
.mm Domain Name များ Registrar လုပ်ရန် ကုမ္ပဏီ ၄ ခု ထပ်တိုး
လက်ရှိ Domain သုံးစွဲမှုမှတ်ပုံတင်သူ Registrar များအပြင် Registrar အသစ် (၄) ဦးအား Domain သုံးစွဲသူမှတ်ပုံတင်သည့်ကုမ္ပဏီ ( Registrar ) များအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးကြေညာထားပါသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များအရ အီလက်ထရောနစ်လိပ်စာများဖြစ်သည့် Public IP Address ၊ Autonomous System (AS) Number ၊Domain Name တို့နှင့်စပ်လျဉ်း၍ စိစစ်ကြီးကြပ်ခြင်းနှင့် စီမံခန့်ခွဲခြင်းလုပ်ငန်းများ အား ဆောင်ရွက်ရမည်ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံ၏ ကိုယ်စားပြု .mm Domain Name မှတ်ပုံတင်ဌာန (Registry) အဖြစ် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ( ၁ ) ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိပြီး
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊
Yatanarpon Teleport Public Co., Ltd နှင့်
Myanmar Technology Gateway Co., Ltd
တို့က Domain သုံးစွဲသူမှတ်ပုံတင်သည့်ကုမ္ပဏီ (Registrar) များအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။
.mm Domain Name များအား ပြည်တွင်းဈေးကွက်တွင် ယှဉ်ပြိုင်မှုအားကောင်း လာစေရေး နှင့် ပြည်ပ Domain အစား ပြည်တွင်း Domain များ အသုံးပြုမှု ပိုမိုအားကောင်းလာစေရေးတို့ အတွက် လက်ရှိဝန်ဆောင်မှုပေးလျက်ရှိသည့် Domain သုံးစွဲသူမှတ်ပုံတင်သည့်ကုမ္ပဏီ( Registrar ) ၃ ခုအပြင် .mm Domain Registrar အသစ် (၄)ဦးဖြစ်သည့်
Global Technology Co.,Ltd ၊
AGB Communication Co.,Ltd ၊
Horizon Telecom International Co.,Ltd
Frontiir Co.,Ltd
တို့ ကိုလည်း Domain သုံးစွဲသူမှတ်ပုံတင်သည့်ကုမ္ပဏီ ( Registrar ) များအဖြစ် ဆောင်ရွက်သွားစေမည်ဖြစ်ပါသည်။
.mm Domain Name သတ်မှတ်ပုံများ
အစိုးရအဖွဲ့အစည်းများ၊ ၀န်ကြီးဌာနများ နှင့် E-Government website များအတွက် gov.mm
အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူမှု့ရေးအဖွဲ့အစည်းများ နှင့် အခြားသောအဖွဲ့အစည်းများအတွက် org.mm
သွင်းကုန်/ထုတ်ကုန်လုပ်ငန်းများ နှင့် အခြားစီးပွားရေးလုပ်ငန်းမျိုးစုံအတွက် com.mm
နည်းပညာနှင့်ဆက်နွယ်သောလုပ်ငန်းများ နှင့် အခြားဆက်စပ်ကုမ္ပဏီများအတွက် net.mm
အစိုးရပညာရေးအဖွဲ့အစည်းများ၊ ပုဂ္ဂလိကပညာရေးအဖွဲ့အစည်းများ၊ သုတေသနကဏ္ဍဆိုင်ရာများအတွက် edu.mm