Toyota Vigo Smart Cab အကြောင်းတစေ့တစောင်း
automobiledirectory.com.mm
|
2020-02-25

Toyota Vigo Smart Cab အကြောင်းတစေ့တစောင်း


အရင်ဆုံး Toyota ခွဲနည်းကို ရှင်းပြပေးချင်ပါတယ်။ Toyota အနေနဲ့ သူတို့ရဲ့ pick up အမျိုးအစားကို Toyota Motor Corporation နဲ့ Toyota Motor Thailand Co.,Ltd တို့ကနေ ထုတ်လုပ်ပေးခဲ့ပါတယ်။


ထိုင်းထုတ် ကတော့ ကျွန်တော်တို့နဲ့တော်တော်လေးရင်းနှီးပြီးသားဖြစ်သလို လက်ရှိကားဈေးကွက်မှာလည်း အလွယ်ရနိုင်တာကြောင့် ဦးစားပေးအနေနဲ့ ထိုင်းထုတ် Toyota ကိုရှင်းပြပေးမှာပါ။ Toyota အနေနဲ့ Hilux အတွက် ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ၂၀၀၂ ကနေ ၂၀၀၄ခုနှစ်အထိ မော်ဒယ်တွေကို Tiger ဆိုပြီး ထုတ်လုပ်ပေးခဲ့ပါတယ်။ ၂၀၀၅ကနေ ၂၀၀၈ ခုနှစ်အထိတော့ Vigo ပေါ့။ ၂၀၀၉ ကနေ ၂၀၁၁ ခုနှစ်အထိ ဆိုရင် Vigo Smart Cab နဲ့ ၂၀၁၂ခုနှစ်ကနေ ၂၀၁၄ခုနှဈအထိမှာတော့ Vigo Champ ဆိုပြီး နာမည် တွေပြောင်းလဲထုတ်လုပ်ပေးခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ Vigo လို့ခေါင်းစဉ်တပ်ထားပေမယ့် Toyota Tiger ကိုလည်း ဖော်ပြပေးမှာဖြစ်ပါတယ်။


Toyota Tiger


ဒါနဲ့ပတ်သက်လို့ လူကြိုက်များတာက Toyota Tiger Extracab 2003 ပါ။ ကျွန်တော်တို့အခေါ်အရတော့ တစ်ခန်းခွဲပေါ့။ ဒါကြောင့် ရှေ့မှာလူစီး ၄ ယောက် မျှော်လင့်နိုင်တယ်ပေါ့။ ခုံတွေကတော့ ကြမ်းချောလို့ပြောရမယ့် ရှန်မွိုင်းနဲ့လယ်သာအရောလေးတွေပါ။ ဒါကြောင့် အရမ်းကြီးမကြမ်းသလို ဇိမ်ခံအတွက်လည်း တော်ရုံအနေအထားကို ရရှိနိုင်မှာဖြစ်ပါတယ်။ မန်နူရယ်အဲယားကွန်းနဲ့ ကက်ဆက်ပါဝင်ပြီး စတီယာရင်းကတော့ ပါဝါစတီယာရင်းဘီးပဲဖြစ်ပါတယ်။ သူ့မှာပါဝင်တဲ့ D-4D အင်ဂျင်တွေကတော့ ကျွန်တော်တို့အကြိုက်ပဲဖြစ်ပါ တယ်။ ဂရိတ်တွေထဲမှာတော့ G က အမြင့်ဆုံးဖြစ်ပြီး ထိုင်ခုံတွေကလယ်သာတွေဖြစ်လာသလို ABS ဘရိတ်စနစ်နဲ့ လေအိတ်လည်းပါဝင်လာမှာဖြစ်ပါတယ်။ ဒါပေမဲ့ 2.5 L အင်ဂျင် G ဂရိတ်မှာတော့ လယ်သာမရနိုင်ဘဲ 3.0 L မှသာရရှိနိုင်မှာဖြစ်ပါတယ်။ ဂီယာစနစ်ကတော့ ပုံမှန်ရော အော်တိုအနေနဲ့ပါ ရရှိစမေှာဖြစ်သလို လောင်စာအတွက်လည်း ဓာတ်ဆီရော၊ ဒီဇယ်ပါရရှိစမေှာဖြစ်ပါတယ်။ အော်တိုစနစ်အတွက် ဓာတ်ဆီများသလို ဒီဇယ်အနိမ့်ကားမှာတော့ အော်တိုလာပြီး ဓာတ်ဆီမှာတော့သိပ်မလာပါဘူး။


Toyota Vigo Smart cab (VIGO champ)


၂၀၀၅ကနေ ၂၀၀၈ခုနှစ်အထိထုတ်လုပ်ပေးခဲ့တဲ့ Toyota Vigo ကတော့ အနိမ့်ရောအမြင့်ပါ ဒီနာမည် ချည်းပဲဖြစ်ပါတယ်။ Toyota အနေနဲ့ သူတို့ရဲ့ကားတွေကို ၂၀၀၈ခုနှစ်အထိတော့ ရင်ကွဲမဟုတ်ဘဲ ရိုးရိုး အနေနဲ့ထုတ်လုပ်ပေးခဲ့ပြီး ဒါကကျန်တဲ့ Ford နဲ့ Mazda တို့နဲ့ယှဉ်ရင်အားနည်းချက်တစ်ခုဖြစ်ခဲ့ရပါတယ်။


ကျွန်တော်က အခုဒီအားနည်းချက်ကို ကျော်သွားမယ်ဗျာ။ ဒါကြောင့် ၂၀၁၂မော်ဒယ်ကိုရွေးပေးထားတယ်။ ၂၀၁၂မော်ဒယ်ဖြစ်နေလို့ ရင်ကွဲနေသလို ကားရဲ့ရုပ်ထွက်ကလည်း ၂၀၁၅မော်ဒယ်ရုပ်ပြောင်းနဲ့ ခပ်ဆင်ဆင် ဖြစ်နေမှာ အသေအချာပါပဲ။ ကားရဲ့ဂရိတ်အတွက် G ၊ E နဲ့ J ဆိုပြီးရှိမှာဖြစ်ပါတယ်။ G ကတော့ အမြင့်ဆုံးပဲဖြစ်ပြီး G နဲ့ E ကထိုင်ခုံတူပြီး intercooler ပါဝင်မှာဖြစ်ပါတယ်။ J ကတော့အနိမ့်ပဲဖြစ်ပြီး ထိုင်ခုံကရှန်မွိုင်းတော့ ရှန်မွိုင်းပေမယ့် နိမ့်သွားပါတယ်။ J မှာတော့ ရင်ကွဲတာနဲ့ မကွဲတာလည်းရှိပွီး ပုံမှန်ကတော့ရင်မကွဲပါဘူး။ ရင်ကွဲဖြစ်ခြင်းနဲ့ မဖြစ်ခြင်းက ၂၅သိန်းနဲ့ သိန်း ၃၀လောက်ကွာပါတယ်။ ၂၀၁၂မော်ဒယ်ရဲ့အားသာချက်ကတော့ အခြေခံဂရိတ် J မှာပဲ မှန်ချိုးမှန်ခေါက်ပါလာခြင်းပဲဖြစ်ပြီး ၂၀၀၉ နဲ့ ၂၀၁၁တို့မှာတော့ အဆင့်မြင့်ဂရိတ်ဖြစ်တဲ့ G မှသာ ပါဝင်ခြင်းပဲ ဖြစ်ပါတယ်။ မန်နူရယ်အဲယားကွန်း၊ ပါဝါစတီယာရင်းနဲ့ CD ကက်ဆက်ပါလာပေမယ့် လေအိတ်ကတော့ ပုံမှန်အတိုင်း G မှသာပါမှာဖြစ်ပါတယ်။ ဒါကြောင့် ABS ကလည်း G မှာသာပါဝင်လာမှာ ဖြစ်ပါတယ်။ 1 KD အတွက် 3000 cc အင်ဂျင်နဲ့လာပြီး 2 KD ကတော့ 2500 cc အင်ဂျင်အမျိုးအစားပဲဖြစ်သလို ဂီယာကလည်း ပုံမှန်လက်ထိုး ၆ချက်ပဲ ဖြစ်ပါတယ်။


အနိမ့်အတွက် 2WD သီးသန့်လာပြီး အမြင့်မှာတော့ 2WD ရော၊ 4WD ပါ လာမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အာရှဘကျမှာတော့ 4WD လောက်နီးပါး စွမ်းဆောင်ရည်ရှိတဲ့ 2WD တွေကိုလူပိုကြိုက်ကြပြီး နေရာပိုရလာကြပါတယ်။ Vigo နဲ့ပတ်သက်လို့ တစ်ခုသတိထားစေချင်တာက 2WD အမြင့်ဆိုရင်တော့ Prerunner လို့ခေါ်ပါတယ်။ Intercooler နဲ့ ကားဘီးမှာ နက်ပေါက် ၆ပေါက်ပါလာမှာဆိုပြီး ခွဲခြားနိုင်မှာဖြစ်ပါတယ်။


အင်ဂျင်အမျိုးအစား - 2400 cc, 2500 cc and 3000 cc


ဂီယာစနဈ - 5 speed manual and 4 speed auto


အင်ဂျင်ပါဝါ(မြင်းကောင်ရေ) - 101 hp and 125 hp


အင်ဂျင်ရုန်းအား - 190 lb-ft and 232 lb-ft


မောင်းနှင်မှုစနဈ - 2WD and 4WD


လောင်စာဆီအမျိုးအစား - Gasoline and Diesel



Zawgyi


Toyota Vigo Smart Cab အကြောင်းတစေ့တစောင်း


အရင်ဆုံး Toyota ခွဲနည်းကို ရှင်းပြပေးချင်ပါတယ်။ Toyota အနေနဲ့ သူတို့ရဲ့ pick up အမျိုးအစားကို Toyota Motor Corporation နဲ့ Toyota Motor Thailand Co.,Ltd တို့ကနေ ထုတ်လုပ်ပေးခဲ့ပါတယ်။


ထိုင်းထုတ် ကတော့ ကျွန်တော်တို့နဲ့တော်တော်လေးရင်းနှီးပြီးသားဖြစ်သလို လက်ရှိကားဈေးကွက်မှာလည်း အလွယ်ရနိုင်တာကြောင့် ဦးစားပေးအနေနဲ့ ထိုင်းထုတ် Toyota ကိုရှင်းပြပေးမှာပါ။ Toyota အနေနဲ့ Hilux အတွက် ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ၂၀၀၂ ကနေ ၂၀၀၄ခုနှစ်အထိ မော်ဒယ်တွေကို Tiger ဆိုပြီး ထုတ်လုပ်ပေးခဲ့ပါတယ်။ ၂၀၀၅ကနေ ၂၀၀၈ ခုနှစ်အထိတော့ Vigo ပေါ့။ ၂၀၀၉ ကနေ ၂၀၁၁ ခုနှစ်အထိ ဆိုရင် Vigo Smart Cab နဲ့ ၂၀၁၂ခုနှစ်ကနေ ၂၀၁၄ခုနှစ်အထိမှာတော့ Vigo Champ ဆိုပြီး နာမည် တွေပြောင်းလဲထုတ်လုပ်ပေးခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ Vigo လို့ခေါင်းစဉ်တပ်ထားပေမယ့် Toyota Tiger ကိုလည်း ဖော်ပြပေးမှာဖြစ်ပါတယ်။


Toyota Tiger


ဒါနဲ့ပတ်သက်လို့ လူကြိုက်များတာက Toyota Tiger Extracab 2003 ပါ။ ကျွန်တော်တို့အခေါ်အရတော့ တစ်ခန်းခွဲပေါ့။ ဒါကြောင့် ရှေ့မှာလူစီး ၄ ယောက် မျှော်လင့်နိုင်တယ်ပေါ့။ ခုံတွေကတော့ ကြမ်းချောလို့ပြောရမယ့် ရှန်မွိုင်းနဲ့လယ်သာအရောလေးတွေပါ။ ဒါကြောင့် အရမ်းကြီးမကြမ်းသလို ဇိမ်ခံအတွက်လည်း တော်ရုံအနေအထားကို ရရှိနိုင်မှာဖြစ်ပါတယ်။ မန်နူရယ်အဲယားကွန်းနဲ့ ကက်ဆက်ပါဝင်ပြီး စတီယာရင်းကတော့ ပါဝါစတီယာရင်းဘီးပဲဖြစ်ပါတယ်။ သူ့မှာပါဝင်တဲ့ D-4D အင်ဂျင်တွေကတော့ ကျွန်တော်တို့အကြိုက်ပဲဖြစ်ပါ တယ်။ ဂရိတ်တွေထဲမှာတော့ G က အမြင့်ဆုံးဖြစ်ပြီး ထိုင်ခုံတွေကလယ်သာတွေဖြစ်လာသလို ABS ဘရိတ်စနစ်နဲ့ လေအိတ်လည်းပါဝင်လာမှာဖြစ်ပါတယ်။ ဒါပေမဲ့ 2.5 L အင်ဂျင် G ဂရိတ်မှာတော့ လယ်သာမရနိုင်ဘဲ 3.0 L မှသာရရှိနိုင်မှာဖြစ်ပါတယ်။ ဂီယာစနစ်ကတော့ ပုံမှန်ရော အော်တိုအနေနဲ့ပါ ရရှိစေမှာဖြစ်သလို လောင်စာအတွက်လည်း ဓာတ်ဆီရော၊ ဒီဇယ်ပါရရှိစေမှာဖြစ်ပါတယ်။ အော်တိုစနစ်အတွက် ဓာတ်ဆီများသလို ဒီဇယ်အနိမ့်ကားမှာတော့ အော်တိုလာပြီး ဓာတ်ဆီမှာတော့သိပ်မလာပါဘူး။


Toyota Vigo Smart cab (VIGO champ)


၂၀၀၅ကနေ ၂၀၀၈ခုနှစ်အထိထုတ်လုပ်ပေးခဲ့တဲ့ Toyota Vigo ကတော့ အနိမ့်ရောအမြင့်ပါ ဒီနာမည် ချည်းပဲဖြစ်ပါတယ်။ Toyota အနေနဲ့ သူတို့ရဲ့ကားတွေကို ၂၀၀၈ခုနှစ်အထိတော့ ရင်ကွဲမဟုတ်ဘဲ ရိုးရိုး အနေနဲ့ထုတ်လုပ်ပေးခဲ့ပြီး ဒါကကျန်တဲ့ Ford နဲ့ Mazda တို့နဲ့ယှဉ်ရင်အားနည်းချက်တစ်ခုဖြစ်ခဲ့ရပါတယ်။


ကျွန်တော်က အခုဒီအားနည်းချက်ကို ကျော်သွားမယ်ဗျာ။ ဒါကြောင့် ၂၀၁၂မော်ဒယ်ကိုရွေးပေးထားတယ်။ ၂၀၁၂မော်ဒယ်ဖြစ်နေလို့ ရင်ကွဲနေသလို ကားရဲ့ရုပ်ထွက်ကလည်း ၂၀၁၅မော်ဒယ်ရုပ်ပြောင်းနဲ့ ခပ်ဆင်ဆင် ဖြစ်နေမှာ အသေအချာပါပဲ။ ကားရဲ့ဂရိတ်အတွက် G ၊ E နဲ့ J ဆိုပြီးရှိမှာဖြစ်ပါတယ်။ G ကတော့ အမြင့်ဆုံးပဲဖြစ်ပြီး G နဲ့ E ကထိုင်ခုံတူပြီး intercooler ပါဝင်မှာဖြစ်ပါတယ်။ J ကတော့အနိမ့်ပဲဖြစ်ပြီး ထိုင်ခုံကရှန်မွိုင်းတော့ ရှန်မွိုင်းပေမယ့် နိမ့်သွားပါတယ်။ J မှာတော့ ရင်ကွဲတာနဲ့ မကွဲတာလည်းရှိပြီး ပုံမှန်ကတော့ရင်မကွဲပါဘူး။ ရင်ကွဲဖြစ်ခြင်းနဲ့ မဖြစ်ခြင်းက ၂၅သိန်းနဲ့ သိန်း ၃၀လောက်ကွာပါတယ်။ ၂၀၁၂မော်ဒယ်ရဲ့အားသာချက်ကတော့ အခြေခံဂရိတ် J မှာပဲ မှန်ချိုးမှန်ခေါက်ပါလာခြင်းပဲဖြစ်ပြီး ၂၀၀၉ နဲ့ ၂၀၁၁တို့မှာတော့ အဆင့်မြင့်ဂရိတ်ဖြစ်တဲ့ G မှသာ ပါဝင်ခြင်းပဲ ဖြစ်ပါတယ်။ မန်နူရယ်အဲယားကွန်း၊ ပါဝါစတီယာရင်းနဲ့ CD ကက်ဆက်ပါလာပေမယ့် လေအိတ်ကတော့ ပုံမှန်အတိုင်း G မှသာပါမှာဖြစ်ပါတယ်။ ဒါကြောင့် ABS ကလည်း G မှာသာပါဝင်လာမှာ ဖြစ်ပါတယ်။ 1 KD အတွက် 3000 cc အင်ဂျင်နဲ့လာပြီး 2 KD ကတော့ 2500 cc အင်ဂျင်အမျိုးအစားပဲဖြစ်သလို ဂီယာကလည်း ပုံမှန်လက်ထိုး ၆ချက်ပဲ ဖြစ်ပါတယ်။


အနိမ့်အတွက် 2WD သီးသန့်လာပြီး အမြင့်မှာတော့ 2WD ရော၊ 4WD ပါ လာမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အာရှဘက်မှာတော့ 4WD လောက်နီးပါး စွမ်းဆောင်ရည်ရှိတဲ့ 2WD တွေကိုလူပိုကြိုက်ကြပြီး နေရာပိုရလာကြပါတယ်။ Vigo နဲ့ပတ်သက်လို့ တစ်ခုသတိထားစေချင်တာက 2WD အမြင့်ဆိုရင်တော့ Prerunner လို့ခေါ်ပါတယ်။ Intercooler နဲ့ ကားဘီးမှာ နက်ပေါက် ၆ပေါက်ပါလာမှာဆိုပြီး ခွဲခြားနိုင်မှာဖြစ်ပါတယ်။


အင်ဂျင်အမျိုးအစား - 2400 cc, 2500 cc and 3000 cc


ဂီယာစနစ် - 5 speed manual and 4 speed auto


အင်ဂျင်ပါဝါ(မြင်းကောင်ရေ) - 101 hp and 125 hp


အင်ဂျင်ရုန်းအား - 190 lb-ft and 232 lb-ft


မောင်းနှင်မှုစနစ် - 2WD and 4WD


လောင်စာဆီအမျိုးအစား - Gasoline and Diesel


CAR REPAIRING TRAINING ၂၁ ခုကိုရှာဖွေရန်ဤနေရာကိုနှိပ်ပါ။
Credit; မင်းခန့်


Ref; AutoCar Buyers'Guide


#ဂီယာ
#ဂရိတ်
#ပါဝါ
#ဂရိ
#အင်

Some text some message..