
Xiaomi 12
Xiaomi ထုတ်ကုန်သစ်မိတ်ဆက်ပွဲမှာ Xiaomi ရဲ့ ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Lei Jun က အမှာစကား ပြောကြားခဲ့ပါတယ်။

Xiaomi 12 စီးရီး စမတ်ဖုန်းတွေနဲ့ ပတ်သက်လို့ Lei Jun က Apple ရဲ့ထုတ်ကုန်တွေကို စံပြုသတ်မှတ်ချက်များအဖြစ် ထားရှိခဲ့ပြီး Xiaomi ရဲ့ ပစ္စည်းတွေကို Apple ရဲ့ပစ္စည်းတွေထက် ထုတ်ကုန်အရည်အသွေးများအရ လည်းကောင်း၊ ပစ္စည်းသုံးစွဲတဲ့ အတွေ့အကြံးများအရ လည်းကောင်း သာလွန်ကောင်းမွန်စေလိုကြောင်း သူက တရုတ်ပြည်တွင်း လူမှုကွန်ရက် Weibo မှာ ရေးသားဖော်ပြခဲ့ပါတယ်။

အဲဒီရည်မှန်းချက်ကို ပြည်တွင်းအင်တာနက်အသုံးပြုသူတွေ တော်တော်များများ လှောင်ပြောင်နေတာကို သူကြုံတွေ့ခဲ့ရပေမဲ့ ပြည်တွင်းဖုန်း ထုန်လုပ်သူတွေမှာ ဒီလိုလုပ်ဖို့ သတ္တိရှိသင့်တယ်လို့ သူက ဆိုပါတယ်။ တရုတ်ပြည်တွင်းဖုန်းများရဲ့ စွမ်းပကားက တွေ့ထိခံစားမှု၊ မျက်နှာပြင်၊ ဘက်ထရီ၊ နှင့် အားသွင်းခြင်း စတာတွေမှာ လူအများထင်ထားတာထက် ပိုမိုအားကောင်းတယ်လို့ သူယုံကြည်တယ်လို့ ဆိုပါတယ်။
“စီးပွားရေးသမားများအဖို့ Xiaomi 12 က iPhone 13 ထက် ဖုန်းခေါ်ရတာ ပိုအဆင်ပြေမှာ သေချာပါတယ်" လို့ သူက ဆိုပါတယ်။
မိတ်ဆက်ပွဲမှာ Xiaomi 12X, Xiaomi 12, Xiaomi 12 Pro, MIUI 13 နဲ့ Xiaomi Watch S1 တို့ကို တစ်ခုပြီးတစ်ခု ပွဲထုတ်ပါတယ်။
Xiaomi 12 အကြောင်းအချက်များကို တင်ပြအပ်ပါတယ်။
Xiaomi 12 series ရဲ့ အနေအထားက ယခင် မျိုးဆက်တို့နဲ့ ကွဲပြားခြားနားကြောင်း ပြောပြပါတယ်။ မတူညီတဲ့ သုံးစွဲသူအုပ်စုများအတွက် အရွယ်အစား နှစ်မျိုးဖြင့် ဒီဇိုင်းထုတ်ထားတယ်။
Xiaomi 12 က အရွယ်ငယ်တယ်။ စခရင်ငယ်ငယ် လက်တစ်ဘက်တည်းနဲ့ ကိုင်သုံးဖို့ လွယ်ကူစေပါတယ်။
သားရေလွှာ အုပ်ပေးထားတဲ့ဟာက တောရိုင်းအစိမ်းရောင် ဖြစ်ပါတယ်။ရောင်ပြန်မဟပ်တဲ့မှန်လွှာ AG-glass (Anti-glare glass) အုပ်ပေးထားတဲ့အမျိုးအစားမှာ မှန်လွှာအရောင် သုံးမျိုး မည်း၊ ပြာ၊ ခရမ်း တို့ဖြင့် ထုတ်လုပ်ထားပါတယ်။

Xiaomi 12 စခရင်က 6.28-လက်မ AMOLED ဖြစ်ပြီး refresh rate က 120Hz ဖြစ်ပါတယ်။

Xiaomi 12 series စမတ်ဖုန်းတွေမှာ မျိုးဆက်သစ် Snapdragon 8 Gen1 ချစ်ပ် သုံးထားပြီး LPDDR5 + UFS 3.1 flash memory နဲ့ တွဲပေးထားတယ်။ အပူဖြေဖျောက်ဖို့ 2600mm² cooling VC နဲ့ white graphene သုံးပေးထားတယ်။

GPU မော်ဒယ်က Adreno 730 ဖြစ်ပြီး စွမ်းရည် ၃၀% ပိုကောင်းပြီး စွမ်းအင်သုံးစွဲမှု ၂၅% ပိုနည်းတယ်လို့ ဆိုထားပါတယ်။
Xiaomi 12 ဘက်ထရီက 4500mAh ဖြစ်ပြီး ကြိုးချိတ်ပြီး အားသွင်းရင် 67W ဖြင့် ၃၉ မိနစ်မှာ အားပြည့်မယ်လို့ ဆိုပါတယ်။ ကြိုးမဲ့အားသွင်းရင် 50W နဲ့ သွင်းပေးပြီး အရန်ကြိုးမဲ့အားသွင်းရင် 10W နဲ့ သွင်းပါတယ်။

Xiaomi 12 series စမတ်ဖုန်းတွေမှာ ကင်မရာအတွက် ပုံထုတ်ဖို့ ဦးနှောက်ပါတယ်။
Xiaomi 12 က CyberFocus ထည့်ပေးထားလို့ ထရက်ကင်း tracking အမျိုးစုံ လုပ်လို့ရတယ်။ လူမျက်လုံး ထရက်ကင်း၊ မျက်နှာ ထရက်ကင်း၊ လူအများ ထရက်ကင်း၊ အားကစားလှုပ်လှုပ်ရှားရှား ထရက်ကင်း စတာတွေ စေခိုင်းလို့ရတယ်။
ကျောဘက်ပင်မ ကင်မရာက 50MP ဖြစ်ပြီး ရှေ့ဘက်ဆဲဖီကင်မရာက 30MP ဖြစ်ပါတယ်။

နောက်ဆုံးထုတ် Andriod skin ဖြစ်တဲ့ MIU 13 ကို တင်ပေးထားမယ်လို့ တိုပါတယ်။
Xiaomi 12 ရောင်းဈေးက
8GB + 128GB version က 3,699 yuan,
8GB + 256GB version က 3,999 yuan,
12GB + 256GB version က 4,399 yuan ဖြစ်ပါတယ်။
၂၀၂၁ ဒီဇင်ဘာလ ၃၁ ရက်မှာ စတင်ရရှိနိုင်မယ်လို့ ဆိုပါတယ်။
Xiaomi 12
NETWORK
Technology
GSM / CDMA / HSPA / EVDO / LTE / 5G
BODY
Dimensions
152.7 x 69.9 x 8.2 mm (6.01 x 2.75 x 0.32 in)
Weight
179 g or 180 g (6.31 oz)
SIM
Dual SIM (Nano-SIM, dual stand-by)
DISPLAY
Type
OLED, 1B colors, 120Hz, Dolby Vision, HDR10+, 1100 nits (peak)
Size
6.28 inches, 95.2 cm2 (~89.2% screen-to-body ratio)
Resolution
1080 x 2400 pixels, 20:9 ratio (~419 ppi density)
Protection
Corning Gorilla Glass Victus
PLATFORM
OS
Android 12, MIUI 13
Chipset
Qualcomm SM8450 Snapdragon 8 Gen1 (4 nm)
CPU
Octa-core (1x3.00 GHz Cortex-X2 & 3x2.50 GHz Cortex-A710 & 4x1.80 GHz Cortex-A510)
GPU
Adreno 730
MEMORY
Card slot
No
Internal
128GB 8GB RAM, 256GB 8GB RAM, 256GB 12GB RAM
UFS 3.1
MAIN CAMERA
Quad
50 MP, f/1.9, 26mm (wide), 1/1.56", 1.0µm, PDAF, OIS
13 MP, f/2.4, 12mm, 123˚ (ultrawide), 1/3.06", 1.12µm
5 MP, 50mm (telephoto macro), AF
Features
Dual-LED dual-tone flash, HDR, panorama
Video
8K@24fps (HDR10), 4K @ 30fps (HDR10+), 1080p @3 0/120/240/960fps, 720p @ 1920fps, gyro-EIS
SELFIE CAMERA
Single
32 MP, 26mm (wide), 0.7µm
Features
HDR, panorama
Video
1080p@30/60fps, 720p@ 120fps>
SOUND
Loudspeaker
Yes, with stereo speakers
3.5mm jack
No
24-bit/192kHz audio
Tuned by Harman Kardon
COMMS
WLAN
Wi-Fi 802.11 a/b/g/n/ac/6, dual-band, Wi-Fi Direct, hotspot
Bluetooth
5.2, A2DP, LE
GPS
Yes, with A-GPS. Up to tri-band: GLONASS (1), BDS (3), GALILEO (2), QZSS (2), NavIC
NFC
Yes
Infrared port
Yes
Radio
No
USB
USB Type-C 2.0, USB On-The-Go
FEATURES
Sensors
Fingerprint (under display, optical), accelerometer, proximity, gyro, compass, color spectrum
BATTERY
Type
Li-Po 4500 mAh, non-removable
Charging
Fast charging 67W, 100% in 39 min (advertised)
Fast wireless charging 50W, 100% in 53 min (advertised)
Reverse wireless charging 10W
Power Delivery 3.0
Quick Charge 4+
MISC
Colors
Black, Green, Blue, Purple
Disclaimer. We can not guarantee that the information on this page is 100% correct