The Green Mile
1996 ခုနှစ်မှာ စာရေးဆရာ Stephen King က The Green Mile အမည်ဖြင့် အခန်းဆက်ဝတ္ထုရှည်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။ ရေးသားထုတ်ဝေပြီးပြီးချင်းမှာပဲ ဒီစာအုပ်ဟာ ရောင်းအားအကောင်းဆုံး အခန်းဆက်ဝတ္ထုရှည်စာအုပ်အဖြစ် ကမ္ဘာကျော်သွားခဲ့ပါတယ်။
1999 ခုနှစ် အကောင်းဆုံးဇာတ်လမ်းကောင်းတွေကို အမြဲစီစဉ်တင်ဆက်လေ့ရှိတဲ့ Warner Bros က ဝတ္ထုအမည်အတိုင်းမပြောင်းလဲဘဲ The Green Mile အမည်နဲ့ “Fantasy Crime Dram File” အမျိုးအစား ဇာတ်လမ်းတစ်ပုဒ်ကို ရိုက်ကူးပြသခဲ့ပါတယ်။ ကမ္ဘာကျော်မင်းသား Tom Hanks က ပါဝင်သရုပ်ဆောင်ထားပါတယ်။ The Green Mile ဇာတ်လမ်းက အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံးအသံဆု၊ အကောင်းဆုံးဇာတ်ညွှန်းဆုနဲ့ (Frank Darabont) အကောင်းဆုံးဇာတ်ပို့ဆု (Michael Clarke Duncan (John Coffey) အစရှိတဲ့ အော်စကာ (၄)ဆု ရရှိခဲ့ပါတယ်။ ကန်ဒေါ်လာ သန်း(၆၀)ကျော် ကုန်ကျခံရိုက်ကူးခဲ့ပြီး ဝင်ငွေအနေနဲ့ ကန်ဒေါ်လာ သန်း(၂၉၀.၇)သန်း ပြန်လည်ရရှိခဲ့တဲ့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။
ဒီဇာတ်ကားကို ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ ပရိုဂျူဆာကတော့ Frank Darabont, မင်းသား Tom Thanks, John Coffey နေရာမှာ Michael Clarke Duncan, ဇာတ်ပို့တွေကတော့ David Morse, Bonnie Hunt, James Cromwell နဲ့ အသက်ကြီးသွားတဲ့ Paul Edgecombe နေရာမှာတော့ မင်းသားကြီး Dabbs Greer တို့ပါဝင်သရုပ်ဆောင်ထားတယ်။
ဇာတ်လမ်းအစမှာ ထောင်ပိုင်ဟောင်းတစ်ဦးဖြစ်ခဲ့တဲ့ Paul Edgecombe (Dabbs Greer) မှ 1930 ဝန်းကျင်မှ အမေရိကန်နိုင်ငံရဲ့ တရားဥပဒေစီရင်ရေး၊ အားနားချက်၊ မှားအယွင်းနဲ့ လွဲမှားချွတ်ချော်ခဲ့တဲ့ အချက်အလက်တွေကို ပြန်ပြောင်းပြောပြနေဟန်နဲ့ ဇာတ်လမ်းကို အစပြုခဲ့ပါတယ်။
1935 ဝန်းကျင်မှာ ပေါလ် (Tom Hanks) သေမိန့်ချတရားခံများထားရှိရာ သေဒဏ်မပေးခင်ယာယီချုပ်တဲ့ ထောင်ရဲ့ထောင်ပိုင်တစ်ဦးဖြစ်ပါတယ်။ အင်မတန် စည်းကမ်းတင်းကြပ်လှတဲ့ဥပဒေနဲ့ လူ့စိတ်နှလုံးနူးညံ့မှု၊ လူသားချင်းစာနာထောက်ထားမှု ခံစားမှု(၂)မျိုးရဲ့အကြား သမာသမတ်ရှိရှိ ရပ်တည်ပေးရတဲ့ နေရာပေါ့။ သေဒဏ်ကျအကျဉ်းသားတွေရဲ့အထီးကျန်မှု၊ နာကျင်မှု၊ နောင်တနဲ့ ညီးတွားစိတ်ပျက်အားငယ်မှုတွေအကြား ဟန်ချက်မပျက်အောင် ထိန်းညှိပေးရတဲ့နေရာတစ်ခုဖြစ်ပါတယ်။
ဒီအကျဉ်းထောင်ကို John Coffey (Michael Clarke Duncan) က လူမမည် အမျိုးသမီးလေးနှစ်ယောက်ကို မုဒိန်းကျင့် သတ်ဖြတ်မှုနဲ့ သေမိန့်ကျခံဖို့ ရောက်လာခဲ့ပါတယ်။ ခန္ဓာကိုယ် ကြီးမားကြံ့ခိုင်တဲ့ လူ့ဘီလူးကြီး ဂျွန်ကာဖေးက သူ့ရဲ့ခန္ဓာကိုယ်ကိုမှမထောက် အမှောင်ကိုကြောက်တတ်သူ၊ စိတ်အားငယ်တတ်သူ။ သူ့နာမည်ကလွဲပြီး ကျန်တဲ့စာကို မဖတ်တတ်ရှာသူ၊ သူ့နာမည်ကိုမေးတိုင်း “ဂျွန်ကော်ဖီပါခင်ဗျား၊ သောက်တဲ့ကော်ဖီနဲ့အသံထွက်တူပါတယ်၊ စာလုံးပေါင်းတော့မတူပါဘူး”လို့ အမြဲပြောတတ်တဲ့သူ၊ လူတိုင်းကို ချိုချိုသာသာနဲ့ မျက်ရည်တွေဝိုင်းပြီး သနားဂရုဏာသက်ဟန်နဲ့ပြောတတ် ကြည့်တတ်တဲ့သူကြီးပေါ့။ သူ့မှာ သူမတူတဲ့ စိတ်စွမ်းအင်တစ်မျိုးကိုပိုင်ဆိုင်ထားပါတယ်။ သူပိုင်ဆိုင်ထားတဲ့ စိတ်စွမ်းအင်နဲ့ လူအများကို ကူညီခဲ့ပေမယ့် ကူညီမှုမှားပြီး ကိုယ့်အလှည့်မှာတော့ ကူညီတကယ်တင်သူမဲ့။ သနားစရာ လူထွားကြီးပေါ့။ စိတ်နှလုံးကောင်းမွန်တဲ့ ဒီလူထွားကြီးဟာ လူသတ်တယ်၊ မုဒိန်းကျင့်တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ပေါလ်က ထင်ခဲ့တယ်။ သူထင်ခဲ့တာလည်းအမှန်ပါပဲ၊ သူဟာ မှားယွင်းယိုးစွပ်ခံရသူတစ်ဦးပါ။ ထောင်ပိုင် ပေါလ်က ဆီးကြိတ်ရောင်ရောဂါကိုခံစားနေရသူပါ။ ဒါကိုလည်း ဂျွန်ကော်ဖေးက စိတ်စွမ်းအင်နဲ့ကုသပေးခဲ့တယ်။ ပေါလ်အထက်အရာရှိရဲ့ဇနီးဖြစ်သူ၊ ဒဏ်ရာရသွားတဲ့ကြွက်ကလေး အစရှိသူတို့ကိုလည်း ရောဂါပျောက်ကင်းအောင် ကုသပေးခဲ့တဲ့အပြင် အနီးအနားဝန်းကျင်ကဖြစ်ရပ်ဆိုးတွေ၊ ဖြစ်လာမယ့်အရာတွေကို ကြိုတင်သိရှိသူတစ်ဦးပါ။ ဂျွန်မှာအပြစ်မရှိတာကိုသိတဲ့ ပေါလ်က ဂျွန့်ကို ထောင်ကပြေးမလားမေးခဲ့တယ်။ ဒါပေမယ့် ဂျွန်က ပေါလ်ဒုက္ခဖြစ်ကျန်မယ့် အကြံအစည်ဖြစ်လို့ လက်မခံဘဲ သေမိန့်ကျ လျှပ်စစ်ကုလားထိုင်ကိုပဲရွေးချယ်ခဲ့တာပါ။ ဂျွန်ပြောခဲ့တဲ့စကားတေါထဲမှာ အများရဲ့စိတ်နှလုံးကို ဖမ်းစားသွားတဲ့စကားလုံးကတော့ သေဒဏ်ကျ လျှပ်စစ်ခုံမှာထိုင်ရင်း နောက်ဆုံးအနေနဲ့ ပြောသွားတဲ့စကားလေးပါ “I am sorry what I am” တဲ့။
သေဒဏ်ကျခံဖို့ ရောက်ရှိနေတဲ့ အခြားအကျဉ်းသားတွေလည်း ရှိပါသေးတယ်။ သူတို့တွေလည်း နောက်ဆုံးနေ့အချိန်အထိ ကျရောက်လာမယ့်ပြစ်ဒဏ်ကိုစောင့်ဆိုင်းနေကြရတဲ့ အထီးကျန်လူသားများပေါ့။အထီးကျန်လွန်းတဲ့အတွက် ကြွက်စုတ်လေးတစ်ကောင်ကို အကောင်းဆုံးအဖာ်တစ်ယောက်အဖြစ်မှတ်ယူပြီး နောက်ဆုံးထွက်သက်အထိ သံယောဇဉ်တကြီး ဖတ်တွယ်သွားတဲ့ ရဒ်အင်ဒီးယန်းတစ်ယောက်၊ ဆေးအမြဲကွဲနေတဲ့ ဆေးကြောင် အစရှိသဖြင့်ပေါ့လေ။သူတို့ရဲ့နောက်ဆုံးချိန်တွေကို သူတို့နဲ့အတူ ကူညီစောင့်စားရင်း သူတို့ဖြစ်ချင်တဲ့ နောက်ဆုံးဆန္ဒတွေကိုတတ်နိုင်တဲ့ဘက်က ဝိုင်းဖြည့်ပေးနေကြတဲ့ ထောင်ဝန်ထမး် အရာရှိများရဲ့ ဖြစ်တည်မှု။
မပါမဖြစ် ဗီလိန်နေရာကသရုပ်ဆောင်သွားတာကတော့ ပါစီဆိုသူပဲဖြစ်ပါတယ်။ သူတစ်ပါးဒုက္ခရောက်မှ စိတ်အနှောင့်အယှက်ဖြစ်မှ သူတပါးကို တနည်းနည်းနဲ့အနှောင့်အယှက်ပေးမှ စိတ်ချမ်းသာတဲ့သူ၊ အမူအရာက အသက်ပါလွန်းတော့ မုန်းစရာတော်တော်ကောင်း
ဥပဒေဆိုတာက တကယ့်ကိုစာအုပ်ကြီးအတိုင်းပါပဲ၊ အပြစ်လုပ်ရင်လည်းခံ၊ ပြစ်မှုမကျူးလွန်သော်လည်း သက်သေအထောက်အထား ခိုင်လုံနေရင်လည်းခံပေါ့။ ဒီဇာတ်ကားကြီးရဲ့ သက်ရောက်မှုကြောင့် အမေရိကရဲ့ တရားစီရင်ရေးစနစ်အချို့ ပြောင်းလဲခဲ့ပါတယ်။
ဒီဇာတ်ကားဟာ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ မဖြစ်မနေကြည့်ဖို့ တိုက်တွန်းပါရစေ။
https://channelmyanmar.org/the-green-mile/
The Green Mile
1996 ခုနှစ်မှာ စာရေးဆရာ Stephen King က The Green Mile အမည်ဖြင့် အခန်းဆက်ဝတ္ထုရှည်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။ ရေးသားထုတ်ဝေပြီးပြီးချင်းမှာပဲ ဒီစာအုပ်ဟာ ရောင်းအားအကောင်းဆုံး အခန်းဆက်ဝတ္ထုရှည်စာအုပ်အဖြစ် ကမ္ဘာကျော်သွားခဲ့ပါတယ်။
1999 ခုနှစ် အကောင်းဆုံးဇာတ်လမ်းကောင်းတွေကို အမြဲစီစဉ်တင်ဆက်လေ့ရှိတဲ့ Warner Bros က ဝတ္ထုအမည်အတိုင်းမပြောင်းလဲဘဲ The Green Mile အမည်နဲ့ “Fantasy Crime Dram File” အမျိုးအစား ဇာတ်လမ်းတစ်ပုဒ်ကို ရိုက်ကူးပြသခဲ့ပါတယ်။ ကမ္ဘာကျော်မင်းသား Tom Hanks က ပါဝင်သရုပ်ဆောင်ထားပါတယ်။ The Green Mile ဇာတ်လမ်းက အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံးအသံဆု၊ အကောင်းဆုံးဇာတ်ညွှန်းဆုနဲ့ (Frank Darabont) အကောင်းဆုံးဇာတ်ပို့ဆု (Michael Clarke Duncan (John Coffey) အစရှိတဲ့ အော်စကာ (၄)ဆု ရရှိခဲ့ပါတယ်။ ကန်ဒေါ်လာ သန်း(၆၀)ကျော် ကုန်ကျခံရိုက်ကူးခဲ့ပြီး ဝင်ငွေအနေနဲ့ ကန်ဒေါ်လာ သန်း(၂၉၀.၇)သန်း ပြန်လည်ရရှိခဲ့တဲ့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။
ဒီဇာတ်ကားကို ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ ပရိုဂျူဆာကတော့ Frank Darabont, မင်းသား Tom Thanks, John Coffey နေရာမှာ Michael Clarke Duncan, ဇာတ်ပို့တွေကတော့ David Morse, Bonnie Hunt, James Cromwell နဲ့ အသက်ကြီးသွားတဲ့ Paul Edgecombe နေရာမှာတော့ မင်းသားကြီး Dabbs Greer တို့ပါဝင်သရုပ်ဆောင်ထားတယ်။
ဇာတ်လမ်းအစမှာ ထောင်ပိုင်ဟောင်းတစ်ဦးဖြစ်ခဲ့တဲ့ Paul Edgecombe (Dabbs Greer) မှ 1930 ဝန်းကျင်မှ အမေရိကန်နိုင်ငံရဲ့ တရားဥပဒေစီရင်ရေး၊ အားနားချက်၊ မှားအယွင်းနဲ့ လွဲမှားချွတ်ချော်ခဲ့တဲ့ အချက်အလက်တွေကို ပြန်ပြောင်းပြောပြနေဟန်နဲ့ ဇာတ်လမ်းကို အစပြုခဲ့ပါတယ်။
1935 ဝန်းကျင်မှာ ပေါလ် (Tom Hanks) သေမိန့်ချတရားခံများထားရှိရာ သေဒဏ်မပေးခင်ယာယီချုပ်တဲ့ ထောင်ရဲ့ထောင်ပိုင်တစ်ဦးဖြစ်ပါတယ်။ အင်မတန် စည်းကမ်းတင်းကြပ်လှတဲ့ဥပဒေနဲ့ လူ့စိတ်နှလုံးနူးညံ့မှု၊ လူသားချင်းစာနာထောက်ထားမှု ခံစားမှု(၂)မျိုးရဲ့အကြား သမာသမတ်ရှိရှိ ရပ်တည်ပေးရတဲ့ နေရာပေါ့။ သေဒဏ်ကျအကျဉ်းသားတွေရဲ့အထီးကျန်မှု၊ နာကျင်မှု၊ နောင်တနဲ့ ညီးတွားစိတ်ပျက်အားငယ်မှုတွေအကြား ဟန်ချက်မပျက်အောင် ထိန်းညှိပေးရတဲ့နေရာတစ်ခုဖြစ်ပါတယ်။
ဒီအကျဉ်းထောင်ကို John Coffey (Michael Clarke Duncan) က လူမမည် အမျိုးသမီးလေးနှစ်ယောက်ကို မုဒိန်းကျင့် သတ်ဖြတ်မှုနဲ့ သေမိန့်ကျခံဖို့ ရောက်လာခဲ့ပါတယ်။ ခန္ဓာကိုယ် ကြီးမားကြံ့ခိုင်တဲ့ လူ့ဘီလူးကြီး ဂျွန်ကာဖေးက သူ့ရဲ့ခန္ဓာကိုယ်ကိုမှမထောက် အမှောင်ကိုကြောက်တတ်သူ၊ စိတ်အားငယ်တတ်သူ။ သူ့နာမည်ကလွဲပြီး ကျန်တဲ့စာကို မဖတ်တတ်ရှာသူ၊ သူ့နာမည်ကိုမေးတိုင်း “ဂျွန်ကော်ဖီပါခင်ဗျား၊ သောက်တဲ့ကော်ဖီနဲ့အသံထွက်တူပါတယ်၊ စာလုံးပေါင်းတော့မတူပါဘူး”လို့ အမြဲပြောတတ်တဲ့သူ၊ လူတိုင်းကို ချိုချိုသာသာနဲ့ မျက်ရည်တွေဝိုင်းပြီး သနားဂရုဏာသက်ဟန်နဲ့ပြောတတ် ကြည့်တတ်တဲ့သူကြီးပေါ့။ သူ့မှာ သူမတူတဲ့ စိတ်စွမ်းအင်တစ်မျိုးကိုပိုင်ဆိုင်ထားပါတယ်။ သူပိုင်ဆိုင်ထားတဲ့ စိတ်စွမ်းအင်နဲ့ လူအများကို ကူညီခဲ့ပေမယ့် ကူညီမှုမှားပြီး ကိုယ့်အလှည့်မှာတော့ ကူညီတကယ်တင်သူမဲ့။ သနားစရာ လူထွားကြီးပေါ့။ စိတ်နှလုံးကောင်းမွန်တဲ့ ဒီလူထွားကြီးဟာ လူသတ်တယ်၊ မုဒိန်းကျင့်တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ပေါလ်က ထင်ခဲ့တယ်။ သူထင်ခဲ့တာလည်းအမှန်ပါပဲ၊ သူဟာ မှားယွင်းယိုးစွပ်ခံရသူတစ်ဦးပါ။ ထောင်ပိုင် ပေါလ်က ဆီးကြိတ်ရောင်ရောဂါကိုခံစားနေရသူပါ။ ဒါကိုလည်း ဂျွန်ကော်ဖေးက စိတ်စွမ်းအင်နဲ့ကုသပေးခဲ့တယ်။ ပေါလ်အထက်အရာရှိရဲ့ဇနီးဖြစ်သူ၊ ဒဏ်ရာရသွားတဲ့ကြွက်ကလေး အစရှိသူတို့ကိုလည်း ရောဂါပျောက်ကင်းအောင် ကုသပေးခဲ့တဲ့အပြင် အနီးအနားဝန်းကျင်ကဖြစ်ရပ်ဆိုးတွေ၊ ဖြစ်လာမယ့်အရာတွေကို ကြိုတင်သိရှိသူတစ်ဦးပါ။ ဂျွန်မှာအပြစ်မရှိတာကိုသိတဲ့ ပေါလ်က ဂျွန့်ကို ထောင်ကပြေးမလားမေးခဲ့တယ်။ ဒါပေမယ့် ဂျွန်က ပေါလ်ဒုက္ခဖြစ်ကျန်မယ့် အကြံအစည်ဖြစ်လို့ လက်မခံဘဲ သေမိန့်ကျ လျှပ်စစ်ကုလားထိုင်ကိုပဲရွေးချယ်ခဲ့တာပါ။ ဂျွန်ပြောခဲ့တဲ့စကားတေါထဲမှာ အများရဲ့စိတ်နှလုံးကို ဖမ်းစားသွားတဲ့စကားလုံးကတော့ သေဒဏ်ကျ လျှပ်စစ်ခုံမှာထိုင်ရင်း နောက်ဆုံးအနေနဲ့ ပြောသွားတဲ့စကားလေးပါ “I am sorry what I am” တဲ့။
သေဒဏ်ကျခံဖို့ ရောက်ရှိနေတဲ့ အခြားအကျဉ်းသားတွေလည်း ရှိပါသေးတယ်။ သူတို့တွေလည်း နောက်ဆုံးနေ့အချိန်အထိ ကျရောက်လာမယ့်ပြစ်ဒဏ်ကိုစောင့်ဆိုင်းနေကြရတဲ့ အထီးကျန်လူသားများပေါ့။အထီးကျန်လွန်းတဲ့အတွက် ကြွက်စုတ်လေးတစ်ကောင်ကို အကောင်းဆုံးအဖာ်တစ်ယောက်အဖြစ်မှတ်ယူပြီး နောက်ဆုံးထွက်သက်အထိ သံယောဇဉ်တကြီး ဖတ်တွယ်သွားတဲ့ ရဒ်အင်ဒီးယန်းတစ်ယောက်၊ ဆေးအမြဲကွဲနေတဲ့ ဆေးကြောင် အစရှိသဖြင့်ပေါ့လေ။သူတို့ရဲ့နောက်ဆုံးချိန်တွေကို သူတို့နဲ့အတူ ကူညီစောင့်စားရင်း သူတို့ဖြစ်ချင်တဲ့ နောက်ဆုံးဆန္ဒတွေကိုတတ်နိုင်တဲ့ဘက်က ဝိုင်းဖြည့်ပေးနေကြတဲ့ ထောင်ဝန်ထမ်း အရာရှိများရဲ့ ဖြစ်တည်မှု။