
Epson သည် ၂၀၂၁ ခုနှစ် နှစ်ဝက် နောက်ပိုင်းတွင် များပြားလှစွာသော Eco Tank printer အမျိုးအစားများကို မိတ်ဆက် ခြင်းဖြင့် ပရင်တာဈေးကွက်၏ တုံ့ပြန်မှုများကို ဖြည့်တင်းဆောင်ရွက်လျက်ရှိသည်။
ရုံးတွင်း လူမှုဘဝ နေထိုင်မှုပုံစံသစ်နှင့် နေအိမ်မှပင် အလုပ်လုပ်ခြင်း လိုအပ်ချက်များအတွက် အပူ လျှော့စေသည့် ပုံနှိပ်နည်းပညာ (heat-free printing technology) ကို အထူးဦီးစားပေး မိတ်ဆက်ကာ ကိရိယာများ၏ စွမ်းအင်စုဆောင်းမှုနှင့် အချိန်ကုန်သက်သာစေသော အကျိုး ကျေးဇူးများမှတစ်ဆင့် ထူးခြားကောင်းမွန်ဆုံးသော ဝန်ဆောင်မှုတန်ဖိုးကို ပေးစွမ်းနိုင်ခြင်း၊ ပုံနှိပ်ရာတွင် ချောမွေ့စွာ စဉ်ဆက်မပြတ်လုပ်ဆောင်နိုင်ခြင်းကို ကတိပေးနိုင်ခြင်းနှင့် ပတ် ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှုများကိုလည်း လျှော့ချပေးသည်။
Epson (Thailand) ၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ Mr. Yunyong Muneemongkoltorn က “ကြာရှည်လှတဲ့ COVID-19 ကူးစက်မှု အခြေအနေတွေက IT ဈေးကွက်တစ်ခုလုံးကို ဆက်လက်ပြီး အကြီးအကျယ်ထိခိုက်စေပါတယ်။ Chipset နဲ့ အပိုပစ္စည်းထုတ်လုပ်တဲ့ စက်ရုံ တွေက လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ရုန်းကန်နေရပြီး တစ်ချို့စက်ရုံတွေကတော့ ကုန် ထုတ်လုပ်မှုနှုန်းကို လျှော့ချတာမျိုး ဒါမှမဟုတ် COVID-19 ကူးစက်မှုကို ထိန်းချုပ်ဖို့ လုပ်ငန်း တွေ ဆိုင်းငံ့ထားရတာမျိုးအထိ ရှိလာပါတယ်။ COVID-19 ရဲ့ ရိုက်ခတ်မှုက အပြည်ပြည် ဆိုင်ရာမှာ ကုန်ပစ္စည်းတွေ ထောက်ပံ့ပို့ဆောင်ရေးနဲ့ ထုတ်ကုန်တွေပြတ်လပ်မှုအထိ ဖြစ်ပွား ခဲ့ပါတယ်။ အခုဆိုရင် အိမ်ကနေ အလုပ်လုပ်ကြရတယ်၊ အိမ်ကနေ လေ့လာသင်ကြား တာတွေ လုပ်ဆောင်ရတာကြောင့် နည်းပညာဆိုင်ရာ IT ထုတ်ကုန်ပစ္စည်းလိုအပ်မှုနဲ့ ဝယ်လို အားတွေ မြင့်တက်နေသလို တစ်နည်းအားဖြင့် တစ်ဉီးနဲ့တစ်ဉီးပေါင်းစပ်လုပ်ကိုင်မှု များပြား လာခြင်းက ဒေသအသီးသီးက လုပ်ငန်းလည်ပတ်မှုတွေကို ထောက်ပံ့ပေးတဲ့ ဝန်ဆောင်မှု တွေနဲ့ ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကို ပြည့်စုံနားလည်လာစေဖို့ လှုံဆော် ပေးလိုက်တာ လည်း ဖြစ်ပါတယ်
” ဟု ပြောကြားခဲ့သည်။
“အထူးသဖြင့် စီးပွားရေးလုပ်ငန်းအဆင့်အမျိုးအစားတွေမှာ အေရအတွက်နဲ့ စံနှုန်းတန်ဖိုး နှစ်မျိုးစလုံးအရ Printer တွေရဲ့ အခန်းကဏ္ဍမှာ အရောင်းမြင့်တက်မှုဟာ မှတ်တမ်းတင် နိုင်ခဲ့ပါတယ်။ ဒီအမျိုးအစား ကိရိယာတွေက စွမ်းဆောင်ရည် ပြည့်ဝရုံမျှမက ဘက်စုံ အသုံးပြုလုပ်ဆောင်နိုင်တာကြောင့်ပေါင်းစပ်လုပ်ကိုင်ရတဲ့ ရုံးခန်းတွေမှာနဲ့ အိမ်ကနေ အလုပ် လုပ်ရတဲ့အခါမှာ စိတ်တိုင်းကျစေတဲ့ ခံစားချက်ကို အပြည့်အဝပေးစွမ်းနိုင်ပါတယ်။ Epson ရဲ့ Eco Tank က ဒီအခန်းကဏ္ဍကို လွှမ်းမိုးလာတာနဲ့အတူ Ink-tank printer တွေကလည်း ယခင်ကလိုပဲ တူညီတဲ့စံနှုန်းနဲ့ အရောင်းကျယ်ပြန့်လာခဲ့ပါတယ်။ အထူးသဖြင့် Printer ဈေးကွက်က B2B အပိုင်းမှာ ကောင်းမွန်စွာ ထိန်းထားနိုင်ခဲ့တာကြောင့် Epson အနေနဲ့ ထိုင်း ဈေးကွက်ကို ကြီးမားကျယ်ပြန့်လာစေဖို့နဲ့ ခိုင်မာလာစေဖို့အတွက် ထုတ်ကုန်သစ် Eco Tank အမျိုးအစားတွေကို ထပ်မံ မိတ်ဆက်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီထုတ်ကုန်သစ်က ink-catridge printers, လေဆာ printers နဲ့ အသေးစား မိတ္တူကူးစက်တွေအပြင် ink-tank printer တွေရဲ့ ဉီးဆောင်သူအနေနဲ့ ရပ်တည်နိုင်ခဲ့တဲ့ Epson ရဲ့ လက်ရှိဈေးကွက် အနေ အထားကို အခိုင်အမာအရယူထားနိုင်ဖို့ Epson ရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်သွားမယ်လို့ ကတိပြုပါတယ်။
” ဟု ဆက်လက်ပြောကြားခဲ့သည်။
များပြားစုံလင်လှသော Eco Tank အမျိုးအစားသစ်များ မိတ်ဆက်ပွဲတွင် Mr. Yunyong မှ “ကျွန်တော်တိုရဲ့ ထုတ်ကုန်မှတ်တမ်းကို ပိုမိုတိုးမြှင့်နိုင်စေဖို့ အမျိုးအစားသစ် ၁၇ မျိုးကို တစ်ချိန်တည်းမှာပဲ မိတ်ဆက်နိုင်ခဲ့ပါတယ်။ အခုဆိုရင် ကျွန်တော်တို့မှာ သုံးစွဲသူတွေရဲ့ လိုအပ်ချက်ကို ကျယ်ကျယ်ပြန့်ပြန့် တုံ့ပြန်နိုင်ဖို့ ဈေးကွက်ထဲမှာ တစ်မျိုး တည်းသုံး printer အမျိူးအစားနဲ့ တစ်မျိုးမကလုပ်ဆောင်နိုင်တဲ့ ဘက်စုံသုံး printer အမျိုးအစားပေါင်း (၂၉) မျိုးထိ ရှိလာခဲ့ပါပြီ။ တချို့အမျိုးအစားတွေက ဝိုင်ယာချိတ်ဆက်မှု လိုအပ်ပြီး တစ်ချို့ကတော့ WiFi လုပ်ဆောင်ချက်ရှိရုံနဲ့ သက်သောင့်သက်သာ နေ့စဉ်အသုံးပြုနိုင်တယ်။ ကျွန်တော်တို့ရဲ့ စက်တွေက အဖြူ/အမည်းပုံနှိပ်မှု၊ အရောင်ဖြင့်ပုံနှိပ်မှု တွေနဲ့အတူ ဓာတ်ပုံတွေပါ print ထုတ်နိုင်ပါတယ်။ သူတို့မှာ အလိုအလျောက် နှစ်ဖက်ကျောကပ်ပုံနှိပ်ပေးတဲ့ လုပ်ဆောင် ချက်လည်း ပါရှိတယ်။ တချို့ printer တွေက A3 စာရွက်ဆိုဒ်ထိ print ထုတ်နိုင်ပါတယ်။ အခုမိတ်ဆက်လိုက်တဲ့ အမျိုးအစားသစ် (၁၇) မျိုးကိုတော့ (၃) အုပ်စုခွဲထားပါတယ်၊ compact-printer အမျိုးအစား ၈ မျိုး၊ အသေးစားရုံးခန်း လေးတွေ ဒါမှမဟုတ် အိမ်မှာပဲဖွင့်တဲ့ ရုံးခန်းတွေအတွက် printer အကြီး (၇) မျိုးနဲ့ မြန်ဆန်တဲ့နှုန်း၊ အရည်အသွေး ကောင်းကောင်းနဲ့ အရေအတွက်အများကြီး ရိုက်နှိပ်လိုတဲ့ ကုမ္ပဏီကြီးတွေအတွက် high-performance-printer အမျိုး အစား (၂) မျိုး တို့ပဲဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
နောက်ဆုံး မိတ်ဆက်လိုက်သော printers ထဲတွင် အသားပေးဖော်ပြထားသည့် အမျိုး အစားများမှာ EcoTank L6460 နှင့် L6490 ပင်ဖြစ်သည်။ အဆိုပါအမျိုးအစားများမှာ အရည်အသွေးမြင့် တစ်ခုထက်မက ဘက်စုံသုံးစွဲနိုင်သော အရောင် လေးရောင်ထုတ် printer များ ဖြစ်ပါသည်။ ကျစ်လျစ်သေသပ်လှသော စက်အရွယ်အစားဖြင့် တစ်လလျှင် အရွက်ရေ ၂ ထောင်နှင့်အထက် ထုတ်ဖို့လိုအပ်မည့် အမျိုးမျိုးသော ကုမ္ပဏီလုပ်ငန်းဌာနများတွင် ပြီးပြည့်စုံ စွာ အသုံးပြုနိုင်မည် ဖြစ်သည်။ နှစ်မျိုးလုံးသည် ကြည်လင်တောက်ပသော ကာလာဆန်း များနှင့် တိကျသေသပ်သော စာလုံးများ ထင်ပေါ်စေရန်အတွက် ရေစိုခံမှင်ကို အသုံးပြုထား ခြင်းဖြစ်သည်။ ပုံနှိပ်ထားမှုများမှာလည်း အချိန်ကြာလာသည်နှင့်မျှ မှေးမှိန်ပြီး အရောင်ကျ သွားခြင်းမရှိပဲ ကြာရှည်ခံပါသည်။ ပိုမိုကောင်းမွန်သောအချက်က အချို့သောမှင်များအတွက် printer စက်တွင် nozzles လဲတပ်ရန် မလိုအပ်ခြင်းဖြစ်သည်။ မှင်တစ်စုံဆီတိုင်းမှ အဖြူ အမည်းစာရွက် ၇၅၀၀ နှင့် ကာလာစာရွက် ၆၀၀၀ အထိ ထုတ်နိုင်သည်။ အဆိုပါ အမျိုး အစားများ၏ printing အမြန်နှုန်းမှာလည်း အံ့မခန်းပင်ဖြစ်သည်။ အဖြူအမည်း ထုတ်ခြင်းကို 17 ipm (တစ်မိနစ်လျှင် ၁၇ ပုံနှုန်း) နှင့် အရောင်ဖြင့် ထုတ်ခြင်းကို 9.5 ipm (တစ်မိနစ်လျှင် ၉ပုံခွဲနှုန်း) ရှိသည်။ အချိန်အားဖြင့် ပထမဦးဆုံး First Print-out Time (FPOT) ထုတ်သည့်အခါ အဖြူအမည်းအတွက် ၇ စက္ကန့်နှင့် ကာလာ အတွက် ၁၁ စက္ကန့်သာ ကြာမြင့်ပါသည်။ Printer ထဲမှာ စာရွက်ရေ ၂၅၀ အထိ ထည့်ထားနိုင်တာကြောင့် အချိန်တော်တော် ကြာကြာ မရပ်မနား ဆက်တိုက်ထုတ်နိုင်ပါသည်။ L6490 အမျိုးအစားကလည်း fax စနစ် တပ်ဆင်ထားခြင်းနဲ့အတူ ဈေးကွက်ထဲကို ဝင်ရောက်လာခြင်း ဖြစ်သည်။
“လက်ရှိ အလယ်အလတ်နဲ့ အကြီးစားလုပ်ငန်းတွေက လေဆာပုံနှိပ်စက်တွေနဲ့ မိတ္တူစက်တွေအတွက် ခိုင်မာတဲ့ ဈေးကွက် အဖြစ်ရှိနေတုန်းပါပဲ။ ဒီဈေးကွက်ထဲမှာ EcoTank L6460 နဲ့
L6490 အမျိုးအစားက တစ်မိနစ်အတွင်း စာရွက် ၂၀ ထက် ပိုမထုတ်နိုင်တဲ့ laser printer တွေကို ယှဉ်ပြိုင်နိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ လုပ်ငန်းခွင်သုံး inkjet printer တွေနဲ့အတူ Epson က ခိုင်မာစွာနဲ့ ဈေးကွက်ထဲမှာ ဆက်လက်ရပ်တည်နေပါတယ်။
” ဟု Mr.Yunyong မှ ပြောကြားခဲ့သည်။
EcoTank အမျိုးအစားသစ်အားလုံးမှာ Heat-Free အပူလျှော့နည်းပညာသစ် တပ်ဆပ်ပေးထားသောကြောင့် သုံးစွဲသူ များအတွက် laser printer များအသုံးပြုခြင်းနှင့် နှိုင်းယှဉ်ရင် ကုန်ကျစရိတ် သက်သာစေသည်။ ထို့အပြင် အဆိုပါ အမျိုးအစားများသည် အစမ်းထုတ်လုပ်သည့်နေရာမှာတောင် တိကျထင်ရှားမှုကို ပေးစွမ်းနိုင်သည့်Draft Vivid mode လုပ်ဆောင်ချက် ပါဝင်ပါသည် ။ Printer တွင် အသုံးပြုမည့် စက္ကူကလည်းပဲ မည်သည့်စာရွက်အမျိုးအစားဖြင့်မဆို အသုံးပြုနိုင်ပါသည်။ အဆိုပါ Eco Tank အမျိုးအစားများအား Epson Smart Panel application ဖြင့်လည်း တွဲဖက် အသုံးပြုနိုင်မည် ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် ဘယ်နေရာမှာမဆို မိမိတို့၏ စမတ်ဖုန်း သို့မဟုတ် tablets များမှတဆင့် လုပ်ဆောင်နိုင်ပါသည်။ ထို့အပြင် အဆိုပါအမျိုးအစားများတွင် စက်အတွင်း စာရွက်ရွှေ့လျားကူးပြောင်းရာ၌ အဆင်ပြေ စေသည့် grid-texture မျက်နှာပြင် ပေါင်းထည့်ထားပြီး အဆင့်အတန်းမြင့် non-slippery လုပ်ဆောင်ချက်များလည်း ပါရှိသည်။
ဆက်လက်ပြီး Mr. Yunyong မှ “EcoTank ရဲ့ ထူးခြားတဲ့စွမ်းရည်က laser printers အသုံးပြုနေသူတွေ အဓိက ကြုံရလေ့ရှိတဲ့ အခက်အခဲလေးမျိုးကို သက်သာစေမယ့် Heat-Free technology နည်းပညာနဲ့အတူ တိကျတဲ့ PrecisionCore print လုပ်ဆောင်မှုနဲ့ ဆောင်ရွက်နိုင်ခြင်းဖြစ်ပါတယ်။ EcoTank က လျှပ်စစ်စွမ်းအင်သုံးစွဲမှုကို လျှော့ချပေးတယ်။ ဒါဟာ စက်လည်ပတ်ဖို့ စောင့်ဆိုင်းရတဲ့အချိန် အနည်းငယ်ပဲ လိုအပ်ပါတယ်။ အစိတ်အပိုင်း အနည်းငယ်နဲ့ စွမ်းအင်သုံးစွဲနိုင်စွမ်းနည်းနည်းသာ သုံးထားတဲ့အတွက် Eco Tank က ထိန်းသိမ်းဖို့လည်း လွယ်ကူပြီး ထိခိုက် ဆုံးရှုံးမှု အန္တရာယ်တွေကိုလည်း လျော့ပါးစေပါတယ်။ ပိုကောင်းတာက ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကို လျှော့ချ နိုင်စေတဲ့အတွက် ရုံးခန်းမှာပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် ပတ်ဝန်းကျင်ကို အကျိုးရှိရှိနဲ့ သုံးစွဲရအဆင်ပြေစေပါတယ်။
” ဟု ပြောကြားခဲ့သည်။
များပြားလှစွာသော ပုံနှိပ်ပစ္စည်းများကို ထိန်းချုပ်ကိုင်တွယ်နိုင်စွမ်းရှိသော Eco Tank က ကျစ်လျစ်သည့်အလျောက် လုပ်ငန်းဆောင်တာများကို ပြီးမြောက်စေပါသည်။ တစ်ခုတည်းဖြင့် အားလုံးပြီးမြောက်စေမည့် နည်းလမ်းတစ်ခု ဖြစ်ပါသည်။ စက်အတွင်း မှင်နှင့် စာရွက် သိုလှောင်ထားနိုင်မှု မြင့်မားခြင်းနှင့်အတူ အချိန်တိုအတွင်း မှင် သို့မဟုတ် စာရွက် ပြန်လည်ဖြည့်တင်းရသည့် ဒုက္ခကိုလည်း လျှော့ချပေးပါသည်။ အရေးပါဆုံးသောအချက်မှာ EcoTank printer သည် ပတ်ဝန်းကျင်ကို အကျိုးပြုစေပြီး ပါဝင်အစိတ်အပိုင်းများက ပြန်လည်အသုံးပြုလို့ရသည့် ပစ္စည်းများဖြင့် တပ်ဆင်ပြုလုပ် ထားခြင်းပင် ဖြစ်သည်။
“ကောင်းမွန်တဲ့ထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေကို ထုတ်ဖော်ပြသတဲ့အနေနဲ့ ထပ်မံပြီး ကျွန်တော်တို့ရဲ့ များစွာသော အကျိုး ကျေးဇူးတွေနဲ့ Heat-Free နည်းပညာကို လူအများစိတ်ဝင်စားလာအောင် စဉ်ဆက်မပြတ် ထိန်းသိမ်းသွားနိုင်ဖို့အတွက် မျှော်လင့်ရင်း လူမှုအကျိုးပြုလှုပ်ရှားမှု အစီအစဉ်တွေကိုလည်းပဲ ပြင်ဆင်ထားပါတယ်။ ကမ္ဘာ့ရာသီဥတုအခြေအနေကို ထိခိုက်နေစေတဲ့ မြောက်ဝင်ရိုးစွန်း ဖန်လုံအိမ်အကျိုးသက်ရောက်မှုတွေကို ဖြေရှင်းဖို့ ကျွန်တော်တို့ရဲ့ ဒေသအလိုက် ရုံးချုပ် တွေက National Geographic နဲ့အတူ ပူးပေါင်းပြီး “Turn Down The Heat” အစီအစဉ်ကို မိတ်ဆက်နိုင်ခဲ့ပါတယ်။
” ဟု Mr.Yunyong မှ ပြောကြားခဲ့ပါသည်။
###
Epson အကြောင်း
Epson သည် မိမိတို့၏ စွမ်းဆောင်ရည်ပြည့်ဝမှု၊ သေးသွယ်ပေါ့ပါးမှုနှင့် ထိရောက်တိကျမှုတို့ကို အခြေပြုထားသည့် ပင်ကိုမူလ နည်းပညာများဖြင့် လူထု၊ အရာဝတ္တုပစ္စည်းများနှင့် သတင်းအချက်အလက်များကို ချိတ်ဆက်ပေးခြင်းအားဖြင့် လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ်လိုအပ်လာစေရန် ရည်မှန်းထားသော ကမ္ဘာ့နည်းပညာလောကကို ဉီးဆောင်သူပင်ဖြစ်သည်။ ကုမ္ပဏီအနေဖြင့် ဆန်းသစ်တီထွင် မှုများကို ယူဆောင်ပေးပြီး inkjet,
visual communications,
wearables နှင့်
robotics တို့တွင် သုံးစွဲသူများ၏ လိုအပ်ချက်ကို ကျော်လွန်စွာ ဖြည့်တင်းပေးနိုင်ရန် အထူးဂရုပြုလုပ်ဆောင်ခဲ့သည်။ Espon မှ ခိုင်မာတည်တံ့သော လူ့အဖွဲ့အစည်းကို အသိအမှတ် ပြုစေရန် ပါဝင်ဆောင်ရွက်မှုများနှင့်
United Nations ၏ ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ တည်တံ့စေရန် လုပ်ဆောင်လျက်ရှိသော ကြိုးပမ်းဆောင်ရွက်မှုများအတွက် ဂုဏ်ယူလျက်ရှိပါသည်။ ဂျပန်နိုင်ငံအခြေစိုက်
Seiko Epson Corporation ဦးဆောင်သော တစ် ကမ္ဘာလုံးရှိ Epson လုပ်ငန်းစုသည် နှစ်စဉ် ဂျပန်ယန်း ၁ ထရီလီယံ ပမာဏထက်ပိုမိုသော အရောင်းတန်ဖိုးရှိသည်။
Epson Singapore အကြောင်း
၁၉၈၂ ခုနှစ်ကတည်းက Epson သည် အရှေ့တောင်အာရှနှင့် တောင်အာရှရှိ အဓိကဈေးကွက်များတွင် ခိုင်မာသေချာသည့် ရပ်တည်မှုကို ဖွံ့ဖြိုးတိုးတက်စေခဲ့ပါတယ်။ Epson စက်ာပူအခြေစိုက် ဒေသတွင်း ဌာနချုပ်အနေဖြင့် အရှေ့တောင်အာရှတွင် Epson စီးပွားရေးလုပ်ငန်း စုကို ဝန်ဆောင်မှုဌာန (၅၀၀) နီးပါးဖြင့် နိုင်ငံပေါင်း (၁၁) နိုင်ငံထိ ကျယ်ပြန့်သော အခြေခံအဆောက်အအုံနဲ့အတူ ထုတ်လုပ်မှုစက်ရုံ (၇) ရုံ၊ Epson solution centers (၅) ခု ဖြင့် ကမ္ဘာတစ်ဝှမ်းကွန်ရက်ကို လွှမ်းခြုံထားနိုင်ခဲ့သည်။
Epson Thailand အကြောင်း
Epson Thailand ကို ထိုင်းနိုင်ငံ CLM တိုင်းပြည်များနှင့် ပါကစ္စတန်နိုင်ငံတို့တွင် Epson ထုတ်ကုန်များအား အရောင်းမြှင့်တင်စေရန် ရည်ရွယ်ချက်ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၁၉၉၀ ခုနှစ် အောက်တိုဘာလက စတင်တည်ထောင်ခဲ့သည်။ Epson Thailand သည် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားရှိ Epson ၏ လုပ်ငန်းလည်ပတ်မှုများအတွက် ဒေသတွင်းရုံးခွဲလည်း ဖြစ်သည်။ ယနေ့ Epson Thailand တွင် ဝန်ထမ်းပေါင်း (၁၃၂)ယောက်၊ Epson ဝန်ဆောင်မှု စင်တာပေါင်း (၁၇၀) နှင့် ကမ္ဘာတစ်ဝှမ်း အသိအမှတ်ပြု မိတ်ဖက်ပူးပေါင်း ဆောင်ရွက်သူ (၁၉၉)ယောက်ဖြင့် ကွန်ရက်ချဲ့ထွင်ထားသည်။ ယင်းထုတ်ကုန်များအားလုံးမှာ ကောင်းမွန်တာရှည်ခံခြင်းနှင့်အတူ ‘နည်းပညာကိုဉီးဆောင်နေသော ထုတ်ကုန်များ’ အနေဖြင့် ကျယ်ပြန့်စွာ လက်ခံထားခဲ့ကြသည်။
အထူးသဖြင့် အမျိုးမျိုးသောစီးပွားရေး လုပ်ငန်းများနှင့် ကုမ္ပဏီထုတ်ကုန်များတွင်
PrecisionCore print ဉီးဆောင်မှု၊ Heat-Free technology နည်းပညာနှင့်အတူ
စွမ်းအားမြင့် printer၊
Epson EcoTank
နှင့် Epson ၏ ကိုယ်ပိုင်နည်းပညာဖြစ်သော 3LCD နည်းပညာသုံး
Epson laser projector များ
ပါဝင်သည်။ Epson ထုတ်ကုန်များမှာ ထိုင်းနိုင်ငံစေ
◌
ျးကွက်ကို ထိုးဖောက်ဝင်ရောက်နိုင်မှုနှင့် စေ
◌
ျးကွက်ဝေစုကို လျှင်မြန်စွာ ချဲ့ထွင်နိုင်ရုံမျှမက သုံးစွဲသူများ၏ လိုအပ်ချက်ကို တုံ့ပြန်ဆောင်ရွက်နိုင်ရန်လည်း အဆက်မပြတ် လုပ်ဆောင်လျက်ရှိသည်။ Epson အနေဖြင့် သူ၏ထုတ်ကုန်များနှင့်ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်စေရန် ထိန်းသိမ်းလျက်ရှိပြီး ပတ်ဝန်းကျင်သစ်၏ ဆန်းသစ် ပြောင်းလဲခြင်းနှင့်အတူ မြှင့်တင်နိုင်ရန်လည်း ဆောင်ရွက်လျက်ရှိသည်။
Epson Authorised Distributor
Client Focus Technology Group Co., LTD
No.25/26, Bayint Naung Main Road, Ward (3), Hlaing Township, Yangon, Myanmar
Tel : 01-531013 / 01-531044
Email :
info@cftgmyn.com
Epson Rolls Out EcoTank Models to Tap Further into Enterprise Market in New Normal Age,
Reaffirming Market Leader Status and Gaining More Market Shares from Laser Printers
(Yangon, October 29th
su, 2012)
Epson is adding vibrancy to the printer market in the latter half of 2021 by launching many EcoTank printer models. Responding to the needs of Work-From-Home and New-Normal offices, the launch highlights heat-free printing technology offers the best value through the devices’ energy-saving and time-saving benefits, promises smooth continuous printing, and also lowers environmental impacts.
Mr. Yunyong Muneemongkoltorn, Managing Director of Epson (Thailand) Company Limited, says, “The lingering COVID-19 situation has continued to seriously affect the whole IT market. Chipset and parts factories are now struggling to meet demand, as some plants have to reduce their manufacturing capacity or even suspend operations to control COVID-19 transmissions internally. Adding COVID-19 impacts on international logistics and the shortage of products has happened. Demand for IT products, meanwhile, has been rising in response to work-from-home/study-from-home practices as well as growing hybrid working that has prompted the comprehensive allocation of solutions and facilities in support of operations in various areas”.
“The printer sector recorded sales growth – in terms of both unit and value – especially in the enterprise-class category. Devices in this category are not only efficient but also multifunctional, thus proving perfect to work-from-home mode and hybrid offices. Ink-tank printers had grown at the same rate as before with Epson’s EcoTank dominating this sector. Because the printer market has adjusted well particularly in B2B segment, Epson has decided to introduce new EcoTank models to diversify and bolster the Thai market. The new product launch promises to boost Epson’s competitive ability to steal market share from ink-cartridge printers, laser printers, and even small photocopiers, as well as to reaffirm Epson’s status as the ink-tank printer leader,” he continues.
On the launch of various new EcoTank models, Mr. Yunyong says, “We have launched 17 new models at the same time to enhance our product portfolio. Now, we have 29 single-function and multifunction printers in the market to comprehensively respond to users’ needs. While some models require cable connections, some others have convenient WiFi feature. Our devices, moreover, can deliver black-and-white prints, color prints, and photo prints. They also automatically facilitate doubled-sided printing. Some devices can even produce A3 prints. In all, the 17 new models can be divided into three groups: eight compact-printer models for home use; seven bigger printers for small offices or home offices; and two high-performance-printer models for corporates that want to carry out a huge volume of printing jobs with fast speed and high quality”.
Highlights of the latest launch are EcoTank L6460 and L6490, the high-performance multifunction four-color printers. Designed for A4 prints, they are compact in size and perfect for use at various departments of enterprises that need to print up to 2,000 pages a month. Both models use water-resistant pigment inks for vivid colors and sharp texts. Their prints last long, without fading. Better still, such inks do not clog print head’s nozzles. Each set of inks can print up to 7,500 black-and-white pages and 6,000 color pages. Their printing speed is also impressive, delivering 17 ipm of black-and-white prints or 9.5 ipm of color prints. Their First Print-out Time (FPOT) is 7 seconds for the black-and-white and 11 seconds for the color one. Equipped with a 250-sheet paper tray, they can print non-stop for a long while. L6490 model also comes to the market with a built-in fax system.
“Presently, medium and large enterprises have still been the major market for laser printers and photocopiers. In this market, EcoTank L6460 and L6490 will compete against laser printers that can print no more than 20 pages a minute. Together with our WorkForce inkjet printers, they will strengthen Epson’s standing in this market,” Mr. Yunyong says.
All new EcoTank models deploy Heat-Free printing technology, which saves users’ cost in comparison with laser printers. Moreover, these models feature Draft Vivid mode that gives a clearer, more vibrant draft. Their enhanced paper feed is also compatible with various types of paper. In addition, these EcoTank models are compatible with Epson Smart Panel application. Their users therefore can order printing jobs from anywhere via their cell phones or tablets. Last but not least, these models have grid-texture surface for added luxury and non-slippery feature that proves real practical during transportation.
Mr. Yunyong continues that, “The outstanding strength of EcoTank lies with PrecisionCore print head with Heat-Free technology, which relieves customers of four burdens associated with laser printers. EcoTank reduces power consumption. It requires less warmup time. Comprising fewer parts and using fewer consumables, EcoTank is also easier-to-maintain and has lower risks of getting damaged. Better still, it is friendly to the environment both at office and at home as it cuts carbon-dioxide emissions”.
Capable of handling various print materials, EcoTank is compact yet functional. It is an all-in-one solution. With high-capacity ink tank and paper tray, it reduces downtime of ink or paper refilling. Importantly, it is so friendly to the environment. Its parts are made of recycled materials.
“In addition to presenting great products and services, we have also prepared CSR activities that resonate with the big benefits of our Heat-Free technology in hopes of sparking public interest in sustainability. Our regional headquarters have launched the “Turn Down The Heat” campaign in collaboration with National Geographic to address greenhouse effects in the North Pole that affect the world’s climate,” Mr. Yunyong concludes.
###
About Epson
Epson is a global technology leader dedicated to becoming indispensable to society by connecting people, things and information with its original efficient, compact and precision technologies. The company is focused on driving innovations and exceeding customer expectations in inkjet, visual communications, wearables and robotics. Epson is proud of its contributions to realizing a sustainable society and its ongoing efforts to realizing the United Nations' Sustainable Development Goals. Led by the Japan-based Seiko Epson Corporation, the worldwide Epson Group generates annual sales of more than JPY 1 trillion.
http://global.epson.com
About Epson Singapore
Since 1982,
Epson has developed a strong presence across major markets in Southeast Asia and South Asia. Led by the regional headquarters Epson Singapore, Epson’s business in Southeast Asia spans an extensive network of 11 countries with a comprehensive infrastructure of close to 500 service outlets, 7 manufacturing facilities and 5 Epson solution centers.
http://www.epson.com.sg
About Epson Thailand
Epson Thailand was established in Bangkok, Thailand in October 1990 with the objective of promoting the sales and marketing of Epson products in Thailand CLM Countries and Pakistan. Epson Thailand is also the sub-regional centre for Epson's operations in Myanmar, Laos, and Cambodia. Today, Epson Thailand has 132 employees, 170 Epson service centers and the extensive network of
1
99 authorized partners throughout the country. Its products are widely accepted as ‘IT leading products’ with good durability and excellent functions, especially in the category of business and corporate products including high-speed printer with PrecisionCore print head and Heat-Free technology, Epson EcoTank, and Epson laser projector with its own 3LCD technology. Epson product has not only penetrated Thai market and quickly expanded its market share, but also continuously responded to the needs of consumers. As Epson is maintaining its excellence in products and services, it also works hard to come up with new environmental-friendly innovations.
http://www.epson.co.th
Epson Authorised Distributor
Client Focus Technology Group Co., LTD
No.25/26, Bayint Naung Main Road, Ward (3), Hlaing Township, Yangon, Myanmar
Tel : 01-531013 / 01-531044
Email :
info@cftgmyn.com