ဝေလငါးများအကြောင်းသိကောင်းစရာ
trend.com.mm
|
2020-04-03

ကမ္ဘာရဲ့အကြီးဆုံးရေအောက်သတ္တဝါမှာ ဝေလငါးဖြစ်ပါတယ်။ဝေလငါးဟုပင် ခေါ်ကြသော်လည်း ငါးအစစ်မဟုတ်ပါချေ။ဝေလငါးတွေရဲ့ ခန္ဓာကိုယ်က ပေပေါင်း ၁၁၀ အထိ ရှည်ကြပြီး တန်ချိန်ပေါင်း ၉၀၊၁၀၀ ခန့်ထိကြီးကြပါတယ်။
ရှေးယခင်က ဝေလငါးကို ကုန်းနေသတ္တဝါဟုခေါ် ပြောဆိုခဲ့ဖူးပါတယ်။ ဒါဆိုဘာကြောင့် ဝေလငါးတွေက ကုန်းမြေကိုစွန့် ရေမှာနေထိုင်သလဲဆိုတာ စဉ်းစားစရာပါ။ဆင့်ကဲမျိုးပွားသွားတဲ့ ဝေလငါးတွေရဲ့ ခြေထောက်တွေကို ဝေလငါးခန္ဓာကိုယ်အနောက်ဘက် အတွင်းမှာတွေ့မြင်နိုင်ပါတယ်။ ဝေလငါးသည် ငါးအစစ်မဟုတ်ဘူးဟုလည်း ပညာရှင်များက ပြောဆိုဖူးပါတယ်။
ငါးဆိုသည်မှာ ရေထဲမှ လေကိုရှုရာတွင် ပါးဟက်များဖြင့်ရှုပြီး ကုန်းပေါ်မှာသာ တာရှည်ထားလျှင် အသက်မရှုနိုင်သဖြင့် သေသွားနိုင်ပေသည်။ ဝေလငါးသည်ကား ရေအောက်တွင် တာရှည်ရပ်တည်နေပါက မွန်း၍ သေသွားနိုင်ပါသည်။
တချို့သောသူများသည် ဝေလငါးရေပေါ်သို့ပေါ်လာလျှင် ရေကိုပန်းထုတ်ပစ်သည်ဟု ထင်ကောင်းထင်နိုင်ပေလိမ့်မည်။ဝေလငါးသည် ရေအောက်ထဲတွင် ရှိနေစဉ် နှာခေါင်းပေါက်များကို အလုံပိတ်ထားပြီးလျှင် အသက်မရှုဘဲနေကြသည်။
အဲ့ဒါကြောင့် အဆုတ်အတွင်းရှိလေသည် ပူလျက်ရှိပြီး ရေငွေ့များဖြင့် ပြည့်နေသောကြောင့် ရေမျက်နှာပြင်ထက်သို့ပေါ်လာသောအခါ ရေပူများကို မှုတ်ထုတ်လိုက်ပြီး ယင်းလေပူများက ပတ်ဝန်းကျင်ရှိ လေအေးနှင့် ထိတွေ့ပြီး ငွေ့ရည်ဖွဲ့သွားကြပါတယ်။ငါးသည် သွေးအေးသတ္တဝါဖြစ်သည်နှင့်အညီ သွားရာနေရာကိုလိုက်၍ အပူချိန်ပြောင်းလဲသွားတတ်ကြသည်။
ဝေလငါးသည် သွေးနွေးသတ္တဝါဖြစ်သောကြောင့် ခန္ဓာကိုယ်အပူချိန်သည် မပြောင်းလဲပေ။ဝေလငါးတွင် အရေပြားနှင့် အသားကြားတွင် အဆီပြင်ရှိသည်။ ထိုအဆီပြင်က ခန္ဓာကိုယ်ကို နွေးလျက်ရှိစေသည်။ဝေလငါး၏ နှာခေါင်းသည် ဦးခေါင်းထိပ်တွင်ရှိနေ၏။ မျက်စိမူကား ကိုယ်ထည်နှင့်မလိုက်အောင်ပင် သေးငယ်ကြသည်။
ငါးတို့မည်သည်မှာ ဥများကို ဥပြီး မျိုးပွားလေ့ရှိကြပြီး ဝေလငါးကမူ ကုန်းနေသတ္တဝါများကဲ့သို့ အကောင်လိုက်မွေးပြီး နို့ချိုတိုက်ကျွေးခြင်းဖြင့် မျိုးပွားလေသည်။ နို့အရောင်မှာ နွားနို့အရောင်ကဲ့သို့ဖြစ်၏။
ဝေလငါးမျိုးပေါင်းများစွာရှိပြီးအဓိကအားဖြင့် အုပ်စု (၂)စု ခွဲခြားနိုင်ပေသည်။ ပထအုပ်စုမှာ ဗလင်းဝေလငါးဖြစ်ပြီး ဒုတိယအုပ်စုမှာသွားရှိဝေလငါး ဖြစ်ပါတယ်။
ပထမအုပ်စုဝင်ငါးများမှာ သွားများမရှိချေ။သွားအစား လူ့လက်သည်းကဲ့သို့သော ပစ္စည်းများသည် ယင်းတို့၏ ပါးစပ်အတွင်မှာ မျဉ်းပြိုင် အဖြစ်တည်ရှိနေကြပြီး အမွှေးကြမ်းကဲ့သို့ ဖြစ်နေကြသည်။
ဒုတိယအုပ်စုဝင် ဝေလငါးများ၏ သွားများသည် ချွဲကျိသည့်ငါးများနှင့် ကင်းမွန်ဘဲလိပ်ကဲ့သို့သော အကောင်များကို ဖမ်းယူနိုင်ရန် တည်ရှိနေကြသည်။စပမ်းဝေလငါးကြီးများရှိ သွားများမှာ ပိုကြီးပြီးအနည်းငယ်ကောက်နေလေသည်။ ပင်လယ်ဝံပုလွေခေါ် ဝေလငါးမျိုးတွင်ကား ကြောက်စရာကောင်းသော သွားများရှိပြီး ယင်းတို့သည် ဗလင်းဝေလငါးတို့၏ လည်ချောင်းထက် ပိုကြီးသော လည်ချောင်းများလဲရှိကြသည်။ဝေလငါးတို့၏ သက်တမ်းကိုကား အတိအကျမပြောနိုင်ချေ။ခန့်မှန်းခြေအားဖြင့် နှစ်တစ်ရာသက်တမ်းရှိသည်ဟုလည်း ပြောဆိုကြလေသည်။



#ဝေလငါး
#အုပ်စု
#သတ္တဝါ
#ဘဲလိပ်
#ခန္ဓာကိုယ်

Some text some message..