
vivo သည် မြန်မာနိုင်ငံတွင် ပထမဆုံးသော vivo Showroom 3.0+ နှင့် Service Centre ယှဉ်တွဲပါရှိသည့် ဆိုင်ကြီးကို မော်လမြိုင်မြို့ ဖွင့်လှစ်
စျေးကွက်ရှေ့ဆောင် နည်းပညာ အမှတ်တံဆိပ်တစ်ခုဖြစ်သည့် vivo သည် မြန်မာနိုင်ငံတွင် ပထမဆုံးသော vivo Showroom 3.0+ နှင့် Service Center ယှဉ်တွဲပါရှိသည့် ဆိုင်ကြီးကို မော်လမြိုင်မြို့တွင် ဇူလိုင်လ ၇ ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်သည်။ အခမ်းအနားတွင် vivo Myanmar မှ တာဝန်ရှိလူကြီမင်းများ၊ vivo အရောင်းကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ နှင့်အတူ vivo Fans များ တက်ရောက်ခဲ့ကြပြီး ဖဲကြိုးဖြတ်ခြင်းဖြင့် ဆိုင်ကြီးကို ဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်ပွဲအထိမ်းအမှတ်အနေဖြင့် အဆိုပါနေ့တွင် ချက်ချင်းဝယ် ချက်ချင်းရ လက်ဆောင်ပစ္စည်းများ၊ vivo ဖုန်း ဝယ်ယူမှသာ ရရှိနိုင်သည့် ကံစမ်းမဲအစီအစဉ်များ၊ 1 Year Warranty အစရှိသည့် Promotion များစွာကို ပြုလုပ်ပေးခဲ့ပါသည်။
vivo သည် မြန်မာစျေးကွက်တွင် အကောင်းဆုံး အဆန်းသစ်ဆုံးနှင့် သုံးစွဲသူဦးတည်သော ထုတ်ကုန်များကို ပေးအပ်ရန် အမြဲကြိုးစားနေပြီး ရောင်းအားကောင်းသော စျေးကွက်နေရာများတွင် ထုတ်ကုန်များ ပိုမို လွယ်လင့်တကူ ရရှိရေးသည် အင်မတန် အရေးကြီးသောအခန်းကဏ္ဍ တစ်ခုဖြစ်ပါသည်။ အဆိုပါ အချက်အလက်တွေကြောင့် vivo သည် ရောင်းအားသွက်၍ သုံးစွဲသူအများအပြား ရှိသည့် မော်လမြိုင်မြို့တွင် Service Center ယှဉ်တွဲပါရှိသည့် ဆိုင်ကြီးကို မြန်မာနိုင်ငံတွင် ပထမဦးဆုံး အနေဖြင့် ခြေလှမ်း စတင်လိုက်ပါသည်။
vivo Myanmar ၏ CEO ဖြစ်သူ Mr. Nelson Ni မှ "ကျွန်တော်တို့ vivo အတွက် customers တွေက အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် Customer တွေ တစ်နေရာတည်းမှာပဲ vivo ဖုန်းများကို မ၀ယ်ယူခင်စုံစမ်းမှုပြုလုပ်ခြင်းကနေ စလို့ ၀ယ်ယူခြင်း၊ ပြင်ဆင်ခြင်း၊ ဖုန်းနဲ့ ဆက်စပ် ပစ္စည်းများရရှိခြင်း အစရှိတဲ့ ၀န်ဆောင်မှုများကို စ လယ် ဆုံး အကောင်းဆုံးဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် vivo Showroom 3.0+ နှင့် Service Centre ယှဉ်တွဲပါရှိတဲ့ ဆိုင်ကြီးကို မော်လမြိုင်မြို့မှာ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါတယ်။" ဟု ပြောကြားခဲ့ပါသည်။
vivoအကြောင်း
vivo သည် စမတ်ဖုန်းလောက၏ ဆန်းသစ်တီထွင်မှုနှင့် အသိဉာဏ်ရှိသော စွမ်းဆောင်မှုများကို စီးပွားရေး ဝန်ဆောင်မှုများကို အဓိကဦးဆောင်လမ်းဖောက်နေသည့် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည်။ vivo သည် သုံးစွဲသူများနှင့် ဒစ်ဂျစ်တယ် ကမ္ဘာအကြား တံတားသဖွယ် ဆောင်ရွက်ပေးမည့် နည်းပညာကို ပေးစွမ်းနိုင်ရန် ရည်ရွယ်သည်။ vivo ၏ ဆန်းသစ် တီထွင်မှုများမှတစ်ဆင့် သုံးစွဲသူများအတွက် အဆင်ပြေစေမည့် မိုဘိုင်းနှင့် ဒစ်ဂျစ်တယ် လူနေမှုပုံစံကို ပေးစွမ်းနိုင်ခဲ့သည်။ Benfen*၊ ဆန်းသစ်တီထွင်မှု၊ အသုံးပြုသူများအား အလေးထားခြင်း၊ စဉ်ဆက်မပြတ် လေ့လာမှုနှင့် အသင်းအဖွဲ့ စိတ်ဓာတ်များသည် ကုမ္ပဏီ၏ အဓိကအလေးထားလိုက်နာရသည့် အချက်များဖြစ်ပြီး vivo သည် ရေရှည် တည်တံ့ခိုင်မြဲသည့် ဗဟာဗျူဟာကို အကောင်အထည်ဖော်ပြီး ကမ္ဘာ့အဆင့်မီ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။
အကောင်းဆုံးသော ဒေသခံမှ ကျွမ်းကျင်သူအသစ်များကို အမြဲမပြတ် ရှာဖွေရင်း vivo သည် စားသုံးသူများအတွက် 5G၊ Artificial intelligence၊ စက်မှုဒီဇိုင်း၊ ကင်မရာ စသည့် နည်းပညာအပါအဝင် အသစ်သစ်သော ခေတ်မီဆန်းသစ်သည့် နည်းပညာများစွာကို တီထွင်နိုင်ရန်အတွက် Shenzhen၊ Dongguan၊ Nanjing၊ Beijing၊ Hangzhou၊ Shanghai၊ Xi’an၊ Taipei၊ Tokyo နှင့် San Diego ဒေသရှိ သုတေသန ဖွံ့ဖြိုးရေးစင်တာ ၁၀ ခုနှင့် ဖွဲ့စည်းထားသည်။ တရုတ်၊ တောင်နှင့် အရှေ့တောင်အာရှများနှင့် အခြားဒေသများတွင် နှစ်စဉ် စမတ်ဖုန်း သန်း (၂၀၀) ကျော် ထုတ်လုပ်သည့် ထုတ်လုပ်ရေးဌာန ၇ ခု (ကုန်အမှတ်တံဆိပ် ခွင့်ပြုထားသော ကုန်ထုတ်လုပ်မှုစင်တာအပါအ၀င်) ကို တည်ထောင်ခဲ့သည်။ ယခုအချိန်တွင် vivo သည် နိုင်ငံနှင့် ဒေသပေါင်း ၅၀ ကျော်တွင် ၎င်း၏ ရောင်းအားကွန်ယက်ကို ချဲ့ထွင်နိုင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းတွင် သုံးစွဲသူသန်း ၄၀၀ ကျော် ရှိနေပြီဖြစ်သည်။
*"Benfen" သည် မှန်ကန်သောအရာများကို လုပ်ဆောင်ခြင်းနှင့် မှန်ကန်စွာလုပ်ဆောင်ခြင်းဟူသည့် သဘောထားကို ဖော်ပြသည့် အသုံးအနှုန်းဖြစ်ပြီး ကောင်းမွန်သည့် နည်းပညာများကို တီထွင်မည်ဆိုသည့် vivo ၏ ခံယူချက်ကို အကောင်းဆုံး ဖော်ပြသည့် အသုံးအနှုန်းဖြစ်သည်။
https://www.vivo.com/en/about-vivo/news
https://t.me/Guid4U
MICTG