Apple နှင့် Samsung တို့ရဲ့ ဖုန်းမှန်သုတ်အဝတ်
myanmaritdirectory.com
|
2021-11-12

Apple က ဖုန်းမှန်သုတ် အဝတ်ကို ထုတ်ကုန်တစ်ခုအဖြစ် ထုတ်လုပ်ရောင်းချတယ်။ Samsung က နောက်ဘက်မှ အမီလိုက်ပြီး ဖုန်းမှန်သုတ်အဝတ် ထုတ်လုပ်တယ်။


Apple က ဖုန်းမှန်သုတ်အဝတ် Polishing Cloth ကို အမေရိကန်ဒေါ်လာ ၁၉ ဒေါ်လာဖြင့် ရောင်းပါတယ်။ Samsung က Apple ရဲ့ ပရီမီယဲ အဝတ်စကို စတဲ့နောက်တဲ့ အနေဖြင့် ဖုန်းမုန်သုန်အဝတ် ထုတ်လုပ်ပြီး ဖုန်းဝယ်သူတွေကို အခမဲ့ ပေးပါတယ်။

ကတ္တီပါအသား နူးညံ့တဲ့ သန့်ရှင်းရေး အဝတ်စကို Samsung သုံးစွဲသူများ သူတို့ရဲ့ Samsung ဖုန်းအတွက် ဂျာမနီနိုင်ငံမှာ ကုမ္ပဏီရဲ့ Members အက်ပ်မှ တစ်ဆင့် တောင်းယူနိုင်ကြောင်း အသိပေးပါတယ်။

လောလောဆယ်မှာ ခုရေ ၁,၀၀၀ စီစဉ်ပေးထားတာ အကုန်ကုန်သွားပြီလို့ ဆိုပါတယ်။

Samsung က နောက်ထပ် ဆက်လက်ထုတ်လုပ်မှာလား ဆိုတာ မသေချာပေ။

Apple အနေဖြင့် ပစ္စည်းပေးပို့မယ့်ရက် ကြာမြင့်နေတာကို ဖြေရှင်းနေဆဲ ဖြစ်ပါတယ်။

Apple Polishing Cloth ကို ဒီနေ့မှာကြားရင် ၂၀၂၂ ကျမှ ရနိုင်မှာ ဖြစ်ပါတယ်။

Galaxy A52s, Galaxy S21, Galaxy Z Flip 3, Galaxy Z Fold 3 အပါအဝင် Samsung ရဲ့ စမတ်ဖုန်း လက်ဝယ်ရှိပြီး ဂျာမနီနိုင်ငံရှိသူတိုင်း ဖုန်းမှန်သုတ်အဝတ်စကို သုံးစွဲဖို့ အခမဲ့ ရယူနိုင်ပါတယ်။

Apple ရဲ့ ဖုန်းမှန်သုတ်အဝတ်စကတော့ သတ်မှတ်ထားတဲ့ အိုင်ဖုန်းမော်ဒယ်ကိုသာ သုံးလို့ ရပါတယ်။ ဥပမာအားဖြင့် Polishing Cloth ကို iPhone 4 မှာ သုံးလို့မရဘူးလို့ သိရပါတယ်။


#သန့်ရှင်းရေး
#ဖုန်း
#အမေရိကန်
#ကုမ္ပဏီ
#Apple

Some text some message..