
Samsung Electronics မှ ထုတ်ကုန်သစ်များ၊ အဆင့်မြှင့် ဆက်သွယ်ချိတ်ဆက်မှု ဂေဟစနစ်များ နှင့်အတူ‘Together for Tomorrow’ ရည်မှန်းချက်ကို CES 2022 မှာ မိတ်ဆက်
Samsung Electronics မှ ၎င်း၏ ‘Together for Tomorrow’ ရည်မှန်းချက်လမ်းစဉ်အသစ်အား ထူးခြားဆန်းသစ်သော ထုတ်ကုန်သစ်များ၊ အဆင့်မြှင့်တင်ထားသော ဆက်သွယ်ချိတ်ဆက်မှု ဂေဟစနစ်များ နှင့်အတူ CES 2022 အခမ်းအနား၌ မိတ်ဆက်ခဲ့ပါသည်။
လာမည့် အနာဂတ်ကာလများအတွင်း သုံးစွဲသူများ၏ ဘဝနေထိုင်မှုပုံစံအသီးသီးနှင့် ကိုက်ညီမှုရှိပြီး မြန်ဆန်လွယ်ကူမှုအရှိဆုံး Smart Home ဆက်သွယ်ချိတ်ဆက်မှု အတွေ့အကြုံများအား ကမ္ဘာမြေပတ်ဝန်းကျင်အပေါ် သက်ရောက်မှုအနည်းဆုံး ထုတ်ကုန်များ၊ လုပ်ငန်းစဉ်များနှင့်အတူ ပိုမိုရေရှည်တည်တံ့စွာ စိတ်တိုင်းကျ ဆက်သွယ်ချိတ်ဆက်ဖန်တီးနိုင်မည့် စီမံကိန်းတစ်ရပ်အား Samsung Electronic မှ မိတ်ဆက်တင်ပြခဲ့ပါသည်။
Samsung Electronics ၏ “Together for Tomorrow” ဟု အမည်ရသော အနာဂတ်ရည်မှန်းချက် လမ်းစဉ်တစ်ရပ်အား မကြာသေးမီက ကျင်းပပြီးစီးခဲ့သည့် CES 2022 အခမ်းအနားကြီးတွင် Keynote Speaker အဖြစ် ဆောင်ရွက်ခဲ့သည့် Samsung Electronics ၏ Vice Chairman, CEO and Head of DX (Device eXperience) ဖြစ်သူ Mr.Jong-Hee (JH) Han မှ မိတ်ဆက်ပြောကြားခဲ့သည်။
အဆိုပါ “Together for Tomorrow” ရည်မှန်းချက်လမ်းစဉ်သည် အဓိကအားဖြင့် ကမ္ဘာမြေကြီးနှင့် သဘာဝပတ်ဝန်းကျင် အပေါ် သက်ရောက်နေသည့် စိန်ခေါ်မှုများအား ဖြေရှင်းနိုင်ရန် အရှိန်အဟုန်မြင့် တွန်းအားပေး ဆောင်ရွက်သွားလိုခြင်း ဖြစ်သည်။ CES 2022 အခမ်းအနားတွင် Samsung သည် အဆိုပါရည်မှန်းချက် အမှန်တကယ် အကောင်အထည်ပေါ်လာစေရန် စီစဉ်ရေးဆွဲထားသည့် ရေရှည်တည်တံ့သော စီမံကိန်းများ၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် စိတ်တိုင်းကျ ဆက်သွယ်ချိတ်ဆက်ဖန်တီးနိုင်မည့် နည်းပညာများအကြောင်း မိတ်ဆက်ပြောကြားခဲ့သည်။
“ကျွန်တော်တို့ Samsung ရဲ့ အနာဂတ်ရည်မှန်းချက်ဟာ နည်းပညာထုတ်ကုန်တွေ အချင်းချင်း ချိတ်ဆက်ဆောင်ရွက် သွားနိုင်ဖို့တင် မကပဲ နေထိုင်ရာ ကမ္ဘာမြေကြီးနဲ့ သဘာဝ ပတ်ဝန်းကျင်အတွက် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ရရှိစေဖို့ဆိုတဲ့အချက်ကလည်း အရေးအပါဆုံး အခန်းကဏ္ဍတစ်ခုကနေ ပါဝင်နေပါတယ်။ Consumer Electronics နယ်ပယ်မှာ ထိပ်တန်းဦးဆောင်သူတစ်ဦးဖြစ်တာနဲ့အညီ ကျွန်တော်တို့နေထိုင်ရာ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခု တည်ဆောက်ဖို့အတွက်လည်း Samsung မှာ တာဝန်ရှိပါတယ်။” ဟု Mr.Jong-Hee (JH) Han က ပြောကြားခဲ့သည်။

ရေရှည်ကောင်းမွန်တည်တံ့သောအနာဂတ်တစ်ခုတည်ဆောက်ခြင်း
Samsung အနေနှင့် တီထွင်ဖန်တီးမှုများ ပြုလုပ်သည့်အခါတိုင်းတွင် ရေရှည်ကောင်းမွန်တည်တံ့သော အနာဂတ်တစ်ခုကို တည်ဆောက်ရန်ဟူသော ကုမ္ပဏီ၏ ရည်သန်ချက်အား အထူးအလေးပေး ထည့်သွင်းစဉ်းစားဆောင်ရွက်လေ့ရှိသည်။ အဆိုပါ ရည်သန်ချက် ပိုမိုအကောင်အထည်ပေါ်လာစေရန်အတွက်လည်း Samsung အနေနှင့် ထုတ်ကုန်အသစ်များ ထုတ်လုပ်ရာတွင် ကာဗွန်ထုတ်လုပ်မှုနှင့် ဘက်ထရီစွန့်ပစ်မှု ပိုမိုနည်းပါးသော ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်အသစ်များ ကိုလည်း လက်တွေ့အသုံးပြု လျက်ရှိသည်။
၎င်း၏ ကြိုးပမ်းဆောင်ရွက်မှုများအတွက် Samsung သည် ကမ္ဘာ့အကြီးမားဆုံး ကာဗွန်ထုတ်လုပ်မှု ထိန်းချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Carbon Trust ၏ အသိအမှတ်ပြုမှုကိုလည်း လက်ခံရရှိခဲ့သည်။ ပြီးခဲ့သည့်နှစ်တွင် Carbon Trust ၏အသိအမှတ်ပြု လက်မှတ်ရရှိထားသော Memory Chips များ၏ အကူအညီနှင့် ကာဗွန်ထုတ်လွှတ်မှု ပမာဏ တန် ၇၀၀,၀၀၀ နီးပါးအထိ လျှော့ချနိုင်ခဲ့ပြီး စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြု၍ semiconductor များကိုပါ တိုးချဲ့ထုတ်လုပ်နိုင်ခဲ့သည်။
ထို့အပြင် Samsung သည်နောင်လာမည့် ၃ နှစ်အတွင်း ၎င်း၏ မိုဘိုင်းထုတ်ကုန်များနှင့် အိမ်သုံးပစ္စည်းအားလုံးတွင် စွန့်ပစ်ပစ္စည်းများအား ပြန်လည်အသုံးပြုသွားနိုင်ရန်လည်း ရည်ရွယ်ထားသည်။ အလားတူပင် Samsung သည် ၎င်း၏ အိမ်သုံးလျှပ်စစ်ပစ္စည်းများအား ထုတ်ပိုးရာတွင် အသုံးပြုသည့် ကတ်ထူစက္ကူများအား ကြောင်အိမ်၊ ဘေးစားပွဲ အစရှိသည့် အသုံးဝင်သောပရိဘောဂများအဖြစ် ပြောင်းလဲအသုံးပြုသွားနိုင်သည့် (နိုင်ငံတကာ အသိအမှတ်ပြု ဆုတံဆိပ်ရရှိထားသည့်) Eco-Packaging Program ကိုလည်း တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ရည်မှန်း လုပ်ဆောင်လျက်ရှိသည်။
တစ်ချိန်တည်း၌ပင် Samsung သည် အီလက်ထရွန်နစ်လုပ်ငန်းများအတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်သည့် အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းပမာဏ (e waste) ကို လျှော့ချနိုင်ရန်အတွက်လည်း ၎င်း၏ တီဗီများနှင့် ဖုန်းအားသွင်းကိရိယာများအား အသုံးမပြုနေသည့်အချိန်တွင် စွမ်းအင်သုံးစွဲမှု လုံးဝမရှိသလောက် အနေအထားဖြင့် လည်ပတ်နိုင်စေရန် ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ရေရှည်တည်တံ့သော တီထွင်ဆန်းသစ်မှုများအား ပိုမို ကျယ်ပြန့်စွာ အသုံးပြုလာစေရန် ရည်ရွယ်ချက်ဖြင့် Samsung သည် ၎င်း၏ solar cell remote ကဲ့သို့သော eco-conscious နည်းပညာကိုလည်း အခြားသော ကုမ္ပဏီများ အသုံးပြုနိုင်ရန် ခွင့်ပြုချက်ပေးထားခဲ့သည်။

လူနေထိုင်မှုပုံစံ အသီးသီးနှင့် လိုက်လျောညီထွေမှု အပြည့်ရှိစေမည့် တီထွင်ဖန်တီးမှုအသစ်များ
Samsung သည် CES 2022 အခမ်းအနားကြီးတွင် ‘Free Style’ ဟု အမည်ရသော သယ်ဆောင်ရလွယ်ကူပြီး မည်သည့်နေရာ၌မဆို အလွယ်တကူတပ်ဆင်၍ Smart TV ကဲ့သို့ မျက်နှာပြင်တစ်ခုကို ဖန်တီးပေးသွားနိုင်မည့် portable screen ထုတ်ကုန်သစ်တစ်မျိုးကိုလည်း မိတ်ဆက်ပေးခဲ့သည်။
ထို့အပြင် Samsung သည် ဂိမ်းကစားခြင်းအား ကြိုက်နှစ်သက်သူများအတွက် ဂိမ်းအမျိုးအစား အများအပြားအား တစ်နေရာတည်းတွင် ရှာဖွေဆော့ကစားနိုင်မည့် Gaming Hub ဟု အမည်ပေးထားသည့် All in one ဂိမ်းပလက်ဖောင်းသစ် တစ်မျိုးကိုလည်း ၂၀၂၂ ခုနှစ်ထုတ် စမတ်တီဗီများနှင့် မော်နီတာများတွင် စတင်မိတ်ဆက်သွားနိုင်ရန် ရည်ရွယ် လုပ်ဆောင်လျက် ရှိသည်။ အလားတူပင် multi view စွမ်းဆောင်ရည်ပါရှိသည့် ကွေးညွှတ် Gaming မျက်နှာပြင်အသစ် Odyssey Ark မော်နီတာကိုလည်း မကြာမီ မိတ်ဆက်သွားမည် ဖြစ်သည်။

မြန်ဆန်ချောမွေ့မှု အရှိဆုံး ဆက်သွယ်ချိတ်ဆက်မှု စွမ်းရည်
လူတိုင်းအတွက် ပိုမိုလွယ်ကူအဆင်ပြေသော အဆင့်မြင့် လူနေထိုင်မှုပုံစံများအား ပေးအပ်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် Samsung သည် လာမည့် ၂၀၂၂ ခုနှစ်တွင် ထုတ်လုပ်သွားမည့် တီဗီ၊ မော်နီတာများနှင့် မိသားစုသုံးရေခဲသေတ္တာများတွင် Smart Things Hub အား built-in လုပ်ဆောင်ချက်တစ်ခုအဖြစ် ထည့်သွင်းပေးသွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
“မျိုးဆက်သစ် သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီမှုရှိစေဖို့ ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေနဲ့ နည်းပညာတွေကို ဆန်းသစ်ဖန်တီးဖို့ အချိန်တန်ပါပြီ။ ဆက်သွယ်ချိတ်ဆက်မှု ဂေဟစနစ်ရဲ့ ဦးဆောင်သူတစ်ဦး ဖြစ်တာနဲ့အညီ ကျွန်တော်တို့ Samsung အနေနဲ့ သုံးစွဲသူအခြေပြု လုပ်ငန်းစဉ်တွေနဲ့ ဆန်းသစ်တီထွင်မှုတွေကနေတဆင့် ကမ္ဘာတစ်ဝန်းက သုံးစွဲသူတွေရဲ့ လူနေမှုဘဝပုံံစံတွေ၊ ကြိုက်နှစ်သက်မှုတွေအပေါ်မူတည်ပြီး သူတို့ကို အကောင်းဆုံး ကူညီပံ့ပိုးပေးသွားနိုင်မည့် တီထွင်ဖန်တီးမှုတွေကို စဉ်ဆက်မပြတ် ဖန်တီးပေးသွားမှာဖြစ်ပါတယ်။” ဟု Mr.Jong-Hee (JH) Han က ဆက်လက်ပြောကြားခဲ့သည်။
ထို့အပြင် Samsung ၏ ၃၂” Odyssey Neo G8 မော်နီတာသည် CES 2022 အခမ်းအနားတွင် “ဂိမ်းကဏ္ဍအတွက် အကောင်းဆုံး ဆန်းသစ်တီထွင်မှု” (Best of Innovation Award in the Gaming Category) ဆုတံဆိပ်အား ဆွတ်ခူးရရှိခဲ့ပြီး ဤသို့ရရှိခဲ့ခြင်းမှာ CES ၏ ဆန်းသစ်တီထွင်မှုဆုအား Samsung ၏ မော်နီတာများမှ ၆ နှစ်ဆက်တိုက် ဆွတ်ခူးရရှိခဲ့ခြင်းလည်း ဖြစ်သည်။ ၂၀၂၂ ခုနှစ်အတွက် Samsung မှ ဆွတ်ခူးရရှိခဲ့သော အခြားသောဂုဏ်ပြုဆုများမှာ အောက်ပါအတိုင်းဖြစ်သည်။
Gaming
Computer Peripherals & Accessories
Odyssey Neo G8 2022
Smart Monitor M8 32’
Odyssey Ark 55”
High-Resolution Monitor S8 32”
Odyssey G8 34”
Odyssey G8 34”
Odyssey Neo G9 49”
Odyssey Neo G9 49”
Samsung Electronics Co., Ltd. အကြောင်း
Samsung Electronics Co., Ltd. သည် အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးဉာဏ်များ၊ နည်းပညာများဖြင့်ပုံဖော်နေပြီး တစ်ကမ္ဘာလုံးတွင် တီဗွီများ၊ စမတ်ဖုန်းများ၊ Tablet များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကွန်ယက်ဆက်သွယ်ရေး စနစ်များ နှင့် ဖုန်းတွင်းမှတ်ဉာဏ်၊ LSI စနစ်၊ Foundry နှင့် LED solutions များကို ဖန်တီးထုတ်လုပ်လျက် ရှိပါသည်။ ပိုမိုပြည့်စုံစွာသိရှိနိုင်ရန် နှင့် နောက်ဆုံးထွက် သတင်းများ၊ လုပ်ဆောင်ချက်ဆိုင်ရာ ဆောင်းပါးများ နှင့် သတင်းထုတ်ပြန်ချက် များကို သိရှိနိုင်ရန် အတွက်
http://news.samsung.com
နှင့် Samsung Myanmar တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်သည်။
Samsung Electronics unveils its new vision “Together for Tomorrow” at CES 2022 alongside with new innovative products and seamless ecosystem experience
The company highlighted its plans to build a more sustainable, customized and connected future with products and initiatives that minimize environmental impact, cater to consumers’ lifestyles, and make smart home experiences truly seamless
Yangon, Myanmar - January 17, 2022 – During a pre-show keynote event at CES 2022, keynote speaker Jong-Hee (JH) Han, Vice Chairman, CEO and Head of DX (Device eXperience) Division at Samsung Electronics unveiled the company’s vision for the future, “Together for Tomorrow”.
The company’s
“Together for Tomorrow”
vision is one that empowers everyone to create positive change and drives collaborations that address some of the planet’s most pressing challenges. The keynote illustrated how Samsung plans to make its vision a reality by introducing a range of sustainability initiatives, purposeful partnerships, and customizable and connected technologies.
“Samsung’s vision for the future is not just about connecting devices. Re-connecting with the planet and leaving a positive impact, is an integral part of our plan. As the world leader in consumer electronics, Samsung has a responsibility to protect our environment and build a better future,” Mr.Jong-Hee (JH) Han said.
Building a sustainable future (Everyday Sustainability)
Everyday Sustainability is the core concept of Samsung to build a sustainable future that inspires to infuse sustainability into everything it does. The company has been able to realize its vision by implementing new, low-impact product manufacturing practices such as reducing carbon emission and eliminating battery waste.
Samsung earned the recognition from Carbon Trust, the world’s leading authority on carbon footprint. Last year, these Carbon Trust-certified memory chips helped to reduce carbon emissions by nearly 700,000 tons and extend to semiconductors by using recycled materials.
In addition, Samsung is projected to use recycled materials for all mobile products and home appliances over the next three years. With the global expansion of the award-winning Eco-Packaging Program, the cardboard boxes which will be included packaging for home appliances can be transformed into cat boxes, side tables or other useful furniture items.
Simultaneously, Samsung is expected to make all of its TVs and phone chargers operate on near-zero standby power, almost no energy consumption in order to reduce e waste which is a big challenge for the electronics industry. With the belief in togetherness, Samsung also announced that its eco-conscious technology such as Solar Cell Remote will be made open source in order to be used by others for their devices as a commitment to innovation and sustainability.
Empowering Users with Customized Experiences
In CES 2022, Samsung unveils a new innovative product ‘free style’ which reflects “Screens Everywhere, Screens for All’, a portable screen, acts as a host of smart TV and can be set up virtually anywhere.
Gaming Hub performs as all in one platforms for playing clouds and console games which is projected to be launched on Smart TVs and monitors in 2022. The Odyssey Ark monitor will be launched with a flexible and curved gaming screen which can give multi view experiences.
Ushering in an Era of Seamless Connectivity
To create truly enhanced living experiences more accessible and seamless for everyone, Samsung announced to make SmartThings Hub a built-in feature of its 2022 TVs, Smart Monitors and Family Hub refrigerators.
Mr.Jong-Hee (JH) Han concludes that “It’s time to evolve our products and experiences to better fit the needs of a new generation of users. As we champion an ecosystem of inclusive and connected technology, I look forward to sharing how we have been inspired by the people, values and lifestyles that create our global community, and how we can continue to support them through people-first programs and innovation.”
In addition, Samsung’s monitor line up 32-inch Odyssey Neo G8 monitor earned a “Best of Innovation Award in the Gaming category” at CES 2022 which has been the sixth straight year that Samsung monitors have earned CES Innovation. Furthermore, 2022 Honoree list for Samsung Lineups as follows;
Gaming
Computer Peripherals & Accessories
Odyssey Neo G8 2022
Smart Monitor M8 32’
Odyssey Ark 55”
High Resolution Monitor S8 32”
Odyssey G8 34”
Odyssey G8 34”
Odyssey Neo G9 49”
Odyssey Neo G9 49”
About Samsung Electronics Co., Ltd.
Samsung inspires the world and shapes the future with transformative ideas and technologies. The company is redefining the worlds of TVs, smartphones, wearable devices, tablets, digital appliances, network systems, and memory, system LSI, foundry and LED solutions. For the latest news, please visit the Samsung Newsroom at
http://news.samsung.com
and
https://www.samsung.com/mm/
.