Mobile Imaging နည်းပညာအတွက် Global Partnership အဖြစ် vivo နှင့် ZEISS ဝင်ရောက်လာ
ictdirectory.com.mm
|
2020-12-18

- vivo နှင့် ZEISS ၏ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ခြင်းအထိမ်းအမှတ်အဖြစ် vivo ၏ စွမ်းရည်မြင့်စမတ်ဖုန်းများအတွက် co-engineer an imaging system စနစ်ကို

လာမည့် vivo X60 series များတွင် စတင်အသုံးပြုသွားမည်ဖြစ်သည်။

- အဆိုပါ ကုမ္ပဏီနှစ်ခုသည် joint R&D program အရ ပူးပေါင်းဖန်တီးထားသော vivo ZEISS Imaging Lab ကို ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး “vivo ZEISS Master Photography” အစီအစဉ်ကို စတင်မိတ်ဆက်ပေးတော့မည်။

(ရန်ကုန်၊ ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၈ ရက်) vivo နှင့် ZEISS တို့သည် mobile imaging နည်းပညာတွင် ပူးတွဲဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် တီထွင်ဆန်းသစ်မှုများ ဖွံ့ဖြိုးတိုးတတ်စေရန် ရေရှည်လက်တွဲသွားမည့် မဟာ ဗျူဟာမြောက် မိတ်ဖက်အဖွဲ့စည်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ “vivo ZEISS co-engineered imaging system” ကို vivo X60 series ဖုန်းများတွင် ပထမဆုံး ထည့်သွင်းသွားမည်ဖြစ်သည်။

ပူးပေါင်းဆောင်ရွက်ခြင်း သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် vivo နှင့် Zeiss သည် vivo ၏ flagship စမတ်ဖုန်းများအတွက် mobile imaging နည်းပညာကို ဆန်းသစ်တီထွင်ရန်အတွက် joint R&D program ဖြစ်သည့် vivo ZEISS Imaging Lab ကို တည်ထောင်သွားမည်ဖြစ်သည်။ သုံးစွဲသူများ၏ လိုလားချက်များကို ကောင်းစွာသိရှိနားလည်ပြီး ဘက်စုံအသုံးပြုနိုင်သည့် စွမ်းဆောင်ရည်ပုံရိပ်များကို ဆန်းသစ်တီထွင်နိုင်သည့် ကမ္ဘာ့ အကြီးဆုံးစမတ်ဖုန်းထုတ်လုပ်သူတစ်ဦးဖြစ်သော vivo သည် မှန်ဘီလူးနှင့် opto-electronics များတွင် ကမ္ဘာလုံး ဆိုင်ရာဦးဆောင်သူတစ်ဦးဖြစ်ပြီး mobile imaging နယ်ပယ်တွင် အတတ်ပညာရှင်ပီပီ ဦးဆောင်တီထွင်သူတစ်ဦး ဖြစ်သူ ZEISS နှင့်အတူ အပြန်အလှန် အားသာချက်များအပေါ်မူတည်ပြီး အဆင့်မြင့် မိုဘိုင်းလ်ဓာတ်ပုံ နည်းပညာ ကို တည်ဆောက်သွားရန် မဟာဗျူဟာမြောက် ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို vivo မှဆောင်ရွက်ခဲ့သည်။

ထို့ပြင် joint R&D program အရ vivo ZEISS co-engineered imaging system ကို အဆင့်မြှင့်တင်ရန်နှင့် vivo ၏ flagship စမတ်ဖုန်းများ နှင့်အတူ ၎င်းတို့၏ တီထွင်ဖန်တီးမှုကို သုံးစွဲသူများ ပုံဖော်ခံစားနိုင်စေရန် အတွက် “vivo ZEISS Master Photography” အစီအစဉ်ကိုလည်း မိတ်ဆက်သွားမည်ဖြစ်သည်။

“အခုလိုမျိုးပူးပေါင်းဆောင်ရွက်ခြင်းကနေတဆင့် ZEISS ရဲ့ imaging နည်းပညာကို သုံးစွဲသူတွေက ပိုမိုရယူ ခံစား နိုင်မှာပါ။ ဒီဂျစ်တယ်နည်းပညာအသစ်တွေနဲ့ optical ကျွမ်းကျင်ပညာရှင်တွေရဲ့ ဖြည့်စွက်မွမ်းမံချက်တွေ၊ စုပေါင်း ညှိနှိုင်းအဖြေရှာမှုတွေအပေါ် အခြေခံပြီး vivo နဲ့ Zeiss တို့ရဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ဟာဆိုရင် mobile imaging နည်းပညာနဲ့ တီထွင်ဆန်းသစ်မှုတွေ ပိုမိုဖြစ်ပေါ်လာစေမယ့်အပြင် စက်မှုလုပ်ငန်းတစ်ခုလုံးရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုထောက်ပံ့နိုင်ဖို့အတွက် အခွင့်အလမ်းအသစ်တွေကို ဖန်တီးပေးဖို့ အစပျိုး လိုက်တာပဲ ဖြစ်ပါတယ်။”ဟု vivo ၏ Senior Vice President and CMO ဖြစ်သူ Spark Ni က ပြောကြားခဲ့သည်။

“mobile imaging ကြောင့် vivo နဲ့ ZEISS တို့အကြား မိတ်ဖက်အဖြစ် ပူးပေါင်းနိုင်ခဲ့တယ်။” ဟု ZEISS Consumer Products အကြီးအကဲဖြစ်သူ Joerg Schmitz မှပြောသည်။ “ZEISS ရဲ့ ဆယ်စုနှစ်ချီပြီး အတွေ့အကြုံရှိတဲ့ ကျွမ်းကျင်ပညာရှင်တွေရဲ့ optical နည်းပညာတွေနဲ့အတူ vivo flagship စမတ်ဖုန်းတွေရဲ့ စွမ်းဆောင်ရည်ပုံရိပ် တွေကို အကောင်းဆုံးမြှင့်တင်ပေးနိုင်ဖို့ အထောက်အကူပြုသွားပေးမှာပါ။” ဟု ယင်းမှထပ်မံပြောကြားခဲ့သည်။

လွန်ခဲ့သည့် ၂၅ နှစ်တာကာလအတွင်း vivo မှ သုံးစွဲသူများ၏ မတူကွဲပြားသည့် လိုအပ်ချက်များကို ပြီးပြည့်စုံသည့် အချက်အလက်သုတေသနများမှတဆင့် အသေးစိတ်သိရှိခဲ့ရသည်။ သုံးစွဲသူများ၏ စဉ်ဆက်မပြတ် ပြောင်းလဲ နေသည့် လိုအပ်ချက်များအပေါ်အခြေခံပြီး ဆန်းသစ်တီထွင်မှုများနှင့်အတူ vivo မှ မျိုးဆက်သစ်လူငယ်များ အထူး ကြိုက်နှစ်သက်စေမည့် မိုဘိုင်းလ်ထုတ်ကုန်များကို ထုတ်လုပ်နိုင်ခဲ့ပါသည်။ စမတ်ဖုန်းဓာတ်ပုံပညာရပ်များ ထွန်းကားလာသည့်ယနေ့ခေတ်တွင် တစ်ကမ္ဘာလုံးဆိုင်ရာသုံးစွဲသူများက မိုဘိုင်းလ်ပုံရိပ်တီထွင်ဖန်တီးမှုများနှင့် ပတ်သက်ပြီး ပိုမိုတောင်းဆိုလာကြမည်ကို vivo မှ ကြိုတင်မျှော်လင့်ထားခဲ့ပါသည်။ အကျိုးရလဒ်အနေဖြင့်, ပုံရိပ် တီထွင်ဆန်းသစ်မှုများမှာ ရေရှည်တွင် သုံးစွဲသူများ လိုအပ်သည့် အရေးအကြီးဆုံးအချက်ဖြစ်လာမည်ဟု vivo မှ စဉ်းစားသုံးသပ်မိသည်။ ယနေ့အချိန်တွင် vivo သည် ကမ္ဘာအနှံ့အပြားတွင် R&D ဝန်ထမ်း ၇၀၀ကျော်ကို ခန့်အပ် ထားခဲ့ပြီး image R&D စင်တာများကိုလည်း တည်ဆောက်ခဲ့သည်။

vivo နှင့် ZEISS သည် အဆင့်မြင့်နည်းပညာနှင့် ရင်သပ်ရှုမောစရာ ဒီဇိုင်းဆန်းများအပေါ် အထူးအာရုံစိုက်မည့် တူညီသောပန်းတိုင်များအတွက် မိတ်ဖက်အဖွဲ့အစည်းအဖြစ်ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ အဆိုပါ စံနမူ အနေဖြင့် အပြန်အလှန် သဟဇာတရှိခြင်းသည် အောင်မြင်သည့် ဆန်းသစ်တီထွင်မှုများအတွက် လမ်းကြောင်း တစ်ခုဖြစ်ပြီး လက်ရှိမဟာဗျူဟာမြောက် global imaging မိတ်ဖက်အနေနှင့် ပုံဖော်ပေးမည့် အုတ်မြစ်တစ်ခု ဖြစ်ပါသည်။

vivo နှင့် ZEISS တို့အကြား ပူးပေါင်းဆောင်ရွက်မှုသည် အနာဂတ် mobile imaging အတွက် မှတ်တိုင်တစ်ခု ဖြစ်သည်။ နှစ်ဦးစလုံးမှာ mobile imaging ကို ပိုမိုချောမွေ့စေမည့် စွမ်းဆောင်ရည်များအပေါ် အဓိကထား အတူတကွ လုပ်ဆောင်ကြမည်ဖြစ်သည်။ တစ်ဖက်တွင်လည်း ZEISS၏ optical နည်းပညာများနှင့် ကျွမ်းကျင် ပညာရှင်များက mobile imaging ၏ optical စွမ်းဆောင်ရည် သိသိသာသာ တိုးမြှင့်လာစေရန် စွမ်းဆောင် ပေးမည်ဖြစ်သည့်အတွက် vivo flagship စမတ်ဖုန်းများ၏ မိုဘိုင်းလ် optical imaging သည်လည်း နောက်ထပ် အဆင့်တစ်ဆင့်သို့ တိုးမြှင့်ယူဆောင်သွားနိုင်တော့မည်ဖြစ်သည်။ အခြားတစ်ဖက်တွင် ကမ္ဘာတစ်ဝန်း သုံးစွဲသူ သန်း ၃၈၀ နှင့်အတူ vivo သည် mobile imaging ကို သုံးစွဲသူများ ပိုမိုနှစ်သစ်လာမည်ကို ကောင်းစွာနားလည် ထားပါသည်။ ZEISS ၏ Optical ကျွမ်းကျင်ပညာရှင်များ၊ အတူတကွပူးပေါင်းဆောင်ရွက်မှုနှင့်အတူ စွမ်းဆောင် ရည်ပုံရိပ်များကို vivo ၏စွမ်းဆောင်ရည်ပုံရိပ်များနှင့်အတူပေါင်းစပ်၍ ကမ္ဘာတစ်ဝန်းရှိသုံးစွဲသူများထံသို့ ဆွဲဆောင်မှုရှိပြီး ပိုမိုလွယ်ကူစွာအသုံးပြုနိုင်မည့်၊ ပိုမိုကောင်းမွန်သာ မိုဘိုင်းလ်ဓာတ်ပုံပညာရပ်အတွေ့အကြုံ များ ပေးစွမ်းနိုင်တော့မည်ဖြစ်ပါသည်။

vivo အကြောင်း (V 20)

vivo သည် စမတ်ဖုန်းလောက၏ ဆန်းသစ်တီထွင်မှုနှင့် အသိဉာဏ်ရှိသော စွမ်းဆောင်မှုများမှာ စီးပွားရေး ဝန်ဆောင်မှု များကို အဓိကဦးဆောင်လမ်းဖောက်နေသည့် နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပါသည်။ vivo သည် စိတ်လှုပ်ရှားဖွယ် ကောင်းပြီး ဆန်းသစ်တီထွင်ထားသော စမတ်ဖုန်းများနှင့် ဆက်စပ်ပစ္စည်းများအပြင် နည်းပညာ နှင့် ဒီဇိုင်းအတွေးအခေါ် များကို ထူးခြားဆန်းသစ်သည့် နည်းပညာများ၊ ဒီဇိုင်းအတွေးအခေါ်များဖြင့် ပေါင်းစပ်ဖန်တီးထားသော ဝန်ဆောင်မှု များမှတစ်ဆင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ အသုံးပြုသူများကို ချိတ်ဆက်ပေးနိုင်ရန် ကြိုးစားအားထုတ်လျက်ရှိပါသည်။ ဆန်းသစ်တီထွင်မှု၊ အသုံးပြုသူများအား အလေးထားခြင်းသည် ကုမ္ပဏီ၏ အဓိကအလေးထား လိုက်နာရသည့် အချက်များဖြစ်ပြီး benfen*, vivo သည် ရေရှည်တည်တံ့ခိုင်မြဲသည့် မဟာဗျုဟာကို အကောင်အထည်ဖော်ပြီး ကမ္ဘာ့အဆင့်မီ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာပါသည်။

နောက်ဆုံးပေါ်နည်းပညာများ၊ 5G, AI, photography နှင့် မျိုးဆက်သစ် စမတ်ဖုန်း ဒီဇိုင်းများကို သုံးစွဲသူများအတွက် တရုတ်ပြည်ရှိ ဌာနချုပ်အပါအဝင် Shenzhen, Dongguan, Nangjin, Beijing, Hangzhou, Shanghai, Taipei, Tokyo နှင့် San Diego မြို့များတွင် သုတေသန ဖွံ့ဖြိုးရေးစင်တာများ တည်ထောင်ထားပါသည်။ တရုတ်၊ တောင်အာရှ နှင့် အရှေ့တောင်အာရှ တွင် နှစ်စဉ် စမတ်ဖုန်း သန်း (၂၀၀) ကျော်ထုတ်လုပ်သည့် အချက်အချာကုန်အမှတ်တံဆိပ် ထုတ်လုပ်ရေးဌာန ကို တည်ထောင်ခဲ့ပြီး ၂၀၁၉ ခုနှစ် မှတ်တမ်းများအရ vivoသည် အရောင်းကွန်ယက်ကို နိုင်ငံ ၃၀ တွင် ဖြန့်ကျက်ခဲ့ပြီး သုံးစွဲသူ သန်း ၃၀ ကျော် ကမ္ဘာတစ်ဝှမ်းတွင် နှစ်သက်ခဲ့ပါသည်။

*benfen ဆိုသည်မှာ မှန်ကန်သည့်လုပ်ဆောင်ချက်များကိုလုပ်ဆောင်ခြင်း နှင့် မှန်ကန်စွာလုပ်ဆောင်ခြင်းကို ဖော်ပြသည့် ဝေါဟာရဖြစ်ပြီး vivo ၏ ရည်မှန်းချက်ဖြစ်သည့် ကောင်းမွန်သည့်နည်းပညာများကို လုပ်ဆောင်ခြင်းအတွက် ဖော်ပြနေပါသည်။ vivo ၏ သတင်းများကို www.vivo.com/en/about-vivo/news နှင့် www.vivo.com တို့တွင် ကြည့်ရှုနိုင်ပါသည်။

ZEISS အကြောင်း

ZEISS သည် နိုင်ငံတကာရှိ optics နှင့် optoelectronics နယ်ပယ်တွင် ဦးဆောင်နေသည့် နည်းပညာ လုပ်ငန်း တစ်ခုဖြစ်သည်။ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် ZEISS Group ၏ လုပ်ငန်းခွဲလေးခုဖြစ်သည့် Semiconductor Manufacturing Technology, Industrial Quality & Research, Medical Technology နှင့် Consumer Markets တို့မှ နှစ်စဉ်ဝင်ငွေ စုစုပေါင်း ယူရို ၆.၃ ဘီလီယံရရှိခဲ့ပါသည်။

၎င်း၏ သုံးစွဲသူများအတွက် စက်မှုလုပ်ငန်းဆိုင်ရာ metrology နှင့်ပတ်သက်၍ အရည်အသွေးပိုင်း အာမခံချက် ရှိစေရန် ဆောင်ရွက်ခြင်း ၊ life sciences နှင့် materials သုတေသန များအတွက် microscopy solutions များရှာဖွေခြင်းနှင့် မျက်စိနှင့်သက်ဆိုင်သည် ကုသမှုများအတွက် အဏုကြည့် မှန်ပြောင်းဖြင့် ရောဂါရှာဖွေခြင်း၊ ဆေးဘက်ဆိုင်ရာ နည်းပညာဖြေရှင်းချက် ရှာဖွေခြင်းများကို အလွန်ဆန်းသစ်သည့် နည်းလမ်းများဖြင့် တီထွင် ထုတ်လုပ်ပေးခဲ့သည်။ ZEISS ဟူသော အမည်သည် ကမ္ဘာ့ဦးဆောင် lithography optics များနှင့် အဓိပ္ပာယ် အတူတူဖြစ်ပြီး အဆိုပါ optics များသည် semiconductor အစိတ်အပိုင်းများ ထုတ်လုပ်ရန် chip စက်ရုံများက သုံးသည့်အရာဖြစ်သည်။ ခေတ်ရှေ့ပြေးသည့် ZEISS အမှတ်တံဆိပ်ထုတ်ကုန်များဖြစ်သည့်eyeglass lenses, camera lenses နှင့် binoculars များကို ကမ္ဘာ့အဝှမ်းက ဝယ်ယူနေကြပါသည်။

ဒီဂျစ်တယ်ဆိုင်ရာနည်းပညာ၊ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ခိုင်မာသည့်အမှတ်တံဆိပ်ဖြင့် ခေတ်မီ ထုတ်လုပ်မှုများကဲ့သို့ ဖွံ့ဖြိုးတိုးတက် လာမည့် ကဏ္ဍများနှင့် ကိုက်ညီမှုရှိစေရန် ZEISS သည် နည်းပညာဆိုင်ရာ နှင့် ကမ္ဘာပေါ်ရှိ optics နှင့် ဆက်စပ်နေသည့် နယ်ပယ်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် စေမည့် အနာဂတ် တစ်ခုကို ၎င်း၏ဖြေရှင်းနည်း များနှင့်အတူ ပုံဖော်နေခြင်းဖြစ်ပါသည်။ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု အပိုင်းတွင် ကုမ္ပဏီသည် စဉ်ဆက်မပြတ်ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေခြင်းသည် ZEISS ၏ နည်းပညာနှင့် ဈေးကွက် ဦးဆောင်မှု များကို အောင်မြင်မှု များနှင့် ဆက်လက်ချဲ့ထွင်ရန်အတွက် အခြေခံအုတ်မြစ်ဖြစ်ပါသည်။ ZEISS သည် ၎င်းဝင်ငွေ ၏ ၁၃ ရာခိုင်နှုန်းကို သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုအပိုင်းတွင် ရင်းနှီးမြှုပ်နှံထားပြီး အဆိုပါ မြင့်မားသော အသုံးစရိတ်သည် ZEISS၏ အနာဂတ်အတွက်ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သည်။

ဝန်ထမ်းပေါင်း ၃၂,၀၀၀ ကျော်နှင့်အတူ၊ ZEISS သည် လက်ရှိကမ္ဘာတစ်ဝှမ်းလုံးတွင် နိုင်ငံပေါင်း ၅၀ နီးပါးတွင် ထုတ်လုပ်မှုနေရာ ၃၀ ခန့်၊ အရောင်းနှင့်ဝန်ဆောင်မှုကုမ္ပဏီ ၆၀ နှင့် သုတေသနဖွံ့ဖြိုးရေးစင်တာ ၂၇ ခု တည်ထောင်ထားပါသည်။ ၁၈၄၆ ခုနှစ် Jena တွင် တည်ထောင်ခဲ့ပြီး၊ ရုံးချုပ်မှာ ဂျာမနီနိုင်ငံ Oberkochen တွင် ဖြစ်သည်။ Carl Zeiss ဖောင်ဒေးရှင်းမှာ ဂျာမနီနိုင်ငံတွင်အကြီးဆုံးဖောင်ဒေးရှင်းတစ်ခုဖြစ်ပြီး သိပ္ပံနည်းပညာ တိုးတက်ထွန်းကားလာစေရန် ရည်ရွယ်ပြီး၊ Carl Zeiss AG တစ်ဦးတည်းပိုင်ဖြစ်သည်။

ZEISS လူသုံးကုန်ပစ္စည်းများမှာ ကုမ္ပဏီ၏ စီးပွားရေးကို ကင်မရာနှင့်ပေါင်းစပ်ထားပြီး cine lenses, binoculars, spotting scopes နှင့် hunting optics (အမဲလိုက်မှန်ဘီလူး) များဖြစ်သည်။ အဆိုပါ ယူနစ်များမှာ သုံးစွဲသျူေးကွက် အစိတ်အပိုင်းမှ ခွဲဝေသတ်မှတ်ထားပြီး Oberkochen တွင်အခြေစိုက်ပြီး ကမ္ဘာအနှံ့တွင် ကိုယ်စားပြုသည်။


#သုံးစွဲသူ
#နည်းပညာ
#စမတ်ဖုန်း
#flagship
#တီထွင်မှု

Some text some message..