တောင်ကိုရီးယားနိုင်ငံ၏ နိုင်ငံကိုယ်စားပြုသုံးပန်လှပန်း (무궁화)
trend.com.mm
|
2020-04-01

ကိုရီးယားလူမျိုးတို့သည် ဂျိုဆောင်ခေတ်မတိုင်မီကပင် ကောင်းကင်နိုင်ငံ ပန်းအဖြစ် တင်စားခဲ့ပြီး ရှင်းလာကို သုံးပန်းလှပန်း၏ နိုင်ငံဟု ခေါ်ဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံကပင် ကိုရီးယားနိုင်ငံကို သုံးပန်းလှပန်းပွင့်ပြီး ကြွေသော သူတော်စင် နိုင်ငံဖြစ်သည်ဟု တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ ကိုရီးယားလူမျိုးတို့ နှစ်ပေါင်းများစွာကတည်းက တန်ဖိုးထားခဲ့ကြသော သုံးပန်လှပန်းသည် ဂျိုဆောင်ခေတ်မှတစ်ဆင့် မြင့်မားတဲ့ တောင်မှာပေါက်တဲ့ သုံးပန်လှပန်းကဲ့သို့ နိုင်ငံတော် သီချင်းစာသားတွင် ပါဝင်ပြီးနောက် ပြည်သူများပိုပြီး တန်ဖိုးထားခဲ့ပါတယ်။ ကိုရီးယားလူမျိုးတွေရဲ့ နိုင်ငံကိုယ်စားပြုပန်းအပေါ် တညီတညွှတ်တည်း ချစ်မြတ်နိုးသည့်စိတ်သည် ဂျပန်ကိုလိုနီခေတ်မှ လွတ်လပ်ရေးရပြီးချိန်တွင် နိုင်ငံတော် ပန်းအဖြစ် သတ်မှတ်ခဲ့ကြသည်။ နှစ်စဉ် ဇူလိုင်လမှ အောက်တိုဘာလအတွင်း ပွင့်ပြီး အရောင်နှင့် ပုံစံအမျိုးမျိုးရှိကာ လှပပြီး မနက်အရုဏ်တတ်ချိန်တွင် ပွင့်ပြီး ညနေပိုင်းတွင်ကြွေသော်လည်း ရက် (၁၀၀) အတွင်း နေ့စဉ်အပွင့်သစ်များ ထပ်မံပွင့်လျက်ရှိပါသည်။

Ref;NAVER



#ကိုရီးယား
#ကပင်
#အရုဏ်
#လူမျိုး
#နိုင်ငံတော်သီချင်း

Some text some message..