ဂျပန်နိုင်ငံကို ခရီးထွက်တာပဲဖြစ်ဖြစ်၊ အလုပ်ကိစ္စခရီးသွားရင်းပဲဖြစ်ဖြစ် ဒီလိုမျိုးနေရာတွေကို မဖြစ်မနေသွားရောက် လည်ပတ်ကြည့်ရှု့သင့်ပါတယ်နော်။
trend.com.mm
|
2020-04-20
ခုမမိုတိုက ကမ္ဘာတွင် အလှဆုံးရှုခင်း (၈)ခု


၁) ကမ္ဘာတစ်ဝန်းလုံးရှိ ဓာတ်ပုံဆရာများကို စုစည်းရောက်ရှိစေခြင်း(အိုခိုရှိခိပင်လယ်ကမ်းနား)
(ဂျပန်နိုင်ငံရဲ့ ကမ်းခြေ ၁၀၀)၊ (ဂျပန်နိုင်ငံရဲ့ ညနေခင်း နေဝင်ချိန် ၁၀၀) တွင်ပါဝင်တဲ့ ရှုခင်းဒေသ၊ ဒီရေများဖြင့် ပြည့်နေသော ပင်လယ်ကမ်းနားတွင် အနုပညာဆန်သော လှိုင်းတွန့်ပုံစံများက ပေါ်ပေါက်နေပါတယ်။ ဒီရေလှိုင်းတွန့်ပုံ သဲများနှင့် နေခင်းနေထပ်တူကျသောနေ့သည် တစ်နှစ်တွင် ၁၀ ရက်ခန့်သာရှိပြီး ရှားပါးသော တစ်ခဏကို မြင်နိုင်ငံရန် များစွာသော နိုင်ငံများမှ ဓာတ်ပုံဆရာတွေက လာရောက်ကြပါတယ်။



၂။ ကောင်းကင်၏ အလှဆုံး ရှုခင်း (ရပျူတာလမ်း)
တိမ်ပင်လယ်ဖြစ်ပေါ်ပါက မြောက်ဘက်တောင်တန်းများအထိ (အ ဆိုမြို့ မိချိဂရိအိုလိုင်း) သည် ဂျိဘုရိ၏ ထင်ရှားသော လက်ရာ( ကောင်းကင်ရဲတိုက် ရပျူတာ) ကို ပုံရိပ်ပေါ်စေသော ရှုခင်းအဖြစ်ပြောင်းလဲသွားပါသည်။



၃။လိုက်ကာအနေအထားကဲ့သို့ စီးဆင်းနေသော ရေတံခွန်(နဘဲဂတခိ)
ရေတံခွန်၏ ကျောဘက်ကို ဝင်ရောက်နိုင်သော (အုရာမိနော့တခိ) ထဲတွင်လည်း ထင်ရှားသော နေရာတစ်ခု၊ စီးဆင်းကျနေသော ရေ၏ လှုပ်ရှားမှုကို ငေးမောကြည့်နိုင်ပြီး များစွာသော ဧည့်သည်တွေက လာရောက်လည်ပတ်ကြပါတယ်။ လိုက်ကာ အနေအထားကဲ့သို့ ဖြစ်နေသော စီးဆင်းမှုပုံစံသည် လှပကာ ရွှေရောင်ပိတ်ရက်လို့ခေါ်တဲ့ ရုံးပိတ်ရက်များတွင်လည်း ရေတံခွန်မှာ မီးအလှထွန်းခြင်းများလည်း ပြုလုပ်ကြပါတယ်။



၄။ အချင်း ၁ ကီလိုမီတာရှိတဲ့ လွင်ပြင်ကျယ်( ခုဆဆန်းရိ)
မီးခိုးများပျံ့လွင့်နေသော အဆိုတောင်၏ တောင်ကြားကို ကြည့်နိုင်ဖို့ အကောင်းဆုံးသော နေရာ ခုဆဆန်းရိ၊ အချင်း ၁ ကီလိုမီတာရှိသော လွင်ပြင်ကျယ်၏ အလယ်တွင် မိုးရေများ စုပုံကာ ဖြစ်ပေါ်လာသော ရေကန်ရှိနေပြီး၊ နွားများ၊မြင်းများလဲ လွှတ်ထားတတ်ပါတယ်။ ရာသီသီဥတုလေးခုလုံးတွင် လုံးဝ မတူညီတဲ့ ရှုခင်းတွေကို ကွဲပြားစွာ တွေ့မြင်နိုင်ပါတယ်။



၅။ ပျမ်းမျှ ၅ သောင်းခန့် ပွင့်နေကြသော (ဆန်းစုအိကရော)
ထိုအမည်အတိုင်း ရသေ့ရဟန်းများတောင် ထိုအလှအပအနံ့တွင် မူးမေ့ပျော်ဝင်သွားသည်ဟု မိယမခိရိရှိမ (ပုန်နရိတ်တစ်မျိုး)သည် ပျမ်းမျှ ၅ သောင်းခန့်ပွင့်ကြသောကြောင့် ထင်ရှားပါသည်။ အဆိုတောင်အလယ်နှင့် အမြင့်ပိုင်းတွင်ရှိနေတဲ့ အတွက်ကြောင့် အဆိုတောင်ပေါက်ကွဲသောအချိန်တွင် ချော်ရည်ပူများက ပုံဖော်ကာဖြစ်ပေါ်လာတဲ့ အနုပညာဖြစ်ပါတယ်။


Castelluccio di Norcia, Umbria, Italy. Piana Grande Valley landscape full of flowers


၆။ အဆိုတောင်
ကမ္ဘာ့အကြီးဆုံးဟု ဆိုရလောက်သော အဆိုတောင်များထဲတွင် လက်ရှိလည်း မီးခိုးငွေ့များ ပျံ့လွင့်နေသော မီးတောင်ရှင်ဖြစ်ပါတယ်။ တောင်တတ် ကားများ ဂိတ်ဆုံးဘူတာမှ ကောင်းကင်လိုင်းရှိပြီး အမြင့် ၁၀၈ မီတာရှိသော နေရာမှ ပျမ်းမျှ ၄မိနစ်ခန့်၊ ကမ္ဘာတွင် ပထမဆုံးသော မီးတောင်ရှင်ကို ထိုးထားသော ကောင်းကင်လိုင်းမှ မီးတောင်ရှင်ပေါက်ဝကို ကြည့်နိုင်ပါတယ်။



၇။ တိုရောခိုရထားယူးစုခဲ
တောင်ဘက် အဆိုရထားလိုင်း(ယူးစုခဲ) တချိနော့ဘူတာမှ တကမိုရိဘူတာအထိ ခွဲခြားကာ အသွားအပြန်လုပ်နေသောကြောင့် ပုံမှန်ထက် အေးဆေးစွာ သွားနိုင်တဲ့အတွက်ကြောင့် ရှုခင်းများကိုလည်း ခရီးတလျှောက် ကြည့်ရှု့ခံစားနိုင်ပါတယ်။



၈။ သဘာဝလေအေးပေးစက် (ခိခုချိခဲအိကိုခု)
ခိခုချိခဲအိကိုခုကို သဘာဝလေအေးပေးစက်ဟုခေါ်ကြပြီး နွေရာသီတွင် အပူရှောင်သူများ၊ ဆောင်းဦးတွင် မိုမိဂျိ၊ ဆောင်းရာသီတွင် ရေခဲပန်းဆွဲများဖြင့် တစ်နှစ်ပတ်လုံး လှပနေတဲ့ တောတောင်များ၊ ရေစီးဆင်းမှုများကို ခံစားနိုင်ပါတယ်။




Ref;ZEKKEI JAPAN


#ရှုခင်း
#ပင်လယ်ကမ်းနား
#ကောင်းကင်
#ရေတံခွန်
#မီးတောင်

Some text some message..