Z-O-M-B-I-E-S (2020)
မိသားစုနဲ့ တူတူကြည့်နိုင်မယ့် အချစ်ဖန်စီကား ကောင်းကောင်းလေးတစ်ခုကို ညွှန်းပေးချင်ပါတယ်။ ဒီကားလေးကတော့ Z-O-M-B-I-E-S (2020) ပါ။ ဝေါ့ဒစ်စနေးက ထွက်လာတဲ့ Zombie 2 ဇာတ်ကားထဲမှာတော့ ဆံပင်အစိမ်းရောင်နဲ့ အရမ်းလန်းနေတဲ့ zombie ကောင်လေးခပ်ချောချောနဲ့ zombie ကောင်မလေးခပ်ချောချောလေးတွေကို တွေ့ရမှာပါ။ စီးဘရော့ခ်မြို့ဟာ ထူးခြားတဲ့စွမ်းအင်တစ်မျိုးကို အသုံးချကာ တောအုပ်ထဲက မကောင်းဆိုးဝါး အကောင်ကြီးတွေကို နှိမ်နင်းပြီး မြို့တည်ထားတာဖြစ်ပါတယ်။ အဲဒီစွမ်းအင်ကို အသုံးပြုပြီးလည်ပတ်တဲ့ ဓါတ်အားပေးစက်ရုံမှာတော့ တစ်နေ့မှာပေါက်ကွဲမှုဖြစ်ကာ စက်ရုံဝန်ထမ်းများဟာ ဓါတ်ရောင်ခြည်သင့်ပြီး zombie များအဖြစ်ပြောင်းလဲသွားပါတယ်။ ဒီzombie များဟာ အသိဉာဏ်မြင့်မားတဲ့အတွက် နည်းပညာကို အသုံးချကာ Z-လက်ပတ်တီထွင်ပြီး သူတို့ကိုယ်သူတို့ ပုံမှန်လူသားအသွင်အဖြစ်ပြန်ဖန်တီးလိုက်ပါတယ်။ ကျောင်းမှာ ကျောင်းပဒေသာကပွဲကျင်းပခါနီး တောထဲက ဝံပုလွေတစ်ပိုင်း လူတစ်ပိုင်း သမန်းဝံပုလွေတွေ ထွက်လာလို့ zombie တွေကို ဥပဒေနဲ့ တားမြစ်မှုတွေ လုပ်လာပါတယ်။ ကကွက်ဆန်းဆန်းလေးတွေနဲ့ ချစ်စရာကောင်းတဲ့ Romance ကားလေးဖြစ်တာကြောင့် ပရိသတ်ကြီးအတွက ညွှန်းပေးချင်ပါတယ်။
Martin Eden (2019)
ချမ်းသာတဲ့လူကုံသံအသိုင်းအဝိုင်းက ပညာတတ်မိန်းမချောလေးတစ်ယောက်ကို ချစ်မိသွားတဲ့လူငယ်လေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတဲ့ အီတလီ Romance – Drama ကားလေးပဲ ဖြစ်ပါတယ်။ သဘောၤပေါ်မှာအလုပ်လုပ်တဲ့ ဆင်းရဲသားတစ်ဦးဖြစ်ပေမယ့် အနုပညာကို ခံစားတတ်တဲ့ သူဌေးသမီးပညာတတ်အလှလေးအယ်လင်နာကိုတွေ့ပြီး ချစ်မိသွားတဲ့နောက်မှာတော့ ချစ်ခြင်းမေတ္တာတွေက ကဗျာတွေစာတွေအဖြစ်လျှံကျလာပြီး သူစာရေးဆရာဖြစ်ချင်သွားပါတော့တယ်။ လူကုံထံ အသိုင်းအဝိုင်းဖြစ်တဲ့ မိန်းကလေးဘက်ကသဘောမတူတဲ့အခါမှာတော့ သူတို့နှစ်ဦးရဲ့ ချစ်ဇာတ်လမ်းလေးဟာ ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာ ပရိသတ်ကြီးခံစားကြည့်ရှု့လိုက်ပါနော်။
Stranded (2019)
ဒီတစ်ခေါက်ကတော့ ဖိလစ်ပိုင်အချစ်ဇာတ်ကား ကောင်းကောင်းလေး အကြောင်းပြောပြပေးမယ်နော်။ ဖီလစ်ပိုင်မှာ မုန်တိုင်းတွေတိုက်နေတဲ့တစ်နေ့မှာ ဂျုလီယာဆိုတဲ့ ကောင်မလေးကို အလုပ်သွားဖို့လဲ အာရုံကျနေပါတယ် အဲ့ဒါကြောင့် သူ့ချစ်သူ ဗွန်ကို မိုးတွေ လေတွေ ကြားမှာ ကုမ္ပဏီကို လိုက်ပို့ခိုင်းပါတယ် အဲ့လိုကုမ္ပဏီကိုရောက်တော့ ကုမ္ပဏီက မုန်တိုင်းကြောင့်နေ့တစ်ဝက်ပဲအလုပ်လုပ်ရမယ်လို့စာထုတ်လိုက်ပါတယ် ဒါပေမယ့် ဂျုလီယာ တစ်ယောက်တည်းသာလုပ်နိုင်မယ့်အလုပ်ကိုပေါ်လာခဲ့ပါတယ် ဒီလိုနဲ့ ဂျုလီယာက သူတစ်ယောက်တည်း ကုမ္ပဏီမှာပဲ အလုပ်လုပ်မယ် ညနေလောက်မှ သူ့ချစ်သူကိုလာခေါ်ခိုင်းမယ် အဲ့လိုစီစဉ်ထားပါတယ်
ဒီလိုနဲ့ကျန်းမာရေးအစားသောက်တွေကို Delivery လိုက်ပို့ပေးတဲ့ ခပ်ချောချောကောင်းလေ စပန်ဆာ က သူ့ရုံခန်းကို အစားအသောက်လာပို့ပါတယ် ဒါပေမယ့် မှာထားတဲ့ရုံးခန်းကိုရောက်တော့ မှာထားတဲ့သူကိုမတွေ့ဘဲ ဂျုလီယာ တစ်ယောက်တည်းကိုသာတွေ့ပါတယ် အဲ့ဒါနဲ့သူလဲ မှာထားတာကိုထားခဲ့ပြီးပြန်ဖို့လုပ်ခဲ့ပါတယ် အောက်ကိုရောက်သွားတော့ ကုမ္ပဏီအစောင့်က တံခါးကိုပိတ်ပြီးပြန်သွားပါတယ် အဲ့တော့ ကုမ္ပဏီမှာ ဂျုလီယာနဲ့ စပန်ဆာ နှစ်ယောက်တည်းကျန်ခဲ့ပြီး ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုကိုတော့ ပရိသတ်ကြီးပဲ ဆက်လက်ရင်ခုန်စွာနဲ့ ခံစားကြည့်ရှု့လိုက်ပါနော်။
Standing Up for Sunny(2019)
ခြေထောက်တစ်ဘက်မသန်သလို စကားပြောဟန်ကလည်း သာမန်လူတစ်ယောက်တဲ့အပြင် ချို့တဲ့တဲ့ ဘဝပိုင်ရှင်မို့ မလိုအပ်ဘဲဒေါသကြီးနေတတ်ပါတယ်။ ဒီလိုကောင်လေးတစ်ယောက်ဟာ ခပ်လှလှကောင်မလေးတစ်ယောက်နဲ့တွေ့ပြီးရင်းနှီးလာတဲ့အချိန်မှာတော့….။ အရာအားလုံးကို မျှ ဝေဖေးမဖို့ရာ အချစ်စစ်ရှိရာ ဘဝလက်တွဲဖော်နဲ့
ဖြတ်သန်းဖို့ မျှော်လင့်ကြတာပါပဲ။ ထရာဗစ်လည်း သာမန်လူတစ်ယောက်ပေမို့
ဒီလိုမျှော်လင့်နေပါတယ်။ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ Standing Up for Sunny(2019) ကားလေးမှာ ခံစားကြည့်လိုက်ပါဦး။
My Bossy Girl (2019)
ဒီကားထဲက ကောင်မလေးဟာ ရုပ်ကလေးချောသလော ဘဝပေးကုသိုလ်မကောင်းရှာဘူး။ အောက်ပိုင်းသေလို့ ဝှီးချဲလေးနဲ့ လှုပ်ရှားသွားလာနေရတယ်။ပတ်ဝန်းကျင်က အမြင်မျိုးစုံကြောင့် သူ့ခဗျာ စိတ်ခံစားချက်ကလည်းတက်လွယ်ကျလွယ်။ တစ်နေ့တော့ အင်ဂျင်နီယာကျောင်းသား ကောင်လေးတစ်ယောက်နဲ့ သူတို့ ဆုံမိကြတယ်။ သာမန်လူတစ်ယောက်လို ရှင်သန်ဖို့ ခဲ့ယဉ်းတဲ့ကောင်မလေးကိုတွေ့ပြီးတဲ့နောက်မှာတော့သူတို့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦးနော်။
Ref ; Channel Myanmar