
Squid တန်ဖိုး $2.22 သို့ ရောက်ရှိပြီး လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း 2,400% ကျော် မြင့်တက်ခဲ့ပါတယ်။ ဈေးကွက်တန်ဖိုး စုစုပေါင်း $174 ကျော်သို့ ရောက်ရှိနေပါတယ်။
Squid တိုကင်ကို Squid Game စီမံကိန်းအတွက်သာ သီးသန့် ရောင်းချခဲ့ပါတယ်။ ကစားရင် ဝင်ငွေရ ပလက်ဖောင်းအတွက်သာ သီးသန့် ခရစ္ပတို ဖြစ်ပါတယ်။
Netflix ရဲ့ ကိုရီးယား ဘာသာစကား ဇာတ်ထုပ် “Squid Game” ကို အရွယ်ရောက်ပြီးသူတွေ ကစားဖို့ လုပ်ပေးထားတယ်။ ကလေးဂိမ်းကို လူကြီးတွေ ကစားကြတယ်။ ကြီးမားတဲ့ ငွေသားဆုကြီးကို ရရှိဖို့ ကမ္ဘာတစ်လွှားမှာ ဇောထက်ထက်သန်သန်ဖြင့် အကြီးအကျယ် ကစားကြတယ်။
အခု ကိုယ်ပိုင်အမည်အမှတ်တံဆိပ် SQUID ဖြင့် ခရစ္ပတို ငွေကြေး ထားရှိတယ်။
SQUID က တန်ဖိုးတအားတက်နေလို့ ဝယ်ရောင်း လုပ်ဖို့ စိတ်ဝင်စားစရာ ကောင်းနေပေမဲ့ မလုပ်ခင်မှာ သိထားသင့်တဲ့ အချက်တွေ ရှိနေတယ်။
CoinMarketCap သတိပေးချက် ထုတ်ပြန်ထားတယ်။ လူသုံးများတဲ့ ဗဟိုထိန်းချုပ်မှုမဲ့ ငွေလဲကောင်တာ Pancakeswap မှာ SQUID ရဲ့ တိုကင်တွေ ရောင်းလို့မရကြောင်း သတင်းပေးပို့ချက်တွေ လက်ခံရရှိထားတယ်။
သတ်မှတ်ပြဋ္ဌာန်းထားတဲ့ အချက်တွေနဲ့ မကိုက်ညီရင် ကွိုင်တွေ ရောင်းလို့မရအောင် တားထားတာတဲ့အချက် ရှိနေတယ်။
ကွိုင်ကို အောက်တိုဘာလ ၂၀ ရက်မှာ ကြိုတင် အရောင်း စတင်ခဲ့တယ်။ ၁ စက္ကန့်အတွင်း အကုန်လုံး ရောင်းထွက်သွားတာ်။
ကစားရင် ဝင်ငွေရ ပလက်ဖောင်းမှာ အွန်လိုင်း တံခွန်စိုက် ပြိုင်ပွဲကျင်းပတယ်။ တီဗီရှိုးမှာ ပါတဲ့ ဂိမ်းတွေ ကစားရမယ်။
Squid Game ဇာတ်ထုပ်ထဲမှာ ဖိုင်နယ်မှာ အနိုင်ရသူကို အမေရိကန်ဒေါ်လာ ၃၈.၅ သန်း ဆုချပေမယ့် အခုဂိမ်းမှာတော့ ကန့်သတ်ချက်မရှိဘူး။ ဝင်ကစားတဲ့သူတွေ များရင်များသလို ဆုကြေးပမာဏက တိုးနေမယ်။ ပါဝင်ကစားနိုင်သူ ဦးရေကိုလည်း ကန့်သတ်မထားဘူး။
ကစားတဲ့သူက squid တိုကင်ကို ပေါက်ဈေးဖြင့် ဝယ်ယူပြီးမှ ဂိမ်းတစ်ခုချင်း ကစားရတယ်။ တချို့ပွဲစဉ်တွေမှာ ပစ္စည်းဝယ်ဖို့ လိုတယ်။ non-fungible token (NFT) လို့ခေါ်တဲ့ ပစ္စည်းကို သက်ဆိုင်ရာ ဝဘ်ဆိုက်မှာ ရောင်းချပေးနေတာကို ဝယ်ရတယ်။ ဇာတ်ထုပ်ထဲမှာပါတဲ့ ဇာတ်ကောင်တွေကို NFT ပစ္စည်းအဖြစ် ရောင်းခိပေးတာကို မဝယ်မနေရ ဝယ်ရတယ်။ ဥပမာ အနီရောင်ဝတ်စုံ ဝတ်ထားတဲ့ အစောင့်အရှောက်တွေ၊ မျက်နှာတစ်ခုလုံး လုံနေအောင် ကာပေးတဲ့ မျက်နှာဖုံးအမည်းတွေ။
ဒီတော့ ဂိမ်းကစားရတာ ကြေးကြီးတယ်။ squid တိုကင် ပေါက်ဈေးက တအားမြင့်နေတော့ အကုန်အကျ ကြီးမားပါတယ်။
တံခွန်စိုက်ပွဲရဲ့ ဖိုင်နယ်အဆင့်ကို ရောက်လာဖို့ ပေးရတဲ့ ပမာဏက ၁၅,၀၀၀ ဆိုတော့ ပေါက်ဈေးအရ အမေရိကန်ဒေါ်လာ ၃၃,၄၅၀ ကုန်ကျတယ်။ NFT တစ်မျိုးကိုလည်း ဝယ်ရသေးတယ်။
ပွဲစဉ်တစ်ခုအတွက် ရတဲ့ဝင်ကြေးရဲ့ ၉၀% ကို ဆုကြေးထဲ ပေါင်းထည့်ပေးတယ်။ ကျန်တဲ့ ၁၀% ကို developers တွေ ရပါတယ်။
cnbc.com