အီတလီနိုင်ငံရဲ့ ထင်ရှားတဲ့ မြို့များအကြောင်း
trend.com.mm
|
2020-04-23

သင်ဟာ နိုင်ငံတစ်နိုင်ငံကို ခရီးထွက်ဖို့လုပ်မယ်ဆိုရင် ကိုယ်သွားမယ့် နိုင်ငံအကြောင်း၊ရာသီဥတု၊ အစားအစာ စတာတွေကို မသွားခင် ကြိုတင်လေ့လာထားဖို့လိုအပ်ပါတယ်။ဒီတစ်ခေါက်မှာတော့ အီတလီနိုင်ငံမှာရှိတဲ့ ထင်ရှားတဲ့ မြို့တွေအကြောင်းနှင့် ဘယ်လိုနေရာတွေက ထင်ရှားလဲဆိုတာတွေကို ပြောပြပေးသွားပါမယ်။
၁) Naples
အီတလီနိုင်ငံ တောင်ပိုင်းမှာရှိတဲ့ Naples မြို့ကတော့ ကမ္ဘာ့ စီးပွားရေးမြို့တော်ဖြစ်ပါတယ်။ Napoli လို့လည်း လူသိများတဲ့ Naples က Rome နဲ့ Milan ပြီးရင် အီတလီရဲ့ တတိယအကြီးဆုံး မြို့တော်ဖြစ်ပါ။
Naples မြို့ဟာ အနုပညာဆိုင်ရာ လှုပ်ရှားမှုတွေမှာ ထိပ်တန်းမြို့တစ်မြို့ဖြစ်သလို စားသောက်ဆိုင်တွေ၊ညဈေးတန်းတွေကြောင့်လည်း ထင်ရှားပါတယ်။ အီတလီရိုးရာ အစားအသောက်တွေအပြင် Naples မြို့ကလုပ်တဲ့ Pizza.,Spaghetti နဲ့ Parmigiana တွေကတော့ အတော်လေးလူကြိုက်များကြပါတယ်။အစားအသောက်ဆိုင်ရာဟင်းလျာတွေမှာလည်း Naples မြို့က သန့်ရှင်းလတ်ဆက်မှုကို အထူးအလေးထားပါတယ်။



၂) Milan
Milan မြို့အနီးတဝိုက်တွေက ဒုတိယကမ္ဘာစစ်တုန်းက စစ်ဘေးကိုခံခဲ့ရပေမယ့် အခုအခါမှာတော့ Milanရဲ့ ချမ်းသာကြွယ်ဝမှုတွေကြောင့် ဥရောရဲ့ အကြွယ်ဝဆုံး မြို့တစ်မြို့ ဖြစ်နေပါပြီ။ ခရီးသွားတွေကို အဓိကဆွဲဆောင်နေတဲ့ အချက်ကတော့ လီယိုနာဒိုဒါဗင်ချီရဲ့ ကျော်ကြားတဲ့ ပန်းချီကားတွေကြောင့်ပါ။
နောက်ထပ်က ဆွဲဆောင်ထားတာတွေကတော့ ၁၇၇၈ ခုနှစ်ကတည်ဆောက်ခဲ့တဲ့ La Scala Opera ရုံနဲ့ ၁၅ ရာစုက တည်ဆောက်ခဲ့တဲ့ Castello Sforzesco ဘုရားရှိခိုးကျောင်းတွေကြောင့် ပဲဖြစ်ပါတယ်။



၃)Pompeii
နောက်ထပ် ကျော်ကြားတဲ့ မြို့တစ်မြို့ကတော့ Pompeii ပါ။ဒီမြို့ကို ခရီးသွားတွေအနေနဲ့ မဖြစ်မနေသွားရောက် လည်ပတ်လေ့ရှိပါတယ်။Pompii မြို့က ရောမရဲ့ ထင်ရှားတဲ့ မြို့တစ်မြို့ဖြစ်ပြီး မီးတောင်ပေါက်ကွဲမှု အပြီးမှာတော့ အရိုးပြာအိုးတွေကို တွေ့ရှိခဲ့ရပါတယ်။ အဲ့ဒီအရိုးပြာရိုးတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၇၀၀ ကျော်လောက်ကလို့ ခန့်မှန်းထားခဲ့ကြပြီး ၁၇၄၈ ခုနှစ်တုန်းက တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။
Pompeii မြို့ဟာ ရှေးဟောင်း ရောမကမ္ဘာရဲ့ အမှတ်အသားတစ်ခုဖြစ်ပြီး ခရီးသွားတွေကတော့ ရှေးဟောင်းလမ်းမပေါ်မှာ လမ်းလျှောက်ရင်း အတိတ်တခေတ်ဆီက အကြွင်းအကျန်တွေဖြစ်တဲ့ ပေါင်မုန့်ဖိုတွေ၊ ပြည့်တန်ဆာအိမ်တွေနဲ့ ရေချိုးခန်းတွေကို လေ့လာလေ့ ရှိကြပါတယ်။




၄) Venice


Adriatic ပင်လယ်ကမ်းခြေက ဝန်းရံပေးထားတဲ့ Venice မြို့ကတော့ ကျော်ကြားတဲ့မြို့ ဖြစ်တဲ့အပြင် အီတလီရဲ့ အထင်ကရ ပြိုင်ဘက်ကင်းတဲ့ မြို့လေးတစ်မြို့ဖြစ်ပါတယ်။အီတလီ အရှေ့မြောက်ပိုင်းမှာ ရှိပြီး သာယာလှပတဲ့ တံတားရာပေါင်းများစွာက ကျွန်းပေါင်း ၁၁၈ ကျွန်းနဲ့ ချိတ်ဆက်ထားပါတယ်။ ရေလမ်းခရီးသွားနိုင်ဖို့ ဖောက်လုပ်ပေးထားတဲ့ တူးမြောင်းကြီးကလဲ Venice မြို့ကို နှစ်ပိုင်းခွဲပေးထားသလို ဖြစ်နေပါသေးတယ်။
ခရီးသွားတွေ အဓိကလည်ပတ်ကြတဲ့နေရာကတော့ Saint Mark ရင်ပြင်၊ ရှေးဟောင်းရောမ အဆောက်အဦးဖြစ်တဲ့ Basilica ၊ Doge နန်းတော်နဲ့ Rialto တံတားတို့ ဖြစ်ပါတယ်။



၅) Rome
ရှေးဟောင်း ရောမအင်ပါယာရဲ့ မြို့တော်ဖြစ်ခဲ့ဖူးတဲ့ Rome မြို့ကတော့ အခုခေတ်မှာလည်း အီတလီ အစိုးရရုံးစိုက်ရာမြို့ ဖြစ်နေတုန်းပါပဲ။ အီတလီနိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ Rome က ခေတ်ဟောင်း အဆောက်အဦးတွေ၊ ခေတ်သစ် အဆောက်အဦးတွေ အားပြိုင်နေတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ခေတ်ဟောင်းရောမလက်ရာနဲ့ တည်ဆောက်ထားခဲ့တဲ့ ဗာတီကန်နန်းတော်ကြီးကတော့ အကျော်ကြားဆုံးနေရာတစ်ခုပဲဖြစ်ပါတယ်။ ဒီနေရာတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်၊ အလယ်ခေတ်ဆီက ယဉ်ကျေးမှု၊ နိုင်ငံရေးနဲ့ ဘာသာရေးတို့ရဲ့ ပင်မအချက်အချာနေရာတွေလို့ ဆိုရင်လဲ မမှားနိုင်ပါဘူး။
Ref; touropia



#အီတလီ
#ရောမ
#ရှေးဟောင်း
#ခရီးသွား
#အဆောက်အဦး

Some text some message..