
Global Smartphone Brand တစ်ခုဖြစ်သည့် vivo သည် မြန်မာနိုင်ငံစျေးကွက်သို့ ဝင်ရောက်ခဲ့သည်မှာ ၈ နှစ်ပြည့်ခဲ့ပြီ
ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သည့် vivo သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံ လုပ်ကိုင်လာခဲ့သည်မှာ ယခုဆိုလျှင် ၈ နှစ်မြောက် နှစ်ပတ်လည်ကို ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာလိုက်သည်။ ယခုလို vivo ကို ၈ နှစ်တိုင်တိုင် အောင်မြင်မှုများ ရရှိလာစေရန် စဉ်ဆက်မပြတ်အားပေးခဲ့ကြသည့် မိတ်ဖက်များ၊ ဝန်ထမ်းများ၊ Suppliers များ၊ ဖြန့်ဖြူးရောင်းချသူများနှင့် သုံးစွဲသူများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိကြောင်း vivo မှ ဆက်လက် ကြေညာခဲ့သည်။
vivo သည် မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ၈ နှစ်ခန့်ကတည်းက စမတ်ဖုန်းဈေးကွက်သို့ ဝင်ရောက်လာပြီးနောက် vivo သည် မြန်မာနိုင်ငံ၏ အရောင်းရဆုံး စမတ်ဖုန်းအမှတ်တံဆိပ်တစ်ခု ဖြစ်လာခဲ့ပါသည်။ ၎င်း၏ သုံးစွဲသူလိုအပ်ချက် အား ဗဟိုပြု၍ vivo သည် သုံးစွဲသူအားလုံးအား နည်းပညာ နှင့် ကမ္ဘာလုံးဆိုင်ရာဆန်းသစ်တီထွင်မှုကို မိတ်ဆက်ပေးနိုင်ရန် ကြိုးစားလျက်ရှိသည်။
vivo Myanmar ၏ CEO ဖြစ်သူ Mr. Nelson Ni မှာ “အချိန်တွေက အံ့သြစရာကောင်းလောက်အောင် မြန်ဆန်လွန်းပါတယ်။ လွန်ခဲ့တဲ့ ၈ နှစ်တာကာမှာ vivo ကနေပြီး အမှတ်တရများစွာနဲ့ ပြည့်နှက်နေတဲ့ ခရီးတစ်ခုဖြစ်ခဲ့ပါတယ်။ vivo က ကမ္ဘာလုံးဆိုင်ရာအမှတ်တံဆိပ်တစ်ခုအနေဖြင့် နိုင်ငံအတွက် အကောင်းဆုံးနည်းပညာများကို မိတ်ဆက်ဖို့နဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်၊ ခေတ်မီစမတ်ဖုန်းများဖြင့် တပ်ဆင်နိုင်ရန် နှင့် အမှတ်တံဆိပ်တည်ရှိမှုကို မြှင့်တင်ရန် အစဉ်မပြတ်လုပ်ဆောင်နေပါတယ်။ vivo က Benfen ရဲ့ အယူအဆဖြစ်သော မှန်ကန်သောအရာများကို လုပ်ဆောင်ခြင်းနှင့် ၎င်းတို့ကို မှန်ကန်သောနည်းလမ်းဖြင့် လုပ်ဆောင်ခြင်းကို ယုံကြည်လက်ခံထားပါတယ်။ ဒီယုံကြည်ခြင်း ရဲ့ လမ်းညွှန်မှုဖြင့် ကျွန်တော် တို့က မြန်မာနိုင်ငံဈေးကွက်တွင် ဆက်လက်ဝန်ဆောင်မှုပေးနိုင်ရန်နှင့် တိုးချဲ့လုပ်ဆောင်ရန်အတွက် vivo ရဲ့ ဖောက်သည်တွေ၊ မိတ်ဖက်တွေနဲ့ ခိုင်မာတဲ့ဆက်ဆံရေးများ တည်ဆောက်လျက်ရှိပါတယ်။ ကျွန်တော်တို့ကို ချစ်ခြင်းမေတ္တာများနဲ့ အဆက်မပြတ်ပံ့ပိုးမှုပေးနေတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ရှိပါတယ်" ဟု ပြောကြားခဲ့ပါသည်။
အကောင်းဆုံး ဆန်းသစ်တီထွင်မှု အား ပေးစွမ်းရာတွင် vivo သည် ဒေသတွင်း ထုတ်ကုန်များစွာကို အောင်မြင်စွာ မိတ်ဆက်နိုင်ခဲ့ပါသည်။ V17၊ V19၊ V20 နှင့် V21 တို့ သည်လည်း ပြီးခဲ့သော နှစ်များတွင် ထိပ်တန်းထုတ်ကုန်များ အနေဖြင့်ထုတ်လုပ်ခဲ့ပါသည်။ လက်တစ်လောတွင် V23 အားမိတ်ဆက်ပေးခဲ့ပြီး ၄င်း၏ ကမ္ဘာ့အဆင့်မီ လုပ်ဆောင်ချက်များကြောင့် အောင်မြင်မှု ရရှိခဲ့ပါသည်။ ထို့အပြင် vivo သည် ဆန်းသစ်သောခေါက်ချိုးစခရင်နည်းပညာဖြင့် X Fold ကို ကမ္ဘာ့ဈေးကွက်သို့ မိတ်ဆက်ပေးခဲ့သည်။ ဒါ့အပြင် ပရော်ဖက်ရှင်နယ်အဆင့် အမြင်အာရုံဖြင့် ပုံရိပ်ဖော်ပြသခြင်း နှင့် ကွဲပြားသော အသွင်အပြင်များအား လုပ်ဆောင်နိုင်သော ပုံရိပ်ဖော် V1+ chip အား လည်း ဖန်တီးထားပြီးဖြစ်ပါသည်။
vivo ၏ ဦးစားပေးဆောင်ရွက်ချက်တစ်ခုဖြစ်သည့် မြန်မာနိုင်ငံရှိ ဒေသခံလူထုအား ပြန်လည်ပေးအပ်ရန်နှင့် ၄င်းဆောင်ရွက်ချက်အားဖြည့်ဆည်းပေးရန်အတွက် ဒေသတွင်း လှုပ်ရှားမှူများစွာကို စတင်ခဲ့ပါသည်။ #vivoSpreadsSmiles ဟုခေါ်သော လူထုအကျိုးပြုလှုပ်ရှားမှုအား ခိုင်နှင်းဝေဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ စတင်ခဲ့ပါသည်။ ဤကမ်ပိန်း မှတစ်ဆင့် အာဟာရ၊ ပညာရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ ထုတ်ကုန်မျိုးစုံပါဝင်သော ကျပ် သိန်း ၁၀၀ တန်ဖိုးရှိ "Box of JOY" များအား ကလေး ၆၀ ကျော်အတွက် လှူဒါန်းခဲ့ပါသည်။ ဤသေတ္တာများတွင် နို့မှုန့်များ၊ ကလေးအစားအစာများ၊ အနှီးများ၊ မှတ်စုစာအုပ်များနှင့် စာရေးကိရိယာပစ္စည်းများပါ၀င်ပါသည်။
vivo သည် “V Better Together” အပျော်တမ်းဖူဆယ်ပြိုင်ပွဲအား ဘောလုံးဝါသနာရှင်များနှင့် vivo ပရိသတ်များအတွက် စီစဉ်ပေးခဲ့ပါသေးသည်။
vivo သည် နိုင်ငံပေါင်း ၅၀ ကျော်တွင် နေရာရှိထားသော ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး 2014 ခုနှစ်တွင် မြန်မာနိုင်ငံတွင် စတင်၀င်ရောက်ခဲ့ပြီး ၎င်း၏ နောက်ဆုံးပေါ် စမတ်ဖုန်းနည်းပညာဖြင့် လျင်မြန်စွာ နယ်ပယ်တစ်ခု အားဖမ်းဆုပ်နိုင်ခဲ့ပါသည်။ ယခုအခါတွင် vivo မှ သုံးစွဲသူများ အတွက် လက်တွေ့ စမ်းသပ်နိုင်ရန်နှင့် vivo စမတ်ဖုန်းများကို ဝယ်ယူနိုင်သည့် လက်လီစတိုးဆိုင်ပေါင်း ၃၀၉၄ အား နိုင်ငံတွင်း ဒေသအနှံ့အပြားတွင် ဖွင့်လှစ်ထားပါသည်။ သုံးစွဲသူများ၏ စိတ်ကျေနပ်မှုသည် အမှတ်တံဆိပ်၏ အဓိကတန်ဖိုးများထဲမှ တစ်ခုဖြစ်တာကြောင့် ဖောက်သည်များ၏ စုံစမ်းမေးမြန်းမှုများနှင့် တိုင်ကြားချက်များကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်ရန် ဝန်ဆောင်မှုစင်တာ ၂၂ ခုအား ဖွင့်လှစ်ထားရှိပါသည်။ လှည်းတန်းနှင့် လသာ အရောင်းပြခန်းများအပြင် မကြာသေးမီက မြေနီကုန်းတွင် အရောင်းပြခန်းအသစ်အား သုံးစွဲသူများ၏ အတွေ့အကြုံများ မျှဝေခြင်း၊ ဂိမ်းများ ဆော့ကစားခြင်းဖြစ် vivo ပရိသတ်များနှင့် ပျော်ရွှင်စွာပွဲတစ်ခုကျင်းပပြုလုပ်ကာ ဖွင့်လှစ်ခဲ့ပါသည်။
2022 ခုနှစ် ပထမသုံးလပတ်တွင် vivo သည် တရုတ်စမတ်ဖုန်းဈေးကွက်တွင် ထိပ်ဆုံးမှရပ်တည်ခဲ့ပြီး နိုင်ငံ၏အနှစ်သက်ဆုံးစမတ်ဖုန်းအဖြစ် သတ်မှတ်ခြင်းခံရပါသည်။ vivo သည် ကမ္ဘာ့ ဂုဏ်သိက္ခာအရှိဆုံး ဘောလုံးပြိုင်ပွဲများထဲမှတစ်ခုဖြစ်သည့် FIFA World Cup Qatar 2022 ကို စပွန်ဆာပေးမည်ဖြစ်ကြောင်း ကမ္ဘာလုံးဆိုင်ရာမျက်နှာစာများတွင် ကြေညာခဲ့သည်။ vivo သည် 2017 ခုနှစ်မှစ၍ FIFA World Cup™ ၏ တရားဝင်စမတ်ဖုန်းဖြစ်လာခဲ့သည်။
ဤမှတ်တိုင်အား အောင်မြင်ပြီးနောက် vivo သည် ၎င်း၏ ဆန်းသစ်တီထွင်ဦးဆောင်ချဉ်းကပ်မှုဖြင့် စိန်ခေါ်မှုများကို ဖော်ထုတ်ကာ ရှေ့ဆက်၍ အကောင်းဆုံးစမတ်ဖုန်းအတွေ့အကြုံများနှင့် သုံးစွဲသူဝန်ဆောင်မှုများကို ပေးဆောင်နိုင်ရန် မျှော်လင့်ပါသည်။
vivoအကြောင်း
vivo သည် စမတ်ဖုန်းလောက၏ ဆန်းသစ်တီထွင်မှုနှင့် အသိဉာဏ်ရှိသော စွမ်းဆောင်မှုများကို စီးပွားရေး ဝန်ဆောင်မှုများကို အဓိကဦးဆောင်လမ်းဖောက်နေသည့် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည်။ vivo သည် သုံးစွဲသူများနှင့် ဒစ်ဂျစ်တယ် ကမ္ဘာအကြား တံတားသဖွယ် ဆောင်ရွက်ပေးမည့် နည်းပညာကို ပေးစွမ်းနိုင်ရန် ရည်ရွယ်သည်။ vivo ၏ ဆန်းသစ် တီထွင်မှုများမှတစ်ဆင့် သုံးစွဲသူများအတွက် အဆင်ပြေစေမည့် မိုဘိုင်းနှင့် ဒစ်ဂျစ်တယ် လူနေမှုပုံစံကို ပေးစွမ်းနိုင်ခဲ့သည်။ Benfen*၊ ဆန်းသစ်တီထွင်မှု၊ အသုံးပြုသူများအား အလေးထားခြင်း၊ စဉ်ဆက်မပြတ် လေ့လာမှုနှင့် အသင်းအဖွဲ့ စိတ်ဓာတ်များသည် ကုမ္ပဏီ၏ အဓိကအလေးထားလိုက်နာရသည့် အချက်များဖြစ်ပြီး vivo သည် ရေရှည် တည်တံ့ခိုင်မြဲသည့် ဗဟာဗျူဟာကို အကောင်အထည်ဖော်ပြီး ကမ္ဘာ့အဆင့်မီ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။
အကောင်းဆုံးသော ဒေသခံမှ ကျွမ်းကျင်သူအသစ်များကို အမြဲမပြတ် ရှာဖွေရင်း vivo သည် စားသုံးသူများအတွက် 5G၊ Artificial intelligence၊ စက်မှုဒီဇိုင်း၊ ကင်မရာ စသည့် နည်းပညာအပါအဝင် အသစ်သစ်သော ခေတ်မီဆန်းသစ်သည့် နည်းပညာများစွာကို တီထွင်နိုင်ရန်အတွက် Shenzhen၊ Dongguan၊ Nanjing၊ Beijing၊
Hangzhou၊ Shanghai၊ Xi’an၊ Taipei၊ Tokyo နှင့် San Diego ဒေသရှိ သုတေသန ဖွံ့ဖြိုးရေးစင်တာ ၁၀ ခုနှင့် ဖွဲ့စည်းထားသည်။ တရုတ်၊ တောင်နှင့် အရှေ့တောင်အာရှများနှင့် အခြားဒေသများတွင် နှစ်စဉ် စမတ်ဖုန်း သန်း (၂၀၀) ကျော် ထုတ်လုပ်သည့် ထုတ်လုပ်ရေးဌာန ၇ ခု (ကုန်အမှတ်တံဆိပ် ခွင့်ပြုထားသော ကုန်ထုတ်လုပ်မှုစင်တာအပါအ၀င်) ကို တည်ထောင်ခဲ့သည်။ ယခုအချိန်တွင် vivo သည် နိုင်ငံနှင့် ဒေသပေါင်း ၅၀ ကျော်တွင် ၎င်း၏ ရောင်းအားကွန်ယက်ကို ချဲ့ထွင်နိုင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းတွင် သုံးစွဲသူသန်း ၄၀၀ ကျော် ရှိနေပြီဖြစ်သည်။
*"Benfen" သည် မှန်ကန်သောအရာများကို လုပ်ဆောင်ခြင်းနှင့် မှန်ကန်စွာလုပ်ဆောင်ခြင်းဟူသည့် သဘောထားကို ဖော်ပြသည့် အသုံးအနှုန်းဖြစ်ပြီး ကောင်းမွန်သည့် နည်းပညာများကို တီထွင်မည်ဆိုသည့် vivo ၏ ခံယူချက်ကို အကောင်းဆုံး ဖော်ပြသည့် အသုံးအနှုန်းဖြစ်သည်။
vivo ၏ နောက်ဆုံးသတင်းများကို
https://www.vivo.com/en/about-vivo/news
တွင် ဖတ်ရှုနိုင်သည်။
#MyanmarICTGuide
Telegram Channel
https://t.me/Guid4U