Telegram ပရီမီယံ စတင်
myanmaritdirectory.com
|
2022-06-20

Telegram ပရီမီယံ စတင်


Telegram ရဲ့ Premium အစီအစဉ် လာတော့မယ်လုိ့ Telegram ထူထောင်သူက အသိပေးပြောကြားခဲ့ပါတယ်။ အခု ပရီမီယံ စတင်လိုက်ပါပြီ။

 လစဉ်ကြေး $4.99 ပေးပြီး Telegram ကို အစွမ်းကုန် သုံးနိုင်ဖို့ Apple App Store မှာ Telegram version 8.8 ကို တင်ပေးထားပါတယ်။

 လက်ရှိ အခမဲ့ ပေးထားတဲ့ လုပ်ဆောင်ချက်အင်္ဂါရပ်တွေကို အခမဲ့ ဆက်လက်ပေးအပ်ထားပါတယ်။ Google Play Store မှာလည်း ဗားရှင်း အသစ် တင်ပေးထားမယ်လို့ ဆိုပါတယ်။

ပရီမီယံကို လစဉ်ကြေး ပေးသွင်းပြီး သုံးရင်  ထပ်ဆောင်းရရှိမယ့်အချက်တွေကို အောက်ဖော်ပြပါ ပုံမှာ ကြည့်ရှုလေ့လာနိုင်ပါတယ်။


 Premium features အပြည့်အစုံစာရင်း

4GB uploads.

Faster downloads.

Connect 4 accounts in any app.

Organize your chats into 20 folders, holding 200 chats each.

Pin 10 chats in your main list.

Reserve up to 20 public t.me links.

Save 400 favorite GIFs and 10 favorite stickers.

Write a longer bio for your profile and include links.

Include longer captions for photos and videos.

Voice-to-text transcriptions.

Exclusive stickers and reactions.

Premium badge on profile.

Profile video support.

No ads.

More custom icons.

version 8.8 မှာ Premium အတွက်အပြင် အခမဲ့ သုံးစွဲသူတွေအတွက်လည်း လုပ်ဆောင်ချက်အချို့ ထပ်တိုးပေးထားပါတယ်။

တခြားအက်ပ်ကနေ ဖိုင်အကြီးကို Telegram မှာ မျှဝေရင် animation အသစ် ပြမယ်။ Public group မှာ join request စီစဉ်ပေးထားတယ်။bot ပိုကောင်းလာတယ်။ ပြီးတော့ မပါမပြီး ပါမှပြီးတဲ့ bug fixes လုပ်ပေးထားပါတယ်။

#MyanmarICTGuide


#Google
#Apple
#Telegram
#Premium
#လစဉ်ကြေး

Some text some message..