ညာကပ်မောင်းစနစ်မှာ ဘယ်မောင်းကားအသုံးပြုမှုက အောင်မြင်နေပြီလား
automobiledirectory.com.mm
|
2020-03-04

ညာကပ်မောင်းစနစ်မှာ ဘယ်မောင်းကားအသုံးပြုမှုက အောင်မြင်နေပြီလား


ညာကပ်မောင်းစနစ်မှာ ဘယ်စတီယာရင်သုံးရတာဖြစ်သင့်လား


ညာကပ်မောင်းစနစ်က အိမ်မက်အရပြောင်းခဲ့တာလား


ယာဉ်မတော်တဆမှုလျှော့ကျဖို့ ဘယ်ကိုင်းပြောင်းတဲ့စီမံချက်က အလုပ်ဖြစ်ရဲ့လား


ယာဉ်လမ်းကြောင်းက ညာမောင်းဆိုတာ ညာဘက်ကို ကမ်မောင်းရတဲ့စနစ်ပဲဖြစ်ပါတယ်။ ယာဉ်လမ်းကြောင်း ဘယ်မောင်းဆိုရင်တော့ ဘယ်ဘက်ကိုကပ်မောင်းရတဲ့ စနစ်ပေါ့။ ကားက ညာမောင်းဆိုရင် စတီယာရင်က ညာမှာရှိမယ်။ ဘယ်မောင်းဆိုရင်တော့ ဘယ်ဘက်မှာရှိမယ်။ ဒီတော့ ညာဘက်ကပ်မောင်းရတဲ့ ယာဉ်လမ်း ကြောင်းမှာ ညာမောင်းကားကိုမောင်းနှင်မယ်ဆိုရင် ယာဉ်မောင်းမျက်ကွယ်အချိုးအစားက တော်တော်လေး များပါတယ်။ ဒါကြောင့် ယာဉ်မတော်တဆပိုဖြစ်ဖို့အတွက် အခွင့်အလမ်းများပါတယ်။ ဒါကြောင့် ညာမောင်း လမ်းစနစ်အတွက် ဘယ်မောင်းကားက အသင့်တော်ဆုံးဆိုတာ မပြောလည်းသိကြမှာပါ။


ဘယ်ကပ်မောင်းမှာ ဘယ်မောင်းကားမောင်းရင် ဘာဖြစ်မလဲ


Dr.Felix Roesel ဆိုသူကတော့ သုတေသနပညာရှင်တစ်ယောက်ဖြစ်ပြီး သူအနေနနဲ့ စီးပွားရေးနဲ့ ဆက်နွယ်နေတဲ့ နိုင်ငံရေး၊ အများပြည်သူစီးပွားရေးနဲ့ ကျန်းမာရေးဆိုင်ရာတို့ကို အဓိကထားသုတေသန ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၇ခုနှစာ်က်တိုဘာလမှာ မော်တော်ယာဉ်နဲ့ပတ်သက်တဲ့ သုတေသနစာတမ်းတစ်ခုကို လုပ်ခဲ့ပါတယ်။ ဘယ်ဘက်ယာဉ်ကြောမှာ ဘယ်မောင်းကားတွေမောင်းမယ်ဆိုရင် ဘာဖြစ်မလဲနဲ့ သေဆုံးမှုတွေ ကဘယ်လိုဖြစ်မလဲဆိုတာကို နှိုင်းယှဉ်ပြသခဲ့ပါတယ်။ သူအဓိက မီးမောင်းထိုးပြခဲ့တာကတော့ ဆွီဒင်နိုင်ငံပဲဖြစ် ပါတယ်။ ဆွီဒင်နိုင်ငံက ၁၉၆၇ခုနှစ်မှာ ဘယ်မောင်းယာဉ်ကြောစနစ်ကနေ ညာမောင်းယာဉ်ကြောစနစ်ကို ပြောင်းလဲခဲ့ပါတယ်။ ၁၉၆၇ခုနှစ်မတိုင်ခင်တုန်းက ဆွီဒင်နိုင်ငံရဲ့ကားတွေအားလုံးနီးပါးက ဘယ်မောင်းတွေပါ။ ဒါကလည်းဝယ်သူအကြိုက်နဲ့ ဈေးနှုန်းကြောင့်လို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဘယ်မောင်းယာဉ်ကြောမှာ ဘယ် မောင်းကားကိုသုံးတဲ့အတွက် ယာဉ်မောင်းမျက်ကွယ်က ၈၀ ရာခိုင်နှုန်းလောက်ရှိပြီး ယာဉ်တိုက်မှုပိုများနိုင်ပါ တယ်။ ဒါကြောင့် ကားရဲ့မောင်းနှင်မှုစနစ်ကို မပြောင်းပဲ ယာဉ်ကြောစနစ်ကိုပြောင်းလဲခဲ့တဲ့ ဆွီဒင်နိုင်ငံအနေနဲ့ ယာဉ်မတော်တဆမှုနှုန်းနဲ့ သေဆုံးနိုင်ခြေက ၃၀ ရာခိုင်နှုန်းလောက်လျော့ကျလာခဲ့ပါတယ်။ ဒါက ညာမောင်း ယာဉ်ကြောဆိုရင် မော်တော်ယာဉ်ဘယ်မောင်းစနစ်ကိုသုံးပြီး ဘယ်မောင်းယာဉ်ကြောဆိုရင် မော်တော်ယာဉ် ညာမောင်းစနစ်ကို အသုံးပြုသင့်တယ်ဆိုတဲ့ အသိကိုပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဘယ်၊ ဘယ် (သို့မဟုတ်) ညာ၊ ညာဖြစ်နေတယ်ဆိုရင် လမ်းကြောင်းစနစ်ကိုပြောင်းမလား၊ မော်တော်ယာဉ်ကို ပြောင်းမလားဆိုတာ တာဝန်ရှိသူတွေအနေနဲ့ စဉ်းစားဖို့လိုလာခဲ့တာဖြစ်ပါတယ်။


ဘယ်ပြောင်းညာမောင်းဘယ်ကစ


လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ခန့်ကလို့ဆိုရမှာပါ။ ၁၉၇၀ခုနှစ် ဒီဇင်ဘာလ ၆ ရက်မှာတုန်းက ဝန်ကြီးချုပ်ရဲ့အမိန့်အရ ဘယ်ကပ်မောင်းကနေ ညာကပ်မောင်းကိုပြောင်းလဲခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ယုံတမ်းစကားအရပြောနေတာ တွေလည်းရှိပါတယ်။ ဝန်ကြီးချုပ်ရဲ့ မိန်းမက နက္ခဗေဒပညာရှင်၊ ဒီတော့ ညာကပ်မောင်းဆိုရင် တိုင်းပြည်အ တွက်ပိုအဆင်ပြေတယ်၊ ပိုကောင်းတယ်ဆိုပြီး ပြောတာတွေပါ။ နောက်တစ်ခုကတော့ ဝန်ကြီးချုပ်ရဲ့အိမ်မက် အလိုအရလို့ ပြောကြတာတွေလည်းရှိပါတယ်။ ဒါကြောင့် ဗြိတိလျှအစိုးရရဲ့လက်အောက်ကစခဲ့တဲ့ ဘယ်ကပ် မောင်းစနစ်ကတော့ ၂၂ နှစ်တာ တည်ရှိခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။


၂၀၁၅ နောက်ပိုင်းကို ဆန်းစစ်ကြည့်ခြင်း


၂၀၁၅ နောကပိုင်းမှာ ဘယ်မောင်းပဲသွင်းရတော့မယ်ဆိုပြီး သတင်းတွေကထွက်နေခဲ့တာပါ။ အစိုးရသစ်လက်ထက်မှာ ညာမောင်းတင်သွင်းခွင့် ကိုလျှော့ချပြီး ဘယ်မောင်းတင်သွင်းခွင့်ကိုအသားပေးခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး တစ်ပတ်ရစ်လောကမှာ ပြောကြဆိုကြ မှုတွေလည်းရှိခဲ့ပါတယ်။ မကြာသေးခင်ကလည်း ကညနရဲ့တာဝန်ရှိပုဂ္ဂိုလ် တစ်ဦးဖြစ်တဲ့ ဦးလျန်ကျင့်မန် ပြောခဲ့တာရှိပါတယ်။ “ ကျွန်တော်တို့ဆီမှာ ကားအစီးရေ ၁သန်းလောက်မောင်း နှင်သွားလာနေပါ တယ်။ အဲ့ဒီထဲကမှ ၂ သိန်းကျော်လောက်က ဘယ်မောင်းတွေပါ။ ယာဉ်မတော် တဆမှုတွေကိုလျှော့ချဖို့အတွက် ညာကပ်ယာဉ် ကြောလမ်းမှာ ဘယ်မောင်းကအသင့်တော်ဆုံးပါ။ 2014 – 2020 National Road Safety Action Plan ဆိုတာလည်းရှိပါတယ်။ ဒီမှာလည်း ဒီသဘောအတိုင်းပါပဲ။ ၂၀၁၃ မှာတုန်းက ယာဉ်မတော်တဆ မှုကြောင့် လူသေဆုံးမှုက ၄၀၀၀ နဲ့အထက်ရှိခဲ့ပါတယ်။ ၂၀၂၀မှာ ဒါရဲ့ထက်ဝက်လျှော့ချနိုင်ဖို့ ရည်မှန်းထား ပါတယ်။ ဒါကြောင့်လည်း ညာမောင်းကားအရေအတွက်ကို လျှော့ချဖို့အတွက်ကျွန်တော်တို့ လုပ်နေရတာပါ ” ဆိုပြီးပြောဆိုခဲ့ပါတယ်။


ညာမောင်းကနေ ဘယ်ကိုပြောင်းလို့ ယာဉ်မတော်တဆမှုတွေလျော့ကျလာပြီလား


အနီးကပ်ဆုံးခုနှစ်တွေဖြစ်တဲ့ ၂၀၁၈ နဲ့ ၂၀၁၉ ကိုသွားကြည့်ရအောင်။ ၂၀၁၈ခုနှစ် ဇန်နဝါရီလကနေ အောက်တို ဘာလအထိ ၁၀ လတာကာလမှာ ယာဉ်တိုက်မှုပေါင်း ၁၄၅၅၅ ရှိခဲ့ပြီး သေဆုံးသူ ၄၂၉၇ ဦးအထိရှိခဲ့ ပါတယ်။ ၂၀၁၉မှာတော့ ယာဉ်တိုက်မှုပေါင်း ၁၃၄၈၇ အထိရှိခဲ့ပြီး သေဆုံးသူ ၄၃၈၇ ဦးအထိရှိခဲ့ပါတယ်။ ဒါကြောင့် မြင်တက်လာတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ၂၀၁၃ခုနှစ်တုန်းကဖြစ်ခဲ့တဲ့ လူသေဆုံးမှု ၄၀၀၀ နဲ့ယှဉ်ရင် တော့ မထူးခြားနားလို့ပဲဆိုရမှာဖြစ်ပါတယ်။


အမှတ်ယာဉ်ထိန်းရဲဌာနရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးဝင်းလွင်ကတော့ “ ယာဉ်မတော်တဆမှုက ဘယ်ကိုင်း၊ ညာကိုင်းကြောင့်ဆိုတာထက် ယာဉ်မောင်းသူရဲ့ ကျွမ်းကျင်မှုနဲ့အာရုံစိုက်မှုကြောင့်လိုဆိုနိုင်ပါတယ်။ ယာဉ်စည်း ကမ်းလမ်းစည်းလိုက်နာမယ်၊ ကိုယ့်အရှိန်ကိုယ်ထိန်းနိုင်တယ်ဆိုရင်တော့ ယာဉ်မတော်တဆမှုကဖြစ်ပွားဖို့ သိပ်မရှိပါဘူး။ ဒါပေမယ့် အားလုံးလိုက်နာဖို့တော့လိုပါတယ်” ဆိုပြီးမှတ်ချက်ပေးပြောဆိုခဲ့တာရှိပါတယ်။


နောက်တစ်ခုကတော့ ကားတွေအရေအတွက်အရမ်းများလာတာပါ။ နောက်တစ်ခုကတော့ မန်နူရယ်ကနေ အော်တိုပြောင်းလာတော့ အလွယ်တကူကားမောင်းတတ်လာတော့ ဂရိုက်မှုလျော့ကျပြီးယာဉ်မတော်တဆမှု ဖြစ်ဖို့ရာခိုင်နှုန်းပိုများလာတာပါလို့ အငှားယာဉ်မောင်းတစ်ဦးကပြောဆိုခဲ့ပါတယ်။



Zawgyi


ညာကပ်မောင်းစနစ်မှာ ဘယ်မောင်းကားအသုံးပြုမှုက အောင်မြင်နေပြီလား


ညာကပ်မောင်းစနစ်မှာ ဘယ်စတီယာရင်သုံးရတာဖြစ်သင့်လား


ညာကပ်မောင်းစနစ်က အိမ်မက်အရပြောင်းခဲ့တာလား


ယာဉ်မတော်တဆမှုလျှော့ကျဖို့ ဘယ်ကိုင်းပြောင်းတဲ့စီမံချက်က အလုပ်ဖြစ်ရဲ့လား


ယာဉ်လမ်းကြောင်းက ညာမောင်းဆိုတာ ညာဘက်ကို ကမ်မောင်းရတဲ့စနစ်ပဲဖြစ်ပါတယ်။ ယာဉ်လမ်းကြောင်း ဘယ်မောင်းဆိုရင်တော့ ဘယ်ဘက်ကိုကပ်မောင်းရတဲ့ စနစ်ပေါ့။ ကားက ညာမောင်းဆိုရင် စတီယာရင်က ညာမှာရှိမယ်။ ဘယ်မောင်းဆိုရင်တော့ ဘယ်ဘက်မှာရှိမယ်။ ဒီတော့ ညာဘက်ကပ်မောင်းရတဲ့ ယာဉ်လမ်း ကြောင်းမှာ ညာမောင်းကားကိုမောင်းနှင်မယ်ဆိုရင် ယာဉ်မောင်းမျက်ကွယ်အချိုးအစားက တော်တော်လေး များပါတယ်။ ဒါကြောင့် ယာဉ်မတော်တဆပိုဖြစ်ဖို့အတွက် အခွင့်အလမ်းများပါတယ်။ ဒါကြောင့် ညာမောင်း လမ်းစနစ်အတွက် ဘယ်မောင်းကားက အသင့်တော်ဆုံးဆိုတာ မပြောလည်းသိကြမှာပါ။


ဘယ်ကပ်မောင်းမှာ ဘယ်မောင်းကားမောင်းရင် ဘာဖြစ်မလဲ


Dr.Felix Roesel ဆိုသူကတော့ သုတေသနပညာရှင်တစ်ယောက်ဖြစ်ပြီး သူအနေနနဲ့ စီးပွားရေးနဲ့ ဆက်နွယ်နေတဲ့ နိုင်ငံရေး၊ အများပြည်သူစီးပွားရေးနဲ့ ကျန်းမာရေးဆိုင်ရာတို့ကို အဓိကထားသုတေသန ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၇ခုနှစ်အောက်တိုဘာလမှာ မော်တော်ယာဉ်နဲ့ပတ်သက်တဲ့ သုတေသနစာတမ်းတစ်ခုကို လုပ်ခဲ့ပါတယ်။ ဘယ်ဘက်ယာဉ်ကြောမှာ ဘယ်မောင်းကားတွေမောင်းမယ်ဆိုရင် ဘာဖြစ်မလဲနဲ့ သေဆုံးမှုတွေ ကဘယ်လိုဖြစ်မလဲဆိုတာကို နှိုင်းယှဉ်ပြသခဲ့ပါတယ်။ သူအဓိက မီးမောင်းထိုးပြခဲ့တာကတော့ ဆွီဒင်နိုင်ငံပဲဖြစ် ပါတယ်။ ဆွီဒင်နိုင်ငံက ၁၉၆၇ခုနှစ်မှာ ဘယ်မောင်းယာဉ်ကြောစနစ်ကနေ ညာမောင်းယာဉ်ကြောစနစ်ကို ပြောင်းလဲခဲ့ပါတယ်။ ၁၉၆၇ခုနှစ်မတိုင်ခင်တုန်းက ဆွီဒင်နိုင်ငံရဲ့ကားတွေအားလုံးနီးပါးက ဘယ်မောင်းတွေပါ။ ဒါကလည်းဝယ်သူအကြိုက်နဲ့ ဈေးနှုန်းကြောင့်လို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဘယ်မောင်းယာဉ်ကြောမှာ ဘယ် မောင်းကားကိုသုံးတဲ့အတွက် ယာဉ်မောင်းမျက်ကွယ်က ၈၀ ရာခိုင်နှုန်းလောက်ရှိပြီး ယာဉ်တိုက်မှုပိုများနိုင်ပါ တယ်။ ဒါကြောင့် ကားရဲ့မောင်းနှင်မှုစနစ်ကို မပြောင်းပဲ ယာဉ်ကြောစနစ်ကိုပြောင်းလဲခဲ့တဲ့ ဆွီဒင်နိုင်ငံအနေနဲ့ ယာဉ်မတော်တဆမှုနှုန်းနဲ့ သေဆုံးနိုင်ခြေက ၃၀ ရာခိုင်နှုန်းလောက်လျော့ကျလာခဲ့ပါတယ်။ ဒါက ညာမောင်း ယာဉ်ကြောဆိုရင် မော်တော်ယာဉ်ဘယ်မောင်းစနစ်ကိုသုံးပြီး ဘယ်မောင်းယာဉ်ကြောဆိုရင် မော်တော်ယာဉ် ညာမောင်းစနစ်ကို အသုံးပြုသင့်တယ်ဆိုတဲ့ အသိကိုပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဘယ်၊ ဘယ် (သို့မဟုတ်) ညာ၊ ညာဖြစ်နေတယ်ဆိုရင် လမ်းကြောင်းစနစ်ကိုပြောင်းမလား၊ မော်တော်ယာဉ်ကို ပြောင်းမလားဆိုတာ တာဝန်ရှိသူတွေအနေနဲ့ စဉ်းစားဖို့လိုလာခဲ့တာဖြစ်ပါတယ်။


ဘယ်ပြောင်းညာမောင်းဘယ်ကစ


လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ခန့်ကလို့ဆိုရမှာပါ။ ၁၉၇၀ခုနှစ် ဒီဇင်ဘာလ ၆ ရက်မှာတုန်းက ဝန်ကြီးချုပ်ရဲ့အမိန့်အရ ဘယ်ကပ်မောင်းကနေ ညာကပ်မောင်းကိုပြောင်းလဲခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ယုံတမ်းစကားအရပြောနေတာ တွေလည်းရှိပါတယ်။ ဝန်ကြီးချုပ်ရဲ့ မိန်းမက နက္ခဗေဒပညာရှင်၊ ဒီတော့ ညာကပ်မောင်းဆိုရင် တိုင်းပြည်အ တွက်ပိုအဆင်ပြေတယ်၊ ပိုကောင်းတယ်ဆိုပြီး ပြောတာတွေပါ။ နောက်တစ်ခုကတော့ ဝန်ကြီးချုပ်ရဲ့အိမ်မက် အလိုအရလို့ ပြောကြတာတွေလည်းရှိပါတယ်။ ဒါကြောင့် ဗြိတိလျှအစိုးရရဲ့လက်အောက်ကစခဲ့တဲ့ ဘယ်ကပ် မောင်းစနစ်ကတော့ ၂၂ နှစ်တာ တည်ရှိခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။


၂၀၁၅ နောက်ပိုင်းကို ဆန်းစစ်ကြည့်ခြင်း


၂၀၁၅ နောကပိုင်းမှာ ဘယ်မောင်းပဲသွင်းရတော့မယ်ဆိုပြီး သတင်းတွေကထွက်နေခဲ့တာပါ။ အစိုးရသစ်လက်ထက်မှာ ညာမောင်းတင်သွင်းခွင့် ကိုလျှော့ချပြီး ဘယ်မောင်းတင်သွင်းခွင့်ကိုအသားပေးခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး တစ်ပတ်ရစ်လောကမှာ ပြောကြဆိုကြ မှုတွေလည်းရှိခဲ့ပါတယ်။ မကြာသေးခင်ကလည်း ကညနရဲ့တာဝန်ရှိပုဂ္ဂိုလ် တစ်ဦးဖြစ်တဲ့ ဦးလျန်ကျင့်မန် ပြောခဲ့တာရှိပါတယ်။ “ ကျွန်တော်တို့ဆီမှာ ကားအစီးရေ ၁သန်းလောက်မောင်း နှင်သွားလာနေပါ တယ်။ အဲ့ဒီထဲကမှ ၂ သိန်းကျော်လောက်က ဘယ်မောင်းတွေပါ။ ယာဉ်မတော် တဆမှုတွေကိုလျှော့ချဖို့အတွက် ညာကပ်ယာဉ် ကြောလမ်းမှာ ဘယ်မောင်းကအသင့်တော်ဆုံးပါ။ 2014 – 2020 National Road Safety Action Plan ဆိုတာလည်းရှိပါတယ်။ ဒီမှာလည်း ဒီသဘောအတိုင်းပါပဲ။ ၂၀၁၃ မှာတုန်းက ယာဉ်မတော်တဆ မှုကြောင့် လူသေဆုံးမှုက ၄၀၀၀ နဲ့အထက်ရှိခဲ့ပါတယ်။ ၂၀၂၀မှာ ဒါရဲ့ထက်ဝက်လျှော့ချနိုင်ဖို့ ရည်မှန်းထား ပါတယ်။ ဒါကြောင့်လည်း ညာမောင်းကားအရေအတွက်ကို လျှော့ချဖို့အတွက်ကျွန်တော်တို့ လုပ်နေရတာပါ ” ဆိုပြီးပြောဆိုခဲ့ပါတယ်။


ညာမောင်းကနေ ဘယ်ကိုပြောင်းလို့ ယာဉ်မတော်တဆမှုတွေလျော့ကျလာပြီလား


အနီးကပ်ဆုံးခုနှစ်တွေဖြစ်တဲ့ ၂၀၁၈ နဲ့ ၂၀၁၉ ကိုသွားကြည့်ရအောင်။ ၂၀၁၈ခုနှစ် ဇန်နဝါရီလကနေ အောက်တို ဘာလအထိ ၁၀ လတာကာလမှာ ယာဉ်တိုက်မှုပေါင်း ၁၄၅၅၅ ရှိခဲ့ပြီး သေဆုံးသူ ၄၂၉၇ ဦးအထိရှိခဲ့ ပါတယ်။ ၂၀၁၉မှာတော့ ယာဉ်တိုက်မှုပေါင်း ၁၃၄၈၇ အထိရှိခဲ့ပြီး သေဆုံးသူ ၄၃၈၇ ဦးအထိရှိခဲ့ပါတယ်။ ဒါကြောင့် မြင်တက်လာတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ၂၀၁၃ခုနှစ်တုန်းကဖြစ်ခဲ့တဲ့ လူသေဆုံးမှု ၄၀၀၀ နဲ့ယှဉ်ရင် တော့ မထူးခြားနားလို့ပဲဆိုရမှာဖြစ်ပါတယ်။


အမှတ်ယာဉ်ထိန်းရဲဌာနရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးဝင်းလွင်ကတော့ “ ယာဉ်မတော်တဆမှုက ဘယ်ကိုင်း၊ ညာကိုင်းကြောင့်ဆိုတာထက် ယာဉ်မောင်းသူရဲ့ ကျွမ်းကျင်မှုနဲ့အာရုံစိုက်မှုကြောင့်လိုဆိုနိုင်ပါတယ်။ ယာဉ်စည်း ကမ်းလမ်းစည်းလိုက်နာမယ်၊ ကိုယ့်အရှိန်ကိုယ်ထိန်းနိုင်တယ်ဆိုရင်တော့ ယာဉ်မတော်တဆမှုကဖြစ်ပွားဖို့ သိပ်မရှိပါဘူး။ ဒါပေမယ့် အားလုံးလိုက်နာဖို့တော့လိုပါတယ်” ဆိုပြီးမှတ်ချက်ပေးပြောဆိုခဲ့တာရှိပါတယ်။


နောက်တစ်ခုကတော့ ကားတွေအရေအတွက်အရမ်းများလာတာပါ။ နောက်တစ်ခုကတော့ မန်နူရယ်ကနေ အော်တိုပြောင်းလာတော့ အလွယ်တကူကားမောင်းတတ်လာတော့ ဂရိုက်မှုလျော့ကျပြီးယာဉ်မတော်တဆမှု ဖြစ်ဖို့ရာခိုင်နှုန်းပိုများလာတာပါလို့ အငှားယာဉ်မောင်းတစ်ဦးကပြောဆိုခဲ့ပါတယ်။

CUSHION & ROOF နှင့်ပတ်သက်သောလုပ်ငန်းပေါင်း ၃၁၄ ခုကိုရှာဖွေရန်ဤနေရာကိုနှိပ်ပါ။ Myanmar Automobile Equipment Directory

#မောင်း
#ညာ
#ဘယ်
#ယာဉ်ကြော
#မတော်တဆ

Some text some message..