Samsung Myanmar မှ စုစုပေါင်း ကျပ်သိန်း ၃၁၀ ကျော် တန်ဖိုးရှိ ပညာရေးသင်ထောက်ကူ Samsung ထုတ်ကုန်များနှင့် ရာသက်ပန် လှုူဒါန်းငွေ အား အေးမေတ္တာမသန်စွမ်းရိပ်မြုံသို့ သွားရောက်လှုူဒါန်း
myanmaritdirectory.com
|
2022-11-12

Samsung Myanmar မှ စုစုပေါင်း ကျပ်သိန်း ၃၁၀ ကျော် တန်ဖိုးရှိ ပညာရေးသင်ထောက်ကူ Samsung ထုတ်ကုန်များနှင့် ရာသက်ပန် လှုူဒါန်းငွေ အား အေးမေတ္တာမသန်စွမ်းရိပ်မြုံသို့ သွားရောက်လှုူဒါန်း


Samsung Love & Care အစီအစဉ်ကို ၂၀၁၅ ခုနှစ်မှ စတင်လုပ်ဆောင်ခဲ့ပြီး နှစ်စဉ် နိုင်ငံတဝန်းမှ အခွင့်အလမ်းနည်းပါးသော လူမှုအသိုင်းအဝိုင်းနှင့် ကျောင်းသားလူငယ်များ၊ အထောက်အကူဖြစ်စေမည့် အမျိုးမျိုးသော ထောက်ပံ့မှုများကို စဉ်ဆက်မပြတ် အားဖြည့်ပံ့ပိုးလျက်ရှိရာ ယခုနှစ်တွင်မူ “Samsung နှင့်အတူ ဝေမျှကူ” အစီအစဉ်မှ တစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုးဘွားရိပ်သာနှင့် မသန်စွမ်းရိပ်သာ စသည့် နေရာများ တွင် မျှဝေလှူဒါန်းခဲ့ပါသည်။ ပထမဦးစွာ Samsung Myanmar မှ ပုသိမ်မြို့နယ် သဲဖြူကျေးရွာရှိ ဧရာရတနာကျောင်းတိုက် မိဘမဲ့ကလေးစောင့်ရှောက်ရေး တွင် သိန်း (၂၆၀) ကျော်အားလည်းကောင်း၊ သန်လျင်မြို့နယ်ရှိ ဘိုးဘွားရိပ်သာတွင် ကျပ်သိန်း ၃၃၀ ကျော်အား လည်းကောင်း အသီးသီး တန်ဖိုးရှိ ငွေသားထောက်ပံ့မှုများနှင့် Samsung ထုတ်ကုန်များ၊ အမျိုးမျိုးသော လှူဒါန်းမှုများအား ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ပြီး ဖြစ်သည်။


ယခုအခါတွင်မူ လှိုင်သာယာမြို့နယ်ရှိ အေးမေတ္တာမသန်စွမ်းရိပ်မြုံ တွင်လည်း Samsung Myanmar မှ ရာသက်ပန်အလှူငွေကျပ် သိန်း (၁၁၀) အား Team Galaxy အဖွဲ့ဝင် နာမည်ကျော်အနုပညာရှင် ပန်းရောင်ခြယ်နှင့်အတူ သွားရောက်လှူဒါန်းခဲ့သည်။ ထို့အပြင် ကျောင်းရှိ မသန်စွမ်းကျောင်းသားကလေးငယ်များ၏ ပညာသင်ကြားရေးတွင် အထောက်အကူဖြစ်စေမည့် ကျပ်သိန်း ၂၀၀ ကျော် တန်ဖိုးရှိ Samsung တက်ဘလက်၊ တီဗီနှင့် စမတ်ဖုန်းများ၊ ကျောင်းသားတစ်ဦးစီအတွက် ကျောင်းသုံးပစ္စည်းများ (စုစုပေါင်း သိန်း ၃၁၀ ကျော် တန်ဖိုးရှိ လှူဒါန်းမှုများ) ကိုလည်း ဖြည့်စွက်ထောက်ပံ့လှူဒါန်းခဲ့ပါသည်။







ထို့နောက် အမှတ်တရ အစီအစဉ်အနေဖြင့်လည်း ကျောင်းရှိ ကျောင်းသားကလေးများနှင့်တကွ Samsung Myanmar အဖွဲ့သားများအပါအဝင် ပန်းရောင်ခြယ်တို့ အတူတူ “Samsung နှင့်အတူ ဝေမျှကူ” ပိတ်ကားပေါ်တွင် ဆေးရောင်များဖြင့် အလှခြယ်ခြင်း၊ ပျော်ရွှင်စရာ အဖွဲ့လိုက်ဂိမ်းများ ဆော့ကစားခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြပါသည်။ ဂိမ်းအစီအစဉ်များပြီးနောက် တွင် နွေးထွေးစွာ စကားစမြည်ပြောရင်း နေ့လည်စာများနှင့် တူတူ တည်ခင်းကျွေးမွေးခဲ့သည်။  





ကျောင်းသားကလေးများ ပညာသင်ကြားရာတွင် အထောက်အကူပြုစေရန် အတွက် Samsung Customer Service Team မှ ကျွမ်းကျင်သူများကလည်း ကျောင်းအဆောက်အအုံထဲတွင် TV တပ်ဆင်ပေးခြင်းဖြင့် ပါဝင်အားဖြည့်ခဲ့ပါသည်။



#စမတ်ဖုန်း
#Samsung
#TV
#ထုတ်ကုန်
#တက်ဘလက်

Some text some message..