ဘောလုံးအဖွဲ့ချုပ်၏ COVID-19 စောင့်ကြပ်ကြည့်ရှုမှုအတွက် အလှူရှင်များက ငွေနှင့် ထောက်ပံ့ပစ္စည်းများလှူဒါန်း
mmtimes.com
|
2020-04-01



ဘောလုံးအဖွဲ့ချုပ်၏ COVID-19 စောင့်ကြပ်ကြည့်ရှုမှုအတွက် အလှူရှင်များက ငွေနှင့် ထောက်ပံ့ပစ္စည်းများလှူဒါန်း

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ဧရာဝတီဖောင်ဒေးရှင်းသည် COVID-19 ဗိုင်းရပ်စ်ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းစဉ်များကို တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးသည့် အနေဖြင့် အလှူရှင်များက ငွေနှင့် ထောက်ပံ့ပစ္စည်းများ အသီးသီးလှူဒါန်း ခဲ့ကြကြောင်း သိရသည်။

ဘောလုံးအဖွဲ့ချုပ်နှင့် ဧရာဝတီ ဖောင်ဒေးရှင်းတို့၏ COVID-19 ဗိုင်းရပ်စ်ကူးစက်ရောဂါစောင့်ကြပ် ကြည့်ရှုရေးလုပ်ငန်းစဉ်များ ဆောင် ရွက်ရာတွင် အဆင်ပြေမှုရှိစေရေး အတွက် ဘောလုံးအဖွဲ့ချုပ်အလုပ်အမှု ဆောင်အဖွဲ့ဝင်၊ ဖူဆယ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်က အလှူငွေကျပ် သိန်း ၇၀၊ ဦးဇေယျသူရမွန် (CEO & Founder of Zeya & Associates)က အလှူငွေကျပ်သိန်း ၅၀၊ ဦးကျော် နန္ဒ (Baby Ancestor Company and Magteron Company) က ပိုးမွှားသတ်စက်တစ်လုံးကို မတ် ၃၀ ရက် နံနက်ပိုင်းက ဘောလုံးအဖွဲ့ချုပ် Covid-19 စောင့်ကြပ်ကြည့်ရှုစခန်း သို့ လာရောက်လှူဒါန်းခဲ့ကြသည်။

ထို့အပြင် မတ် ၂၇ ရက်ကလည်း ဟံသာဝတီယူနိုက်တက် အသင်းပိုင်ရှင် ဦးအောင်မိုးကျော် (Co-Chairman of Grand Royal Group) ကလည်း စောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများ တွင် ပါဝင်လုပ်ကိုင်ဆောင်ရွက်သူများ အတွက် လက်သန့်ဆေးရည် Hand Gel အရေအတွက် ၅၀ဝ အားလည်း ကောင်း၊ Daily Star Co.,Ltd rS Mr. Vijay Kumar Kedia မှ Mr. Vijay Kumar Kedia က ကျပ်သိန်း ၃၀ တန်ဖိုးရှိ Mask များ အားလည်းကောင်း၊ MPT မှ စောင့် ကြပ်ကြည့်ရှုခံမည့်သူများသုံးစွဲရန် SIM Card အရေအတွက် ၂၅၀ နှင့် ကျပ် ၁၀ဝ၀ တန်ငွေဖြည့်ကတ်အရေ အတွက် ၂၅၀ အားလည်းကောင်း လှူဒါန်းခဲ့ကြကြောင်း သိရသည်။

COVID-19 ရောဂါစောင့်ကြပ် ကြည့်ရှုသူများကို အမျိုးသားဘောလုံး အကယ်ဒမီ(ရန်ကုန်)နှင့် လက်ရွေးစင် အသင်းအဆောင်များတွင်ထားရှိပြီး ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက် နေကြသည့် ကျန်းမာရေးဝန်ထမ်းများကိုလည်း လက်ရွေးစင်အသင်းအဆောင်များတွင် နေထိုင်နိုင်ရန်စီစဉ်ဆောင်ရွက် ထားသည်။


#ဘောလုံး
#အဖွဲ့ချုပ်
#ကူးစက်ရောဂါ
#ဗိုင်းရပ်စ်
#အရေအတွက်

Some text some message..