အံ့အားသင့်ဖွယ် ရှေးဟောင်းဗိသုကာပညာဖြင့် တည်ဆောက်ထားခဲ့တဲ့ ဘုရားနှစ်ဆူ (သို့) ဓမ္မရာဇကဘုရားနှင့် အိမ်ယာကျောင်းဘုရား
lotaya.mpt.com.mm
|
2022-10-06

လှည်းဝင်ရိုးသံတညံညံပုဂံဘုရားပေါင်းဆိုတဲ့ဆိုးရိုးနှင့်အညီများစွာသောစေတီပုထိုးတွေတည်ရှိရာပုဂံဒေသကတော့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နေရာတစ်ခုအဖြစ် သတ်မှတ်ခံထားခဲ့ရတာနဲ့အညီ ကမ္ဘာ့လှည့် ခရီးသွားတွေလည်းနှစ်စဉ် လာရောက်လည်ပတ်လေ့ရှိတဲ့ နေရာတစ်ခုပါ။ ကျွန်တော်တို့မိသားစုလောလောလတ်လတ်ရောက်ဖြစ်ထားတဲ့ ပုဂံဒေသရဲ့ စေတီပုထိုးများစွာထဲကမှ အံ့ဖွယ်ထူးခြားတဲ့ ရှေးဟောင်းဗိသုကာပညာရပ်တွေနဲ့ပေါင်းစပ်တည်ထားကိုးကွယ်ခဲ့ကြတာကြောင့် အံ့အားသင့်ဖွယ် ဖြစ်ခဲ့ရတဲ့ပုဂံဘုရားနှစ်ဆူရဲ့ အကြောင်းတွေကို ဖောက်သည်ချ လမ်းညွှန်ပေးသွားပါဦးမယ်။

မြန်မာမှန်ရင် ပုဂံကိုရောက်ဖူးရမယ်ဆိုတဲ့ စကားလေးအတိုင်းပါပဲ။ ပုဂံဒေသကိုတော့ ဘုရားဖူးခရီးစဉ်အဖြစ် တစ်ပိုင်း၊ လေ့လာရေးခရီးစဉ်အဖြစ်ကတစ်ပိုင်း သွားရောက်ခဲ့ကြဖူးမယ်ဆိုတာသိပေမယ့် ပုဂံကိုရောက်ပြီဆိုတာနဲ့ နာမည်ကြီးဘုရားတွေကိုသာလူတော်တော်များကရွေးလည်လေ့ရှိပေမယ့် ကျွန်တော်ကတော့ လူသိနည်းပြီးစိတ်ဝင်စားဖွယ်ရာအချက်အလက်တွေပြည့်နေတဲ့ ဓမ္မရာဇကဘုရားနဲ့ အိမ်ယာကျောင်းဘုရားတို့ကိုသွားရောက်ဖူးမျှော်လေ့လာဖြစ်ခဲ့ပါတယ်။


ပုဂံကိုဘုရားဖူးသွားမယ်ဆိုရင်တော့ လေယာဉ်နဲ့လည်းသွားလို့ရနိုင်သလို အဝေးပြေးကားနဲ့လည်း သွားနိုင်တာကြောင့် ကျွန်တော်ကတော့ စရိတ်သက်သာသလို ကားလမ်းမရဲ့ ဘေးဝဲယာရှုခင်းတွေကိုကြည့်ရှုရတာနှစ်သူဖြစ်တာကြောင့် အောင်မင်္ဂလာကားကွင်းကနေ သောကြာနေ့ နံနက် ၇နာရီလောက်မှာ အဝေးပြေကားနဲ့ထွက်လာဖြစ်ခဲ့ပါတယ်။

အဝေးပြေးကားလမ်းမတစ်လျှာက်မှာ အညာဒေသရဲ့ အငွေအသက် ရှုခင်းတွေကို တစ်ဝကြီးခံစားခဲ့ရပြီး ည ၆နာရီလောက်မှာ ပုဂံဒေသတည်ရှိရာ ညောင်ဦးမြို့ကိုရောက်ရှိခဲ့ပါတယ်။ ညောင်ဦးမြို့ကိုရောက်တော့ ခရီးပန်းလာတာမလို့ ရောက်ရောက်ချင်းမှာပဲ ရေးမိုးချိုးစားသောက်ပြီးတာနဲ့ နံနက်အစောထပြီး လည်ပတ်ချင်တာကြောင့် တစ်ရေးတစ်မောအိပ်ဖြစ်ခဲ့ပါတယ်။

နောက်တစ်နေ့ရောက်တာနဲ့ အရင်ဆုံးသွားဖြစ်ခဲ့တဲ့ ဘုရားကတော့ ဓမ္မရာဇကဘုရားပါ။ ဓမ္မရာဇကဘုရားကို နရပတိစည်သူမင်းကတည်ထားကိုးကွယ်ခဲ့တာဖြစ်ပြီး ပုဂံမှာရှိတဲ့ ထောင့်ငါးမျက်နှာရှိတဲ့ စေတီ၁၆ဆူထဲမှာအကြီးမားဆုံးမှာဘုရားတစ်ဆူလည်းဖြစ်ပါတယ်။


နရပတိစည်သူကအလှူရှင်အဖြစ်တည်ဆောက်လှူဒါန်းခဲ့ပြီး၁၁၉၈ခုနှစ်မှာ ပြီးစီးခဲ့တယ်လို့သိရပါတယ်။ တစ်ချို့ကအလောင်းစည်သူနဲ့မှားကြပါတယ်၊၊နရပတိစည်သူကဆည်မြောင်းအတတ်ပညာမှာကျွမ်းကျင်တဲ့ဘုရင်တစ်ပါးဖြစ်တယ်လို့သမိုင်းမှတ်တမ်းများမှာတွေ့ရတော့သူတည်ခဲ့တဲ့ဘုရားမှာ ရေစီမံခန့်ခွဲမှုကိုစနစ်တကျထည့်သွင်းတည်ဆောက်ခဲ့တာကိုယခုတွေ့ရလို့သမိုင်းမှတ်တမ်းမှန်ကန်နေတာတွေ့ရပါတယ်။

ဘုရားကြီးအပေါ်ကိုကျရောက်လာတဲ့ မိုးရေတွေကို စနစ်တကျစီးကျအောင် ရေထုတ်ပြွန်တွေကိုတပ် ဆင်ထားတာစိတ်ဝင်စားစရာပါပဲ။မိုးတွင်းကာလမှာ ယခုထိဒီရေဆင်းပြွန်တွေကနေ ရေတွေစီးဆင်းနေဆဲမို့ မိုးရွာတဲ့အခါ အကြောင်းသိတဲ့ပညာရှင်နဲ့ နိုင်ငံခြားသားတွေက လာရောက်လေ့လာလေ့ရှိကြောင်းသိခဲ့ရပါတယ်။

ဒီဘုရားအလှူရှင်နရပတိစည်သူကအတော်လေးစေ့စပ်သေချာသူလည်းဖြစ်မယ်လို့တွေးမိပါတယ်။ ဘုရားကိုတည်ဆောက်တဲ့အခါအုတ်ချပ်အရည်အတွက်၆သန်းလောက်အသုံးပြုခဲ့ရပြီးဘုရားရဲ့အမြင့်ညဏ်တော်ဟာပေ၁၈၀ရှိတယ်လို့ဆိုပါတယ်။ဘုရားရဲ့တစ်ပတ်လုံးမှာ၅၅၀နိပါတ်တော်စဥ့်ကွင်းများနဲ့တန်ဆာဆင်ထားပြီးစဥ့်ကွင်းကွက်ရုပ်ကြွများထဲကပုဂံခေတ်ဒေသပေါက်ပင်များကိုလည်းလေ့လာနိုင်ပါတယ်။

ဓမ္မရာဇကဘုရားကိုလည်ပတ်လေ့လာပြီးတဲ့အခါ နေ့လယ်ပိုင်းကိုရောက်လုနီးနေပြီဖြစ်တာကြောင့် အေးမြတဲ့ အညာထနှောင်းရိပ်ကိုအမှီသဟဲပြုကာသန့်ရှင်းသပ်ရပ်စွာတည်ခင်းရောင်းချထားတဲ့ ထမင်းဆိုင်လေးမှာဝင်ရောက်အနားယူစားသောက်ကာ နောက်ထပ် ကျွန်တော်ရဲ့ စိတ်ကူးထားချက်အတိုင်း ပင်တဂွန်ပုံစံနောက်ထပ် ဘုရားတစ်ဆူဖြစ်တဲ့အိမ်ယာကျောင်းဘုရား၊ဘုရားအမှတ်၁၈၃၁ကိုသွားရောက် ဖူးမျှော်လေ့လာဖြစ်ခဲ့ပါတယ်။


ဘုရားတံတိုင်းအတွင်းထဲဝင်ရုံနဲ့တော့ပင်တဂွန်ပုံစံငါးမျက်နှာဘုရားရယ်လို့မရိပ်စားမိပါဘူး။Cyarkကလုပ်ထားတဲ့ 3D Scanning ကိုကြည့်ရင်းနဲ့တွေ့တာ။3D Scanning မှန်သမျှကို upside down လုပ်ပီးကြည့်ရပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ဘုရားရဲ့ foundation ကိုupside down လုပ်ပီးကြည့်ရတာကြောင့်ပါ။အဲဒါမျိုးက 3D scanning မှာပဲကြည့်လို့ရတာ။သူကမြေကြီးအောက်ကပုံရိပ်ကိုပါဖမ်းယူနိုင်တာကြောင့်ပါ။

တိုက်ဆိုင်တာပဲလားပေါ့။ဓမ္မရာဇကဘုရားကိုပြန်ကြည့်တော့လည်းဒီလိုဘဲအနောက်တည့်တည့်ကိုခေါင်းထိုးထားတာတွေ့ရတယ်။ဒီအချက်ကဘာကိုပြောသလဲဆိုတော့ ပုဂံခေတ်ဗိသုကာပညာရှင်တွေဟာ အရပ်မျက်နှာရွေးချယ်ရာမှာသတိကြီးကြီးထားပီးရွေးတယ်။နက္ခတဗေဒဆိုင်ရာစည်းကမ်းချက်တွေရှိမယ်။အရပ်မျက်နှာရွေးချယ်မှုနှင့်ပတ်သက်ပီး code of practices တွေရှိမယ်ဆိုတာပါပဲ။

အိမ်ယာကျောင်းဘုရားကိုလှည့်ပတ်လေ့လာရတာစိတ်ထဲမှာအားရသွားတဲ့အခါ ကျွန်တော်တို့လည်းထွက်လာဖြစ်ခဲ့ပြီး အိမ်ယာကျောင်းဘုရားမှ ထွက်ခွာလာခဲ့တော့ ညနေ ၂ နာရီဝန်းကျင် တောင် ရောက်လုနေပြီဖြစ်တာကြောင့် အနီးအနားဝန်းကျင်မှ ဘုရားအချို့နဲ့ နာမည်ကြီးလူသိများထင်ရှားပြီးဘုရားဖူးခရီးသည်လည်ပတ်မှုများပြားတဲ့ဘုရားအချို့ကို ထပ်မံလည်ပတ်ကာညနေ ၆နာရီလောက်မှာပဲ ကျွန်တော်တို့မိသားစုတည်းခိုရာဟိုတယ်ကိုပြန်လာဖြစ်ခဲ့ပါတယ်။

ကျွန်တော်ကတော့ ပုဂံဒေသကိုအကြိမ်ရေတော်တော်များရောက်ဖူးပြီးဖြစ်တာကြောင့် နာမည်သိပ်မထင်ရှားမကျော်ကြားပေမဲ့ စိတ်ဝင်စားကြည်ညိုဖွယ်ရာဘုရားတွေကိုသွားရောက် လည်ပတ်ကာသေချာလေးလေ့လားဖူးမျှော်ဖြစ်ခဲ့ပြီး အမှန်တကယ် စိတ်ဝင်စားဖွယ်တည်ဆောက်ကိုးကွယ်ထားတဲ့ ဘုရားနှစ်ဆူဖြစ်တဲ့အပြင် သမိုင်းဝင်ဗိသုကာလက်ရာတွေအထင်အရှားရှိနေတဲ့ ဘုရားရင်ပြင်ဝန်းကျင်မှာ အမှတ်တရအနေဖြင့် ဓာတ်ပုံလှလှလေးတွေပါလှည့်ပတ်ရိုက်ကူးရယူထားနိုင်တာကြောင့် စာဖတ်သူတို့ကိုလည်းသွားရောက်လေ့လာဖူးမျှော်ကြဖို့ အကြုံပြုတိုက်တွန်းချင်ပါတယ်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_travel


#ဗိသုကာ
#သမိုင်း
#ပုဂံ
#အိမ်ယာကျောင်းဘုရား
#ဓမ္မရာဇကဘုရား

Some text some message..