ဧပြီလ၏ အစွမ်းထက်ဆုံးစမတ်ဖုန်းစာရင်း AnTuTu ထုတ်ပြန်
myanmaritdirectory.com
|
2022-05-02

ဧပြီလ၏ အစွမ်းထက်ဆုံးစမတ်ဖုန်းစာရင်း AnTuTu ထုတ်ပြန် 
ANTUTU: APRIL’S MOST POWERFUL SMARTPHONES


AnTuTu စံနှုန်း ပလက်ဖောင်းမှ developer များက Android စမတ်ဖုန်းများ အကုန်လုံးကို စွမ်းဆောင်ရည်များအရ အဆင့်သတ်မှတ်ချက် ပြုပေးကြပါတယ်။ 

အချက်အလက်များကို ဧပြီလ ၁ ရက်မှ ၃၀ ရက်အထိ တစ်လတာကာလမှာ ရယူပါတယ်။ တရုတ်ပြည်တွင်းဈေးကွက်မှာ ရောင်းချတဲ့ စမတ်ဖုန်း မောမဒယ်များကို အကဲဖြတ်ပေးကြတာ ဖြစ်ပါတယ်။ 

ဓမ္မဓိဋ္ဌာန်ကျဖို့အတွက် အမှတ်အများဆုံး ပေးထားတာကို မယူဘဲ အမှတ်ပေးထားကြတာတွေ အားလုံးရဲ့ ပျမ်းမျှကို ယူပါတယ်။

Flagship မော်ဒယ်များ

ဧပြီလ စာရင်းနှင့် မတ်လ စာရင်း တို့ကို ယှဉ်ကြည့်ရင် ဧပြီလ စတင်ရောင်းချတဲ့ စမတ်ဖုန်းမော်ဒယ်တွေထဲမှာ MediaTek ချစ်ပ် ပါဝင်နေတဲ့အချက်က အဓိက ကွာခြားချက် ဖြစ်ပါတယ်။ဧပြီလမှာ Qualcomm Snapdragon 8 Gen 1 တွေချည်း  ဖြစ်မနေတော့တဲ့  Vivo X80 က MediaTek Dimensity 9000 ချစ်ပ်ကို သုံးထားပါတယ်။ 

စွမ်းဆောင်ရည်အဆင့် စတုတ္ထ ရရှိပါတယ်။

Black Shark 5 Pro က အမှတ်ပွိုင့် 1,062,747 ဖြင့် စွမ်းဆောင်ရည်အဆင့်ဇယားမှာ ထိပ်ဆုံးရောက်ရှိပါတယ်။ ဂိမ်းကစားဖို့ စမတ်ဖုန်းဖြစ်ပြီး Qualcomm Snapdragon 8 Gen 1 ကို သုံးစွဲထားပါတယ်။

Nubia Red Magic 7 က ဒုတိယနေရာ၊ Lenovo Legion Y90 တတိယနေရာ ရရှိကြပါတယ်။ 

ပဉ္စမမှ ဒသမအထိ iQOO 9, iQOO 9 Pro, Vivo X Note, iQOO Neo6, Xiaomi 12 Pro, realme GT 2 Pro အကုန်လုံး Qualcomm Snapdragon 8 Gen 1 ကို သုံးထားကြပါတယ်။

Sub-flagship မော်ဒယ်များ

sub-flagship စမတ်ဖုန်းမော်ဒယ်များရဲ့ စွမ်းဆောင်ရည်စာရင်းမှာ Dimensity 8100 ချစ်ပ်က ပထမနှင့် ဒုတိယ နေရာကို ရရှိပါတယ်။ Redmi K50 က ပထမ၊ Realme GT Neo 3 က ဒုတိယနေရာ ရကြပါတယ်။

Snapdragon 870 ချစ်ပ်ကို သုံးနေကြဆဲဖြစ်ပြီး။ထိပ်တန်း(၁၀) စာရင်းမှာ တတိယမှ နဝမအထိ ၇ နေရာ ရရှိပါတယ်။ iQOO Neo5 Vitality, Realme GT Neo 2, Realme GT, iQOO Neo5 SE, Oppo Find X3 စမတ်ဖုန်းမော်ဒယ်များ ဖြစ်ပါတယ်။ ဒသမနေရာကိုတော့ Dimensity 1200-AI ချစ်ပ်သုံးထားတဲ့ Realme GT Neo 2T က နေရာယူထားပါတယ်။

ရောင်းဈေးအလယ်အလတ်တန်း မော်ဒယ်များ

ထိပ်ဆုံး ၃ နေရာ iQOO Z5, Xiaomi Civi 1S နှင့်  Honor 60 Pro တို့အားလုံး Snapdragon 778G/778G+ သုံးထားကြပါတယ်။

စတုတ္ထ Oppo Reno7 5G က‌ Dimensity 900 သုံးထားပါတယ်။ 

ပဉ္စမ Realme Q3sး ကလည်း Snapdragon 778G ကိုသုံးထားပါတယ်ယ

ဆဌမ Xiaomi Mi 11 က Snapdragon 780 သုံးထားပါတယ်။

သတ္တမမှ ဒသမအထိ Honor 60 , Honor 50 Pro, Honor 50 , Huawei Nova 9 တို့အားလုံး Snapdragon 778G သုံးထားပါတယ်။ 

ထိပ်တန်း(၁၀) မှာ Snapdragon 778G က ၇ နေရာ ရရှိပါတယ်။ 

 Source: AnTuTu


#စမတ်ဖုန်း
#Xiaomi
#ဧပြီလ
#မော်ဒယ်
#ဧပြီ

Some text some message..