Dark mode သုံးရင် ဘက်ထရီကြာကြာခံသလား
myanmaritdirectory.com
|
2022-06-26

Dark mode သုံးရင် ဘက်ထရီကြာကြာခံသလား


ဘက်ထရီကြာကြာခံဖို့ စမတ်ဖုန်း၊ တက်ဘကလက်၊ လက်ပ်တော့တို့မှာ Dark mode ကို သုံးကြပါတယ်။ 

Dark modeကို dark theme လို့လည်း သုံးနှုန်းကြပါတယ်။ နောက်ခံအရောင် အမှောင်ချပြီး မှောင်မည်းမည်း ဖြစ်နေစေတာ ဖြစ်ပါတယ်။ နောက်ခံအမည်းပေါ်မှာ စာတွေက အဖြူရောင် သို့မဟုတ် အခြား လင်းတဲ့အရောင်ဖြင့် ဖော်ပြပေးပါတယ်။ 

အခုလို နောက်ခံကို အမှောင်ချထားတာတဲ့အတွက် ပါဝါသုံးစွဲမှု လျော့ကျပါတယ်။ ဒီတော့ ဘက်ထရီ ကြာကြာခံစေတာကြောင့်  ဘက်ထရီအားသွင်းရတဲ့ ကြိမ်ရေလျော့ကျစေတာကြောင့် ဘက်ထရီသက်တမ်း ပိုရှည်စေမှာ ဖြစ်ပါတယ်။ 

ဘက်ထရီပိုကြာကြာခံဖို့ အကြောင်းအချက် နှစ်ခုပေါ်မှာ မူတည်ပါတယ်။ 

စခရင်နည်းပညာနှင့် dark mode မှ နောက်ခံအရောင်ကို ဖန်တီးပေးတဲ့ စနစ်တို့အပေါ်မှာ မူတည်ပါတယ်။ 

ခေတ်ပေါ် စမတ်ဖုန်း၊ တက်ကဘက်စတဲ့ ကိရိယာတွေမှာ စခရင်ကို အပြနည်းပညာနှစ်ရပ် ဖြစ်တဲ့ OLED နှင့်  LCD တို့ကို အသုံးအများဆုံး ဖြစ်ပါတယ်။

OLED (organic light-emitting diode) screen မှာ လျှပ်စစ်ဓာတ် ဖြတ်သန်းသွားရင် ကိုယ်တိုင်အလင်းထုတ်တဲ့ self-emissive pixel တွေကို သုံးစွဲထားပါတယ်။ ဒီတော့ စာတွေ၊ ပုံတွေ စခရင်မှာပေါ်ဖို့ နောက်ဘက်ကနေ မီးထိုးပြီး ပြသပေးဖို့ မလိုအပ်ဘူး။ ကိုယ်ပိုင်အလင်းထုတ်ပြီး လင်းနေတဲ့ pixel တွေကို မီးပိတ်ချထားလိုက်ရင် မှောင်မည်းသွားပြီး အမည်းရောင် နောက်ခံကို ရရှိပါတယ်။ 

dark mode ကို သုံးထားချိန်မှာ OLED စခရင်ပါတဲ့ စမတ်ဖုန်း၊ တက်ဘလက်၊ လက်ပ်တော့ အစရှိတဲ့ ကိရိယာက  pixel တွေကို မီးပိတ်ထားလို့ ပါဝါသုံးစွဲမှု လျော့ကျသွားပါတယ်။ ပါဝါသုံးစွဲတာနည်းတော့ ဘက်ထရီကြာကြာခံပါတယ်။ 

LCD ( liquid crystal display) ကျတော့ နောက်ဘက်မှ မီးထိုးပေးဖို့ လိုအပ်ပါတယ်။  LED သို့မဟုတ်  Mini-LED များကို သုံးပြီး မီးထိုးပေးခြင်းဖြင့် စာတွေ၊ ပုံတွေ စခရင်မှာ မြင်ရစေပါတယ်။ LCD စခရင်မှာ မည်းနေစေလိုတဲ့နေရာကို နောက်ခံမီးတွေ ပိတ်ကာပေးပါတယ်။ နောက်ခံအရောင်ကို ဖန်တီးပေးတဲ့ စနစ်က အလင်းပွင့်တွေကို ပိတ်ကာထားတာသာဖြစ်ပြီး နောက်ခံမီးပွင့် LED သို့မဟုတ်  Mini-LED များက လင်းမြဲအတိုင်း ဆက်လင်းနေပါတယ်။ ဒီတော့ dark mode ကို သုံးထားချိန်မှာ ပါဝါသုံးစွဲမှု လျော့မကျသွားပါဘူး။ ပိတ်ကာပေးရတဲ့အလုပ်အတွက် ပါဝါပိုကုန်စေပါတယ်။ 

ပိတ်ကာပေးထားတာမှာ အလင်းတချို့ လွတ်ထွက်ပါတယ်။ အမည်းနောက်ခံက မည်းမှောင်မနေဘဲ မီးခိုးရောင် သန်းနေစေပါတယ်။ 

 #MyanmarICTGuide


https://t.me/Guid4U/320 https://t.me/Guid4U

#စမတ်ဖုန်း
#နည်းပညာ
#ဘက်ထရီ
#တက်ဘလက်
#စခရင်

Some text some message..