အိုမင်းဟောင်းနွမ်းတာ Outdated ဖြစ်တာကိုဆိုလိုတာပါ။ Vintage ဆန်ဆန် ခေတ်ဟောင်းက ကင်မရာလေးတွေနဲ့ရိုက်ထားတဲ့ Old-school Effect မျိုးကို လိုချင်တယ်ဆိုရင်တော့ Gudak ကကောင်းကောင်း ကူညီပေးနိုင်ပါလိမ့်မယ်။ K Idol တွေတော်တော်များများလည်း သူတို့ရဲ့ Social Media တွေမှာ Gudak ကိုသုံးပြီး ပုံလေးတွေတင်တာတွေ့ရပါတယ်။


Download Link -

Gudak
5.Meitu

ဒီ Appလေးကတော့ မြန်မာနိုင်ငံက Selfie ဂျိုးလေးတွေနဲ့ သိပ်စိမ်းမယ်မထင်ပါဘူး။ လှပပြီး ရွေးချယ်စရာစုံလင်တဲ့ ခပ်မိုက်မိုက် Filter လေးတွေ အများကြီးပါသလို ကာတွန်းပုံ၊ Anime ပုံ စသဖြင့်ပြောင်းလို့ရတဲ့ Auto Generated Effect လေးတွေလည်း ပါဝင်တာကိုတွေ့ရပါတယ်။ ဖုန်းကင်မရာပေါ်မူတည်ပြီး ရုပ်ထွက်ဖွယ်သွားတာမျိုးမရှိပဲ အသားချောပေးနိုင်သလို မျက်နှာ၊နှာခေါင်း၊မေးရိုးကအစ လိုသလိုချိန်ညှိနိုင်တဲ့အပြင် မိတ်ကပ်လိမ်းမလာခဲ့မိရင်တောင် တခါတည်းလိမ်းပေးနိုင်တာမို့ ဓာတ်ပုံဝါသနာအိုးလေးတွေ တော်တော့်ကို သဘောကျမယ့် App မို့ K Idol တွေလည်း နှစ်သက်ကြတယ်ဆိုတာ မဆန်းလောက်ပါဘူး။


Download Link -

Meitu


Photo Credit To The Rightful Owners


#Selfie
#App
#ကင်မရာ
#ချစ်စရာ
#Celebrity

Some text some message..