Toyota Ipsum အကြောင်းတစေ့တစောင်း
automobiledirectory.com.mm
|
2020-02-22

Toyota Ipsum အကြောင်းတစေ့တစောင်း

သက်တမ်းတစ်လျှောကျမှာ မျိုးဆက်နှစ်မျိုးသာ ခွဲခြားထုတ်လုပ်ခဲ့တဲ့ တိုယိုတာရဲ့ Ipsum ဆိုတဲ့ အမျိုးအစားလေးအကြောင်းဖေါက်သည်ချ ချင်ပါတယ်။

လကျရှိ ပြည်တွင်းမှာ ယာဉ်အိုယာဉ်ဟောင်း အစားထိုး တင်သွင်းခွင့်ရရှိထားတဲ့ မော်ဒယ် အတွင်းမှာ အကျုံးဝင်လျှကျရှိနေသေးတဲ့ ဒီ မိသားစုသုံး ကားလေးဟာ Asia မှာတော့ Picnic ဆိုတဲ့နာမည်နဲ့ ရောင်းချပေးပါတယ်။

First Generation ( 1995-2001)

Compact MPV အမျိုးအစား ထိုင်ခုံ ၃ တန်း နဲ့ ခပ်လုံးလုံး စတိုင် ချိုးထားပြီး ခါးကြောရှည်ရှည်လေး ထုတ်ထားတဲ့ ဒီမျိူးဆက်ကို လူကြိုက်များခြင်းမရှိခဲ့ပါဘူး။ အင်ဂျင်ပါဝါ ကတော့ 2.0L 3S-FE I4 အင်ဂျင်တပ် ပြီး ထုတ်လုပ်ထားပေမယ့် , 2.2L 3C-TE ဒီဇယ်အင်ဂျင်တပ် လို့လည်း ထုတ်ပါသေးတယ်။

ခေတ်ပြိုင် တိုယိုတာ မော်ဒယ် GAIA ရဲ့ ရှေ့ပြေး ရုပ်ထွက်လည်း ဖြစ်ခဲ့ပါတယ်။ တိုယိုတာ ရဲ့ လက်ရှိအချိန်ထိ ထုတ်လုပ်ဆဲဖြစ်တဲ့ Avensis တွေရဲ့ အဓိက platform အဖြစ်စတင် ရပ်တည်လာတာပါ။ 1997 model မှာ ရုပ်အနည်းငယ် အပြောင်းအလဲရှိပါတယ်။ Chassis အနေနဲ့ကတော့ ဓါတ်ဆီဆို GF-SXM10 နဲ့ ထွက်ပြီး ဒီဇယ်တွေကတော့ KH-CXM10 တဲ့ ထွက်ပါတယ်( 4WD ဆိုရင် 15 )။

Second Generation ( 2001-2009)

ဒီဒုတိယနဲ့ နောက်ဆုံးမျိုးဆက်မှာတော့ ရုပ်ထွက်က တော်တော်ကြွထွက်လာပြီး မြန်မာပြည်မှာ လူကြိုက်များကြပါတယ်။ ဂျပန် မှာတော့ 2.4L 2AZ-FE I4 အင်ဂျင်တပ် တစ်မျိုးတည်းကိုသာ ထုတ်လုပ်ပြီးတော့ , အခြားသော နိုင်ငံတွေမှာတော့ 2.0L 1AZ-FE I4 အင်ဂျင်အပြင် , ဒီဇယ် ဆီသုံး 2.0L 1CD-FTV I4 တွေမှာတပ်ဆင် ထုတ်လုပ်ပါတယ် ( အင်ဒို/ မလေး / ဗီယက်နမ်)။ ပြည်တွင်းမှာ အသွင်းများတဲ့ ဂရိတ်တွေကတော့ E , I , I Limited , U, UG Selection ဂရိတ်တွေ ဖြစ်ကြပါတယ်။တံခါးငါးပေါက်၊ ထိုင်ခုံသုံးတန်းဖြစ်ပြီး ဂရိတ်အားလုံးကို အဲကွန်းပတ်လည်ဖြင့် ထုတ်လုပ်ထားပြီး UG selection ဟာ အမြင့်ဆုံးဂရိတ်လို့ ပြောနိုင်ပါတယ်။

Japan မှာ ဓါတ်ဆီ 2.4L တစ်မျိုးသာ ထုတ်တဲ့အတွက် ပြည်တွင်း ရောက်ရှိလာတဲ့ Ipsum တွေမှာလည်း 2.4 L အင်ဂျင်နဲ့သာ တွေ့ရလေ့ရှိပါတယျ။

ဂရိတ်တွေမှာ ပါဝင်ပစ္စည်း ကွဲပြားမှုတွေကိုအောက်မှာ စုစည်းဖေါ်ပြပေးထားပါတယ်။

“E ဂရိတ်”

အတွင်းခန်းဒက်ရှ်ဘုတ် ကျွန်းကွက်၊စတီယာရင်ကျွန်းကွက်၊ ရှေ့ထိုင်ခုံတံခါးလက်တင်၊ တီဗွီ၊ ပါဝင်ပါတယ်။ ရှေ့နောက်စကတ်အသေး၊ Fog Light ၊ နောက်မှန်ဝိုက်ဘာ(နောက်ဒုတ်)၊စပွိုင်လာအသေး၊ Sunroof နှစ်ခု တို့ဖြစ်ပါတယ်။

“I ဂရိတ်”

အတွင်းခန်းကျွန်းကွက်၊ စတီယာရင်ကျွန်းကွက်၊ စတီယာရင်ကွန်ထရိုးလ်၊ အဲကွန်းဒီဂျစ်တယ်ကွန်ထရိုးလ်၊ အလယ်တန်းထိုင်ခုံသုံးခု၊ နောက်ထိုင်ခုံ လက်တင်အပြည့် ဖြစ်ပါတယ်။ ရှေ့နောက်စကတ်အကြီး၊ Fog Light မပါ၊ နောက်မှန်ဝိုက်ဘာ(နောက်ဒုတ်)၊ စပွိုင်လာအကြီး၊ နောက်မှန် အရောင်ဝင်တာ တွေ့ရပါတယ်။

“I Limited”

I ဂရိတ်ထက်အနည်းသာပိုတဲ့ ဂရိတ်တစ်ခုဖြစ်ပါတယ်။ ပတ်လည်မှန်မည်းတာ၊ ရှေ့ခန်းအလယ်ခန်း လေအိပ်ပါဝင်တာ၊ တီဗွီ၊ ဒီဗွီဒီပါဝင်တာတွေပဲကွာခြားတာတွေ့ရပါတယ်။

“U ဂရိတ်”

ဒီဂရိတ်ကတော့ အတွင်းခန်းကျွန်းကွက်အပြည့်၊ အတွင်းခန်းပတ်လည်အဝါ၊ တီဗွိ၊ ဒီဗွီဒီ၊ ထိုင်ခုံသုံးတန်းခုံပြည့် ဖြစ်ပါတယ်။ ရှေ့နောက်စကတ်အကြီး၊ Fog Light ရှေ့နောက်၊ နောက်မှန်ဝိုက်ဘာ၊ ပတ်လည်မှန်မည်းပြီး၊ Sunroof နှစ်ခုဖြစ်ပါတယ်။

“UG Selection”

အတွင်းခန်းကျွန်းကွက်ဖြစ်တဲ့အထဲမှာ ဂီယာလက်ကိုင်ကျွန်းကွက်ဖြစ်တဲ့ ဂရိတ်ဖြစ်ပါတယ်။ စတီယာရင်ကွန်ထရိုးလ်၊ အဲကွန်းဒီဂျစ်တယ်ကွန်ထရိုးလ်၊ လေအိပ် ပတ်လည်(၈)လုံး၊ ထိုင်ခုံပါဝါမော်တာ ဖြစ်ပါတယ်။ ရှေ့နောက်စကတ်အကြီးပုံပြောင်း (၂၀၀၅မော်ဒယ်အထက်)၊ ပတ်လည်မှန်အရောင်ဝင်ပြီး၊ နောက်မှန်ဝိုက်ဘာ၊ စပွိုင်လာအကြီး၊ Fog Light ပတ်လည်ဖြစ်တာတွေ့ရပါတယ်။

Chassis အနေနဲ့ကတော့ 2001 မော်ဒယ်တွေမှာ TA နဲ့ လာပြီး 2002 ကစပြီး UA ဖြစ်သွားပါတယ်။ TA-ACM21 နဲ့သာ ဂရိတ်စုံထွက်လာလေ့ရှိပြီး 4WD ဆိုရင်တော့ TA-ACM26 နဲ့ ထွက်ပါတယ်။ ကားအားလုံးဟာ 4 speed Auto gear ( U241E) နဲ့သာလာလေ့ရှိပွီး 4WD မှာသာ အနည်းငယ်ကွဲလွဲမှုရှိပါတယ်။ ဒီဇယ်ဗားရှင်းမှာတော့ မန်နူရယ်ဂီယာ ၅ ချက်နဲ့ ထုတ်ပေမယ့် ပြည်တွင်းမှာတော့ အသုံးပြုမှုမရှိပါဘူး။

လကျရှိ ပြည်တွင်းမှာ လူကြိုက်များပြီး ရောင်းပန်းလှတဲ့ Wish နဲ့ နှိုင်းယှဉ်မယ်ဆိုရင်တောင် Ipsum ဟာ အများကြီးအားသာချက်ရှိနေပါသေးတယ်။

ဒီလောက်ဆိုရင်တော့ Ipsum ကားအကြောင်း အနည်းငယ်သိရှိပြီလို့ယူဆပါရစေ။

Zawgyi

Toyota Ipsum အကြောင်းတစေ့တစောင်း

သက်တမ်းတစ်လျှောက်မှာ မျိုးဆက်နှစ်မျိုးသာ ခွဲခြားထုတ်လုပ်ခဲ့တဲ့ တိုယိုတာရဲ့ Ipsum ဆိုတဲ့ အမျိုးအစားလေးအကြောင်းဖေါက်သည်ချ ချင်ပါတယ်။

လက်ရှိ ပြည်တွင်းမှာ ယာဉ်အိုယာဉ်ဟောင်း အစားထိုး တင်သွင်းခွင့်ရရှိထားတဲ့ မော်ဒယ် အတွင်းမှာ အကျုံးဝင်လျှက်ရှိနေသေးတဲ့ ဒီ မိသားစုသုံး ကားလေးဟာ Asia မှာတော့ Picnic ဆိုတဲ့နာမည်နဲ့ ရောင်းချပေးပါတယ်။

First Generation ( 1995-2001)

Compact MPV အမျိုးအစား ထိုင်ခုံ ၃ တန်း နဲ့ ခပ်လုံးလုံး စတိုင် ချိုးထားပြီး ခါးကြောရှည်ရှည်လေး ထုတ်ထားတဲ့ ဒီမျိုးဆက်ကို လူကြိုက်များခြင်းမရှိခဲ့ပါဘူး။ အင်ဂျင်ပါဝါ ကတော့ 2.0L 3S-FE I4 အင်ဂျင်တပ် ပြီး ထုတ်လုပ်ထားပေမယ့် , 2.2L 3C-TE ဒီဇယ်အင်ဂျင်တပ် လို့လည်း ထုတ်ပါသေးတယ်။

ခေတ်ပြိုင် တိုယိုတာ မော်ဒယ် GAIA ရဲ့ ရှေ့ပြေး ရုပ်ထွက်လည်း ဖြစ်ခဲ့ပါတယ်။ တိုယိုတာ ရဲ့ လက်ရှိအချိန်ထိ ထုတ်လုပ်ဆဲဖြစ်တဲ့ Avensis တွေရဲ့ အဓိက platform အဖြစ်စတင် ရပ်တည်လာတာပါ။ 1997 model မှာ ရုပ်အနည်းငယ် အပြောင်းအလဲရှိပါတယ်။ Chassis အနေနဲ့ကတော့ ဓါတ်ဆီဆို GF-SXM10 နဲ့ ထွက်ပြီး ဒီဇယ်တွေကတော့ KH-CXM10 တဲ့ ထွက်ပါတယ်( 4WD ဆိုရင် 15 )။

Second Generation ( 2001-2009)

ဒီဒုတိယနဲ့ နောက်ဆုံးမျိုးဆက်မှာတော့ ရုပ်ထွက်က တော်တော်ကြွထွက်လာပြီး မြန်မာပြည်မှာ လူကြိုက်များကြပါတယ်။ ဂျပန် မှာတော့ 2.4L 2AZ-FE I4 အင်ဂျင်တပ် တစ်မျိုးတည်းကိုသာ ထုတ်လုပ်ပြီးတော့ , အခြားသော နိုင်ငံတွေမှာတော့ 2.0L 1AZ-FE I4 အင်ဂျင်အပြင် , ဒီဇယ် ဆီသုံး 2.0L 1CD-FTV I4 တွေမှာတပ်ဆင် ထုတ်လုပ်ပါတယ် ( အင်ဒို/ မလေး / ဗီယက်နမ်)။ ပြည်တွင်းမှာ အသွင်းများတဲ့ ဂရိတ်တွေကတော့ E , I , I Limited , U, UG Selection ဂရိတ်တွေ ဖြစ်ကြပါတယ်။တံခါးငါးပေါက်၊ ထိုင်ခုံသုံးတန်းဖြစ်ပြီး ဂရိတ်အားလုံးကို အဲကွန်းပတ်လည်ဖြင့် ထုတ်လုပ်ထားပြီး UG selection ဟာ အမြင့်ဆုံးဂရိတ်လို့ ပြောနိုင်ပါတယ်။

Japan မှာ ဓါတ်ဆီ 2.4L တစ်မျိုးသာ ထုတ်တဲ့အတွက် ပြည်တွင်း ရောက်ရှိလာတဲ့ Ipsum တွေမှာလည်း 2.4 L အင်ဂျင်နဲ့သာ တွေ့ရလေ့ရှိပါတယ်။

ဂရိတ်တွေမှာ ပါဝင်ပစ္စည်း ကွဲပြားမှုတွေကိုအောက်မှာ စုစည်းဖေါ်ပြပေးထားပါတယ်။

“E ဂရိတ်”

အတွင်းခန်းဒက်ရှ်ဘုတ် ကျွန်းကွက်၊စတီယာရင်ကျွန်းကွက်၊ ရှေ့ထိုင်ခုံတံခါးလက်တင်၊ တီဗွီ၊ ပါဝင်ပါတယ်။ ရှေ့နောက်စကတ်အသေး၊ Fog Light ၊ နောက်မှန်ဝိုက်ဘာ(နောက်ဒုတ်)၊စပွိုင်လာအသေး၊ Sunroof နှစ်ခု တို့ဖြစ်ပါတယ်။

“I ဂရိတ်”

အတွင်းခန်းကျွန်းကွက်၊ စတီယာရင်ကျွန်းကွက်၊ စတီယာရင်ကွန်ထရိုးလ်၊ အဲကွန်းဒီဂျစ်တယ်ကွန်ထရိုးလ်၊ အလယ်တန်းထိုင်ခုံသုံးခု၊ နောက်ထိုင်ခုံ လက်တင်အပြည့် ဖြစ်ပါတယ်။ ရှေ့နောက်စကတ်အကြီး၊ Fog Light မပါ၊ နောက်မှန်ဝိုက်ဘာ(နောက်ဒုတ်)၊ စပွိုင်လာအကြီး၊ နောက်မှန် အရောင်ဝင်တာ တွေ့ရပါတယ်။

“I Limited”

I ဂရိတ်ထက်အနည်းသာပိုတဲ့ ဂရိတ်တစ်ခုဖြစ်ပါတယ်။ ပတ်လည်မှန်မည်းတာ၊ ရှေ့ခန်းအလယ်ခန်း လေအိပ်ပါဝင်တာ၊ တီဗွီ၊ ဒီဗွီဒီပါဝင်တာတွေပဲကွာခြားတာတွေ့ရပါတယ်။

“U ဂရိတ်”

ဒီဂရိတ်ကတော့ အတွင်းခန်းကျွန်းကွက်အပြည့်၊ အတွင်းခန်းပတ်လည်အဝါ၊ တီဗွိ၊ ဒီဗွီဒီ၊ ထိုင်ခုံသုံးတန်းခုံပြည့် ဖြစ်ပါတယ်။ ရှေ့နောက်စကတ်အကြီး၊ Fog Light ရှေ့နောက်၊ နောက်မှန်ဝိုက်ဘာ၊ ပတ်လည်မှန်မည်းပြီး၊ Sunroof နှစ်ခုဖြစ်ပါတယ်။

“UG Selection”

အတွင်းခန်းကျွန်းကွက်ဖြစ်တဲ့အထဲမှာ ဂီယာလက်ကိုင်ကျွန်းကွက်ဖြစ်တဲ့ ဂရိတ်ဖြစ်ပါတယ်။ စတီယာရင်ကွန်ထရိုးလ်၊ အဲကွန်းဒီဂျစ်တယ်ကွန်ထရိုးလ်၊ လေအိပ် ပတ်လည်(၈)လုံး၊ ထိုင်ခုံပါဝါမော်တာ ဖြစ်ပါတယ်။ ရှေ့နောက်စကတ်အကြီးပုံပြောင်း (၂၀၀၅မော်ဒယ်အထက်)၊ ပတ်လည်မှန်အရောင်ဝင်ပြီး၊ နောက်မှန်ဝိုက်ဘာ၊ စပွိုင်လာအကြီး၊ Fog Light ပတ်လည်ဖြစ်တာတွေ့ရပါတယ်။

Chassis အနေနဲ့ကတော့ 2001 မော်ဒယ်တွေမှာ TA နဲ့ လာပြီး 2002 ကစပြီး UA ဖြစ်သွားပါတယ်။ TA-ACM21 နဲ့သာ ဂရိတ်စုံထွက်လာလေ့ရှိပြီး 4WD ဆိုရင်တော့ TA-ACM26 နဲ့ ထွက်ပါတယ်။ ကားအားလုံးဟာ 4 speed Auto gear ( U241E) နဲ့သာလာလေ့ရှိပြီး 4WD မှာသာ အနည်းငယ်ကွဲလွဲမှုရှိပါတယ်။ ဒီဇယ်ဗားရှင်းမှာတော့ မန်နူရယ်ဂီယာ ၅ ချက်နဲ့ ထုတ်ပေမယ့် ပြည်တွင်းမှာတော့ အသုံးပြုမှုမရှိပါဘူး။

လက်ရှိ ပြည်တွင်းမှာ လူကြိုက်များပြီး ရောင်းပန်းလှတဲ့ Wish နဲ့ နှိုင်းယှဉ်မယ်ဆိုရင်တောင် Ipsum ဟာ အများကြီးအားသာချက်ရှိနေပါသေးတယ်။

ဒီလောက်ဆိုရင်တော့ Ipsum ကားအကြောင်း အနည်းငယ်သိရှိပြီလို့ယူဆပါရစေ။

AIR-CONDITIONING လုပ်ငန်းပေါင်း ၂၃၇ ခုကိုရှာဖွေရန်ဤနေရာကိုနှိပ်ပါ။
Credit; Original Writer

#ဂရိ
#ဂရိတ်
#ထိုင်ခုံ
#ကွက်
#ကျွန်း

Some text some message..