ဒေါ်လာ ၁ သိန်း ၃ ကျော် တန်သည့် iPhone 14 Pro Max ဈေးကွက်ထဲ စတင်ရောက်ရှိ
myanmaritdirectory.com
|
2022-11-05

ဒေါ်လာ ၁ သိန်း ၃ ကျော် တန်သည့် iPhone 14 Pro Max ဈေးကွက်ထဲ စတင်ရောက်ရှိ


TO GET INSTANT UPDATE 
Join Telegram Channel


https://t.me/Guid4U Apple ၏ နောက်ဆုံးထွက် ပရီမီယံစမတ်ဖုန်းများမှ ဈေးအမြင့်ဆုံး iPhone 14 Pro Max ကို Caviar က ဗားရှင်းအသစ် ဖန်တီးပြီး ဈေးကွက်ထဲ စတင် မိတ်ဆက်ပါတယ်။

Caviar ထုတ်လုပ်တဲ့ iPhone 14 Pro Max ဗားရှင်းအသစ်က ရောင်းဈေး $130,000 ကျော်ပါတယ်။ ဈေးကြီးနေရတာက iPhone 14 Pro Max ကျောဘက်မှာ Rolex Daytona Watch ထည့်ပေးထားလို့ ဖြစ်ပါတယ်။ 

ဖုန်းအတွင်း သိုလှောင်မှု internal storage 128 GB ပါတဲ့ iPhone 14 Pro Max ရောင်းဈေး $ 134,250 သတ်မှတ်ထားပြီး 512 GB ကိုတော့ ရောင်းဈေး $134,580 သတ်မှတ်ထားပါတယ်။


.

iPhone 14 စီးရီးအသစ် လက်ရှိအခြေအနေမှာ iPhone 14 နှင့် iPhone 14 Plus တို့ရဲ့ ရောင်းအား မျှော်မှန်းထားတာထက် အများကြီး လျော့နည်းနေပါတယ်။ ယခင် iPhone 13 နှင့် ထူးမခြားနား ဖြစ်နေလို့ ရောင်းအားမကောင်းတာလို့ သုံးသပ်ကြပါတယ်။ 

 iPhone 13 ထက် သိသိသာသာ ပိုသာနေတဲ့  iPhone 14 Pro နှင့်  Pro Max တို့ ရောင်းအား ကောင်းကြပါတယ်။

 iPhone 14 စီးရီး ရောင်းအားအခြေအနေ၊ တရုတ်ပြည်မှာ Foxconn ရဲ့ iPhone စက်ရုံ လော့ဒေါင်းချခံရခြင်းတို့ကြောင့် ထုတ်လုပ်မှု အပိုင်းမှာ အပြောင်းအလဲများ ဖြစ်ပေါ်နေပါတယ်။ iPhone 14 တပ်ဆင်ထုတ်လုပ်ပေးနေတဲ့ Foxconn ရဲ့ iPhone စက်ရုံက ကမ္ဘာ့iPhone ထုတ်လုပ်မှုရဲ့ ၃၀% ကို ထုတ်လုပ်ပေးနေတဲ့ စက်ရုံဖြစ်ပြီး ကိုဗစ် လော့ဒေါင်းချခံရခြင်း၊ စက်ရုံမှ အလုပ်သမားများ ထွက်ပြေးကုန်ကြခြင်းတို့ကို ရင်ဆိုင်နေရပါတယ်။

iPhone 14 တပ်ဆင်ထုတ်လုပ်ပေးနေတဲ့ Hon Hai Foxconn, Pegatron, Luxshare Precision တို့ရဲ့ စက်ရုံများမှာ ထုတ်လုပ်မှု အစီအစဉ်များ အပြောင်းအလဲ ဖြစ်ပေါ်နေပါတယ်။

Source gizchina

TO GET INSTANT UPDATE 
Join Telegram Channel


https://t.me/Guid4U

#iPhone
#Foxconn
#ဗားရှင်း
#အလုပ်
#စမတ်ဖုန်း

Some text some message..