လုပ်ငန်းတစ်ခု အောင်မြင်ဖို့ သိကိုသိထားရမဲ့ အရေးပါဆုံး Service Management အကြောင်း
sayar.com.mm
|
2020-12-01

လုပ်ငန်းတစ်ခု အောင်မြင်ဖို့ သိကိုသိထားရမဲ့ အရေးပါဆုံး Service Management အကြောင်း


သင်က ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခု တည်ထောင်ဖို့ ဆန္ဒရှိသူလား? ဒါဆို သင့်အနေနဲ့ သိကိုသိထားရမဲ့ အကြောင်းအရာတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ ။


အွန်လိုင်းရှော့ပင်မှစပြီး လုပ်ငန်းအကြီးကြီးတွေအထိ အောင်မြင်စွာရပ်တည်နိုင်ဖို့ အလိုအပ်ဆုံးအရာဖြစ်တဲ့ Service Management အကြောင်း ဆွေးနွေးပေးချင်ပါတယ်။ Service Management ဟာ လုပ်ငန်းတစ်ခုရပ်တည်ဖို့ ဘာလို့အရေးကြီးတာလဲ?


လုပ်ငန်းတစ်ခုအောင်မြင်စွာ ရပ်တည်နိုင်ဖို့ဆိုတာ Words of Mouth လို့ခေါ်တဲ့ နာမည်ကောင်းရရှိဖို့က အရေးကြီးဆုံးပါ။ ဒီ့အတွက် လုပ်ငန်းနာမည်ကောင်းကို ထိန်းထားနိုင်ပြီး ပိုမိုအရှိန်အဟုန်ကောင်းစေဖို့ Service Management ကောင်းဖို့ လိုအပ်ပါတယ်။


Service Management ဆိုတာဘာလဲ?
Service Management ဆိုတာ Customer-focus ဖြစ်ပြီး Customer တွေ စိတ်ကျေနပ်စေဖို့ကိုပဲ အဓိကဦးစားပေးတာဖြစ်ပါတယ်။ Customer Satisfaction ဖြစ်စေဖို့ဆိုတာ Customer က မျှော်လင့်ထားတဲ့ Expectation နဲ့ ကိုက်ညီဖို့လိုတယ်နော်။


Customer တစ်ဦးက မိမိဆီမှ ပစ္စည်းတစ်ခု၊ ဝန်ဆောင်မှုတစ်ခုကို စတင်လာဝယ်သည့်ချိန်မှစပြီး စိတ်ကျေနပ်မှု (Satisfaction) ဖြစ်သွားတဲ့အထိ သေချာစီမံပြီး Service ပေးခြင်း ဖြစ်ပါတယ်။


ဒါဆို Service Management အကြောင်းကို အသေးစိတ်လေ့လာကြည့်လိုက်ရအောင် ။


Service ဆိုတာကို ဒါလေးတွေနဲ့ ဖွဲ့စည်းထားပါတယ်။
Customer
Feedback
Support
Innovative
Quality
Excellent
Friendly စတဲ့အချက်လေးတွေနဲ့ ဖွဲ့စည်းရပါတယ်။


Customer - Service ဆိုတာ Customer-focus ဖြစ်တဲ့အတွက် သင့်အနေနဲ့ Customer ဘာလိုချင်လဲဆိုတာသိဖို့ ၊ Customer မျှော်လင့်ချက်နဲ့ ကိုက်ညီဖို့ အရေးကြီးပါတယ် ။


Feedback - အဲ့လို ကိုက်ညီဖို့အတွက် အမြဲ Feedback တောင်းပေးရပါတယ်။


Support - လစ်ဟာမှုများမရှိအောင် ထောင့်စေ့အောင် အမြဲ support လုပ်ပေးရပြီး


Innovative - သူများနဲ့မတူတဲ့ ဆန်းကြယ်တဲ့ innovative Function တွေ အမြဲဖြစ်နေရပါမယ်။


Quality - Customer က ပေးလိုက်ရတဲ့ အချိန်၊ ငွေကြေး၊ ခွန်အားတွေနဲ့တန်အောင်ပြန်ပေးနိုင်မယ်ဆို Quality Service ဖြစ်နေမှာဖြစ်ပြီး


Excellent - Customer မျှော်မှန်းထားတာထက် သာလွန်နေရင်တော့ Excellent Service ဖြစ်နေမှာဖြစ်ပါတယ်။


Friendly - Customer အတွက် သခင်တစ်ယောက်လိုဆက်ဆံခံလိုက်ရတယ်လို့ခံစားရဖို့ကတော့ အရေးကြီးဆုံးဖြစ်တာကြောင့် သင့်အနေနဲ့ အပြုံးချိုချိုလေးနဲ့ အမြဲဖော်ရွေနေရပါမယ် ။


ဒါ့အပြင် Service ကြီးပြီးဆုံးသွားရင် Customer ကို ရောင်းပြီး၊ ပြီးရော ပစ်မထားပါနဲ့။Feedback or Review တောင်းပေးပါ။


ဒါဟာ ကိုယ့်ပစ္စည်းအကြောင်းပိုသိနိုင်သလို၊ Customer တွေရဲ့ လိုအပ်ချက်တွေကို ပိုမိုသိလာပါ့လိမ့်မယ်။


Customer ရဲ့ လိုအပ်ချက် (Needs) နဲ့ မျှော်မှန်းချက် (Wants) နဲ့ ကိုက်ညီတဲ့ Service တစ်ခုကိုပေးနိုင်ပြီဆို Customer satisfaction ကို ရရှိ အောင်မြင်တဲ့လုပ်ငန်းတစ်ခုဖြစ်လာမှာ အမှန်ပဲနော်။



လုပ်ငန်းတစ်ခု အောင်မြင်ဖို့ သိကိုသိထားရမဲ့ အရေးပါဆုံး Service Management အကြောင်း


သင်က ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခု တည်ထောင်ဖို့ ဆန္ဒရှိသူလား? ဒါဆို သင့်အနေနဲ့ သိကိုသိထားရမဲ့ အကြောင်းအရာတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ ။


အွန်လိုင်းရှော့ပင်မှစပြီး လုပ်ငန်းအကြီးကြီးတွေအထိ အောင်မြင်စွာရပ်တည်နိုင်ဖို့ အလိုအပ်ဆုံးအရာဖြစ်တဲ့ Service Management အကြောင်း ဆွေးနွေးပေးချင်ပါတယ်။ Service Management ဟာ လုပ်ငန်းတစ်ခုရပ်တည်ဖို့ ဘာလို့အရေးကြီးတာလဲ?


လုပ်ငန်းတစ်ခုအောင်မြင်စွာ ရပ်တည်နိုင်ဖို့ဆိုတာ Words of Mouth လို့ခေါ်တဲ့ နာမည်ကောင်းရရှိဖို့က အရေးကြီးဆုံးပါ။ ဒီအတွက် လုပ်ငန်းနာမည်ကောင်းကို ထိန်းထားနိုင်ပြီး ပိုမိုအရှိန်အဟုန်ကောင်းစေဖို့ Service Management ကောင်းဖို့ လိုအပ်ပါတယ်။


Service Management ဆိုတာဘာလဲ?
Service Management ဆိုတာ Customer-focus ဖြစ်ပြီး Customer တွေ စိတ်ကျေနပ်စေဖို့ကိုပဲ အဓိကဦးစားပေးတာဖြစ်ပါတယ်။ Customer Satisfaction ဖြစ်စေဖို့ဆိုတာ Customer က မျှော်လင့်ထားတဲ့ Expectation နဲ့ ကိုက်ညီဖို့လိုတယ်နော်။


Customer တစ်ဦးက မိမိဆီမှ ပစ္စည်းတစ်ခု၊ ဝန်ဆောင်မှုတစ်ခုကို စတင်လာဝယ်သည့်ချိန်မှစပြီး စိတ်ကျေနပ်မှု (Satisfaction) ဖြစ်သွားတဲ့အထိ သေချာစီမံပြီး Service ပေးခြင်း ဖြစ်ပါတယ်။


ဒါဆို Service Management အကြောင်းကို အသေးစိတ်လေ့လာကြည့်လိုက်ရအောင်။


Service ဆိုတာကို ဒါလေးတွေနဲ့ ဖွဲ့စည်းထားပါတယ်။
Customer
Feedback
Support
Innovative
Quality
Excellent
Friendly စတဲ့အချက်လေးတွေနဲ့ ဖွဲ့စည်းရပါတယ်။


Customer - Service ဆိုတာ Customer-focus ဖြစ်တဲ့အတွက် သင့်အနေနဲ့ Customer ဘာလိုချင်လဲဆိုတာသိဖို့ ၊ Customer မျှော်လင့်ချက်နဲ့ ကိုက်ညီဖို့ အရေးကြီးပါတယ် ။


Feedback - အဲ့လို ကိုက်ညီဖို့အတွက် အမြဲ Feedback တောင်းပေးရပါတယ်။


Support - လစ်ဟာမှုများမရှိအောင် ထောင့်စေ့အောင် အမြဲ support လုပ်ပေးရပြီး


Innovative - သူများနဲ့မတူတဲ့ ဆန်းကြယ်တဲ့ innovative Function တွေ အမြဲဖြစ်နေရပါမယ်။


Quality - Customer က ပေးလိုက်ရတဲ့ အချိန်၊ ငွေကြေး၊ ခွန်အားတွေနဲ့တန်အောင်ပြန်ပေးနိုင်မယ်ဆို Quality Service ဖြစ်နေမှာဖြစ်ပြီး


Excellent - Customer မျှော်မှန်းထားတာထက် သာလွန်နေရင်တော့ Excellent Service ဖြစ်နေမှာဖြစ်ပါတယ်။


Friendly - Customer အတွက် သခင်တစ်ယောက်လိုဆက်ဆံခံလိုက်ရတယ်လို့ခံစားရဖို့ကတော့ အရေးကြီးဆုံးဖြစ်တာကြောင့် သင့်အနေနဲ့ အပြုံးချိုချိုလေးနဲ့ အမြဲဖော်ရွေနေရပါမယ် ။


ဒါ့အပြင် Service ကြီးပြီးဆုံးသွားရင် Customer ကို ရောင်းပြီး၊ ပြီးရော ပစ်မထားပါနဲ့။ Feedback or Review တောင်းပေးပါ။


ဒါဟာ ကိုယ့်ပစ္စည်းအကြောင်းပိုသိနိုင်သလို၊ Customer တွေရဲ့ လိုအပ်ချက်တွေကို ပိုမိုသိလာပါ့လိမ့်မယ်။


Customer ရဲ့ လိုအပ်ချက် (Needs) နဲ့ မျှော်မှန်းချက် (Wants) နဲ့ ကိုက်ညီတဲ့ Service တစ်ခုကိုပေးနိုင်ပြီဆို Customer satisfaction ကို ရရှိ အောင်မြင်တဲ့လုပ်ငန်းတစ်ခုဖြစ်လာမှာ အမှန်ပဲနော်။


#လုပ်ငန်း
#အရေး
#အရာ
#ကိုယ်ပိုင်လုပ်ငန်း
#ဦးစားပေး

Some text some message..