HMD Global က တစ်ဖန်ပြန်သုံး Nokia စမတ်ဖုန်းကို ထိုင်းဈေးကွက်မှာ ဈေးလျှော့ရောင်း
myanmaritdirectory.com
|
2022-10-25

HMD Global က တစ်ဖန်ပြန်သုံး Nokia စမတ်ဖုန်းကို ထိုင်းဈေးကွက်မှာ ဈေးလျှော့ရောင်း


TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U  Nokia အမှတ်တံဆိပ် စမတ်ဖုန်းများနှင့် ဆက်စပ်ပစ္စည်းများအတွက် သီးသန့်လိုင်စင်ရရှိသူ HMD Global က ထိုင်းနိုင်ငံတွင် ပထမဆုံးသော ဂေဟမိတ်ဖက်  eco-friendly စမတ်ဖုန်းဖြစ်တဲ့  စမတ်ဖုန်းမော်ဒယ်အသစ်ကို စတင်ရောင်းချပါတယ်။

.

HMD Global မှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမန်နေဂျာ Paradorn Ramaboot က ကုမ္ပဏီအနေဖြင့် တာရှည်ခံပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဘေးကင်းသော  စမတ်ဖုန်းများကို ဖန်တီးခြင်းဖြင့် ရေရှည်တည်တံ့မှုအပေါ် ပိုမိုအာရုံစိုက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းများကို လျှော့ချရန်အတွက် HMD က ဖုန်းသုံးစွဲသူများအား ၎င်းတို့၏ စမတ်ဖုန်းများကို အချိန်ကာလ ပိုကြာကြာ အသုံးပြုစေနိုင်ဖို့အတွက် ပံ့ပိုးကူညီလိုကြောင်း Paradorn Ramaboot က ပြောကြားခဲ့ပါတယ်။ ဖုန်းတွေကိုလည်း တစ်ဖန်ပြန်သုံးထားတဲ့ ပစ္စည်းများဖြင့် ထုတ်လုပ်မှာဖြစ်ကြောင်းလည်း သူက ပြောကြားပါတယ်။ 

.

ကမ္ဘာတစ်ဝှမ်း အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းများသည် ယမန်နှစ်တွင် တန်ချိန် ၅၇ ဒသမ ၄ သန်းအထိ တိုးလာခဲ့ကြောင်း Mr Paradorn က ပြောကြားပါတယ်။

“စားသုံးသူတွေဟာ သူတို့ရဲ့ အတွေးအခေါ်နဲ့ အမူအကျင့်တွေကို ပြောင်းလဲလာကြပြီး သဘာဝပတ်ဝန်းကျင်နဲ့ ပိုသဟဇာတဖြစ်တဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို ရွေးချယ်ကြပါတယ်" ဟု သူက ပြောသည်။

HMD သည် မကြာသေးမီက ဈေးနှုန်း  အလယ်အလတ်တန်းစား Nokia X30 5G ကို မိတ်ဆက်ခဲ့သည်။ ၎င်းဖုန်းမော်ဒယ်တွင် တစ်ဖန်ပြန်သုံးသည့် ပစ္စည်းများ လှိုင်လှိုင်သုံးထားသည်။ ထုပ်ပိုးသည့် ဘူးကိုလည်း တစ်ဖန်ပြန်သုံးသည့် စက္ကူကို သုံးစွဲထားပါသည်။ 

ဖုန်းကိုယ်ထည်ကို တစ်ဖန်ပြန်သုံးသည့်ပစ္စည်းများဖြင့် ထုတ်လုပ်ထားသည်။ အလူမီနီယမ်ဘောင်ကို ရာနှုန်းပြည့် တစ်ဖန်ပြန်သုံးထားသည့် အလူမီနီယမ်သတ္တုဖြင့် ထုတ်လုပ်ထားသည်။ 

ကျောခွံကို ၆၅% တစ်ဖန်ပြန်သုံးထားသည့် ပလတ်စတစ်ဖြင့် ထုတ်လုပ်သည်။ 

ဘူးခွံနှင့် ထုပ်ပိုးပစ္စည်းများသည် ၁၀၀% တစ်နေပြန်သုံးသည့် စက္ကူကို အသုံးပြုထားသည်။

.

Nokia X30 5G တွင် Android 12 တင်ပေးထားသည်။ လည်ပတ်စနစ် operating system ကို ၃ နှစ်တိုင်တိုင် updates များ ပေးဖို့ အာမခံထားသည်။

.

 ကင်မရာအမြွှာ မှန်ဘီလူးများမှာ ultra-wide 13MP lens ဖြစ်ပြီး PureView 50 MP နည်းပညာ အသုံးပြုထားသည်။ ဉာဏ်ရည်တု artificial intelligence AI ဖြင့် ပုံထွက်ကောင်းအောင် ကူညီပေးသည်။ ထို့ပြင် OIS anti-shake system ကိုလည်း သုံးထားသည်။ 

 .

Nokia X30 5G ရောင်းဈေးမှာ ဘတ် ၁၆,၉၉၀ ဖြစ်သည်။ 

ထိုင်းနိုင်ငံတွင် Nokia X30 5G ဟန်းဆက်၏စျေးနှုန်းသည် ဟောင်ကောင်၊ စင်ကာပူ အပါအဝင် အခြားဈေးကွက်များထက် နိမ့်သည်။ ဈေးနှုန်းကို နိုင်ငံ၏ လူနေမှုစရိတ်အရ သတ်မှတ်ပေးကြောင်း Mr Paradorn က ပြောကြားသည်။

Nokia X30 5G စမတ်ဖုန်းမှ ကင်မရာ၏ အရည်အသွေးနှင့် လုပ်ဆောင်ချက်များသည် ဘတ် ၃၀,၀၀၀ ပတ်လည်ဖြင့် ရောင်းချသည့် စမတ်ဖုန်းများနှင့် အရည်အသွေးအတူတူ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ထိုင်းတွင် ဘတ် ၅,၀၀၀ အောက် ဈေးနှုန်းများရှိသော စမတ်ဖုန်းအပိုင်းအကန့်သည် ဝယ်ယူနိုင်စွမ်းအား ကျဆင်းနေခြင်းကြောင့် ကုမ္ပဏီ၏ ၀င်ငွေမှာ ယမန်နှစ်ထက် အနည်းငယ် ကျဆင်းဖွယ်ရှိကြောင်း Mr Paradorn မှ ပြောကြားခဲ့သည်။

ဈေးအနိမ့်တန်းတွင် တရုတ်brand များနှင့် အပြိုင်အဆိုင် ပြင်းထန်နေကြောင်း ၎င်းက ပြောကြားသည်။ 

Source Bangkokpost

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

#စမတ်ဖုန်း
#ကင်မရာ
#ကုမ္ပဏီ
#Nokia
#ဈေးနှုန်း

Some text some message..