မာလကာ၏ မူရင်းဒေသသည် အပူပိုင်းနိုင်ငံများဖြစ်သော မက္ကဆီကိုနှင့် ပီရူးပတ်ဝန်းကျင်နိုင်ငံများဖြစ်သည်။ မာလကာတွင်
အကြမ်းအားဖြင့် အူနီသီးမျိုးနှင့် အူဖြူသီးမျိုးဟူ၍ ရှိသည်။ အူနီသီးမျိုးသည် အသားပန်းရောင်၊ အနီရောင်ရှိ၍ စားသုံးမှုပျော့
ပျောင်းသည်။ အူဖြူသီးမျိုးထက် ချိုသည်။ အသီးပုံသဏ္ဌာန် ဘူးသီးပုံဖြစ်သည်။ အူဖြူသီးမျိုးသည် အတွင်းသားအဖြူရောင်ရှိပြီး
အသီးမာကျစ်သည်။ အူနီမျိုးထက် အစေ့ပိုများသည်။ အသီးပုံသဏ္ဌာန်မှာ အလုံးပုံဖြစ်သည်။ အလုံးသေးသည်။
ယခုအခါတွင် မာလကာစပ်မျိုးများ တစ်ခေတ်ဆန်းလာသည်။ သုံးလုံး တစ်ကီလို၊ နှစ်လုံး တစ်ကီလို၊ တစ်လုံး တစ်ကီလိုသီးများ
ပေါ်ထွန်းလာသည်။ အူနီသီးမျိုးလည်း ရှိသည်။ အူဖြူသီးမျိုးလည်း ရှိသည်။ အလုံးကြီးသည်။ အသားမွ၍ ချောမွေ့နူးညံ့သည်။
အရည်ရွှမ်း၍ အရသာချိုမွှေးသည်။ အသားထူ၍ အစေ့အလွန်နည်းသည်။ အခွံရောင်မှာ စိမ်းနုရောင်သန်းနေသည်။ အထူး
သဖြင့် ထိုင်းနိုင်ငံမှလာသော စပ်မျိုးမာလကာများသည် ပိုကောင်းသည်။ အချို့အရသာချိုမွှေး၍ အရည်ရွှမ်းသဖြင့် “ပျားရည်ဆမ်း“
ဟုပင် ခေါ်ကြသည်။
မာလကာကီလိုမျိုးများသည် ရာသီဦးပေါ်ဦးပေါ်ဖျားဆိုလျှင် တစ်လုံး ကျပ် ၁၀၀၀ ခန့်အထိပင် ဈေးစွာသည်။ ပေါလာသော
ရာသီမှာပင် ကီလိုသီးတစ်လုံးလျှင် ကျပ် ၃၀၀ မှ ကျပ် ၅၀၀ အထိ ဈေးပေါက်နေသည်။
မာလကာအပင်ကြီးလာပါက အပူဒဏ်နှင့် ရေငတ်ဒဏ် ခံနိုင်ရည်ရှိသည်။ နှင်းမှုန်ကျ၍ အနည်းငယ်အေးသောဒဏ်ကို
ခံနိုင်ရည်ရှိသော်လည်း ၂၀ ဒီဂရီစင်တီဂရိတ်အထိအေးပါက အပင်အပေါ်ပိုင်းကြီးထွားမှု ရပ်တန့်၍ သေးသွားသည်။ မြေအမျိုး
အစားမရွေး ဖြစ်ထွန်းနိုင်သည်ကို တွေ့ရှိရပြီး ရေဝပ်ခြင်းကို မနှစ်သက်ပါ။ မြေချဉ်ငန်ဓာတ် ၄ ဒသမ ၅ မှ ၈ ဒသမ ၂ အတွင်း
စိုက်ပျိုးဖြစ်ထွန်းပါသည်။
မာလကာမျိုးယူရာတွင် အစေ့ကို စိုက်၍ ပျိုးထောင်ခြင်း၊ ရင်ချင်းအပ် ကိုင်းဆက်မျိုးပွားခြင်း၊ မြေထုပ်စည်းမျိုးပွားခြင်းများ
ဖြင့် မျိုးယူနိုင်ပါသည်။ မာလကာခြံကို နှစ်ရှည် ရည်ရွယ်စိုက်ပျိုးပါက ပင်မဖြစ်သည့်အစေ့ပျိုး၊ ရင်ချင်းအပ်ကိုင်းဆက်မျိုးကို
အသုံးပြုသင့်ပါသည်။ မြေထုပ်စည်းမျိုးကိုနှစ်တိုရည်ရွယ်စိုက်သော ခြံသာလျှင် အသုံးပြုသင့်ပါသည်။ ပျိုးပင်များကို မစိုက်မီ
တစ်နှစ်သား ကြိုတင်ပျိုးထောင်သင့်သည်။ သို့မဟုတ်လျှင် တစ်နှစ်သားအရွယ်ရှိသောမျိုးမှန်သည့် ပျိုးပင်ကို ရှာဖွေစိုက်ပျိုး
နိုင်ပါသည်။ ပျိုးပင်ကို အရိပ်အောက်တွင်ထား၍နေ့စဉ်ရေလောင်း ပြုစုထိန်းသိမ်းရန် လိုပါသည်။ ပျိုးပင်ဘဝတွင် ပိုးမွှားရောဂါ
မကျရောက်စေရန် စောင့်ကြပ်ကြည့်ရှု၍ ကာကွယ်နှိမ်နင်းပေးနေရန် လိုအပ်ပါသည်။
မစိုက်ပျိုးမီ ခြံတည်မည့်နေရာကို ပန္နက်ရိုက်၍ စိုက်ကျင်းနေရာ သတ်မှတ်ရန် လိုအပ်ပါသည်။ ကိုင်းဆက်ပျိုးပင်နှင့်
မြေထုပ်စည်းပျိုးပင်ဖြစ်ပါက ပင်ကြား၊ တန်းကြား အကွာအဝေး ရှစ်ပေ _ ရှစ်ပေခြား ပန္နက်ရိုက်ရန် လိုပါသည်။ တစ်ဧက
အပင်အရေအတွက် ၆၈၀ ဝင်ဆံ့ပါမည်။အစေ့စိုက်ပျိုးပင်ဖြစ်ပါက ပင်ကြား၊ တန်းကြား အကွာအဝေး ၁၂ ပေ _ ၁၂ ပေခြား
ပန္နက်ရိုက်ရန် လိုပါသည်။ တစ်ဧကအပင် အရေအတွက် ၃၀၁ ပင် ဝင်ဆံ့မည်ဖြစ်ပါသည်။
မာလကာကို မိုးဦးကျ မေလတွင် စိုက်ပျိုးသင့်ပါသည်။ ရေအချိန်မရွေးပေးနိုင်ပါက ရာသီမရွေး စိုက်ပျိုးနိုင်ပါသည်။ မစိုက်မီ
တစ်လကြိုတင်၍ စိုက်ကျင်းကို ပြင်ဆင်ရန် လိုပါသည်။ စိုက်ကျင်းကို အကျယ် နှစ်ပေ _ အမြင့် နှစ်ပေ _ နှစ်ပေ တူးရန် လို
ပါသည်။ ပထမတူး၍ ရရှိသော အပေါ်ယံခြောက်လက်မရှိ မြေဆီလွှာမှမြေကို ကျင်း၏ ညာဘက်တွင် ပုံရပါမည်။ အောက်မှ
တူး၍ရသော အောက်ခြေလွှာမှ မြေများကို ကျင်း၏ ဘယ်ဘက်တွင် ပုံရပါမည်။ ၎င်းနောက် ကျင်းတစ်ကျင်းလျှင် နွားချေး
ရှစ်ပြည်၊ ထုံး နို့ဆီဘူးတစ်ဘူး၊ N:P:K (၁၅း၁၅း၈)၊ ကွန်ပေါင်းမြေသြဇာ နို့ဆီဘူးဝက်၊ ဂျစ်ပဆန်ကျောက်မှုန့် နို့ဆီဘူးဝက်၊
ဖျူရာဒန်ပိုးသတ်ဆေး စတီးဇွန်းတစ်ဇွန်းကို အပေါ်ယံခြောက်လက်မရှိ မြေဆွေးအားလုံး ဘယ်ဘက်တွင်ပုံထားသော
အောက်မြေလွှာ၏တစ်ဝက်တို့ကို သေချာစွာ သမအောင် ရောမွှေပြီး စိုက်ကျင်းထဲသို့ ကျင်းပေါ်မောက်သွားသည်အထိ
ထည့်၍ သိပ်သွားအောင်ခြေဖြင့် ခပ်ဖွဖွနင်းသိပ်ပေးပါ။ စိုက်ကျင်းနှုတ်ခမ်းနှင့် တစ်ပြေးညီရသည်အထိ မြေထည့်၍
ရေဝအောင် လောင်းပြီး နှပ်ထားပါ။ မိုးရာသီမဟုတ်သော ရာသီဖြစ်ပါက စိုက်ကျင်းကို မစိုက်ပျိုးမီအချိန်ထိ ရေမှန်မှန်
လောင်းပေးရန် လိုပါသည်။
စိုက်ကျင်းမြေနှပ်ပြီး တစ်လပြည့်ပါက ပျိုးပင်ကို စိုက်ကျင်းသို့ ချစိုက်ရန်ဖြစ်ပါသည်။ မစိုက်မီ တစ်ရက်ကြိုတင်၍ စိုက်
ကျင်းကို ရေဝအောင် လောင်းပေးပါ။ စိုက်ကျင်းထဲရှိ မြေသားကို ပျိုးပင်၏ခါးမှ အမြစ်ဆုံးအထိ (ပျိုးအိတ်၊ ပျိုးအိုး၏ အလျား
အတိုင်း) ကျင်းတူးပါ။ ရရှိသောမြေစာများကို ဘေးမှာပုံထားပါ။ ပျိုးပင်ကို ကျင်းသို့ချစိုက်ရာတွင် ပျိုးအိတ်၊ ပျိုးအိုးကို မြေလုံး
မကွဲအောင် ဂရုပြုခွာပစ်ရန် လိုအပ်ပါသည်။
၎င်းင်းမြေလုံးအတိုင်း စိုက်ကျင်းသို့ ချစိုက်ရန်လိုအပ်ပါသည်။ ပျိုးပင်၏ မြေဝင်အနက်သည် ပျိုးအိတ်၊ ပျိုးအိုးထဲတွင် ပျိုးပင်
ရှိစဉ်က အပင်၏ ခါးအနက်အတိုင်းရရှိအောင်ဂရုပြုစိုက်ရမည်ဖြစ်ပါသည်။ ၎င်းနောက်ဘေးသို့ပုံထားသော မြေစာများကို
အပင်ခြေပြန့်ဖို့၍ လက်ဖြင့် သိပ်သွားအောင် ဖိသိပ်ပေးရန် လိုပါသည်။ အပင်ခါးချောင်ပါကအမြစ်တော်တော်နှင့်မစွဲခြင်း၊
ခါးတွင်ဒဏ်ရာရရှိ၍ ပင်ခြေပုပ်ခြင်းများ ဖြစ်တတ်ပါသည်။
၎င်းင်းနောက် မူလကျင်းတူးစဉ်ကပိုနေသော မြေဆွေးများဖြင့် အပင်ခြေကိုပြန်ဖုံး၍ ကုန်းမို့မို့ဖြစ်အောင် ဖို့ပြီး ပတ်ပတ်လည်
ခြေဖြင့် နင်းပေးရန် လိုအပ်ပါသည်။ အပင်ခြေပတ်ပတ်လည် ကောက်ရိုးမြက်ခြောက်များ ဖုံးပေးရန် လိုပါသည်။ ရေလောင်း
ပေးရန် လိုအပ်ပါသည်။ အပင်ငယ်စဉ် အညွန့်သစ်မထွက်မီအထိ အရိပ်လုပ်ပေးနိုင်ပါက ပိုသေချာပါသည်။ ဖူးကင်းဝင်
အသီးစတင်ချိန်တွင် ရေမှန်မှန်လောင်းပေးပါက တစ်နှစ်ပတ်လုံး အသီးသီးပါသည်။
အပင်ပြုစုထိန်းသိမ်းရာတွင် ဓာတ်မြေသြဇာ၊ သဘာဝမြေသြဇာ မှန်မှန်ကျွေးခြင်း၊ အပင်ပုံသဏ္ဌာန်မှန်အောင် ကိုင်းဖြတ်
ပုံသွင်းခြင်းများ ပုံမှန်ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ ဓာတ်မြေသြဇာ၊ သဘာဝမြေသြဇာများ ကျွေးရာတွင် အပင်ငယ်
သက်တမ်း နှစ်နှစ်မှ ငါးနှစ်၊ အပင်လတ်သက်တမ်း ငါးနှစ်မှ ရှစ်နှစ်၊ အပင်ကြီး (အသီးဖြိုင်ချိန်) ရှစ်နှစ်မှ ၁၅ နှစ်ဟူ၍ ခွဲခြား
ကျွေးသင့်ပါသည်။ ကျွေးရမည့်အချိန်မှာ မိုးဦးတစ်ကြိမ် (မေ၊ ဇွန်)၊ မိုးလယ်တစ်ကြိမ် (သြဂုတ် - အောက်တိုဘာ)၊ မိုးနှောင်း
တစ်ကြိမ် (ဇန်နဝါရီ) ကျွေးရန်လိုပါသည်။
ဓာတ်မြေသြဇာ၊ သဘာဝမြေသြဇာကျွေးပြီးတိုင်း မိုးရာသီမဟုတ်ပါက၊ မိုးမရွာပါက ရေသွင်းရေလောင်းပေးပါက ပို၍ဖြစ်ထွန်း
ပါသည်။ ဓာတ်မြေသြဇာ၊ သဘာဝမြေသြဇာကို အပင်သက်တမ်း နှစ်နှစ်မှ ငါးနှစ် ကြားတွင် N:P:K အချိုး ၁၀း၁၀း၅ နို့ဆီဘူး
တစ်ဝက်လျှင် သဘာဝမြေသြဇာဆွေး ရှစ်ပြည်၊ ငါးနှစ်မှ ရှစ်နှစ်ကြားတွင် N:P:K အချိုး ၁၅း၁၅း၈ နို့ဆီတစ်ဘူးလျှင် သဘာဝ
မြေသြဇာဆွေး တစ်တင်းနှင့် ရှစ်နှစ်မှ ၁၅ နှစ်ကြားတွင် N:P:K အချိုး ၁၀း၃၀း၈ နို့ဆီတစ်ဘူးလျှင် သဘာဝမြေသြဇာဆွေး
နှစ်တင်းကျွေးသင့်ပါသည်။
ဓာတ်မြေသြဇာ၊ သဘာဝမြေသြဇာကျွေးခြင်းအပြင် ပေါင်းသင်ပေးခြင်း၊ အပင်ခြေမြေဆွပေးခြင်း၊ ရေလောင်းပေးခြင်း၊ ပိုးမွှား
ရောဂါ (သီးထိုးယင်နှင့် အကြေးပိုးပင်ညှိုးရောဂါ၊ ကျပ်ခိုးရောဂါ) များကို ပုံမှန်ကာကွယ်နှိမ်နင်းခြင်းကို ဆောင်ရွက်ပေးရန်
လိုအပ်သည်။ ကိုင်းဖြတ်ပုံသွင်းရာတွင် အပင်အမြင့် လေးပေခန့်အထိ မတ်မတ်ထောင်ရန် အပင်ခြေရင်းမှ ကိုင်းတက်များ၊
ဘေးတက်များ ဖြတ်တောက်ပေးရန် လိုပါသည်။ လေးပေအမြင့်ရောက်မှသာ သီးကိုင်းတက်များ မွေးမြူရန် လိုပါသည်။
ကိုင်းကြားတွင် အပေါ်ထောင်တက်သောကိုင်းများကို ဖြတ်ပေးရန် လိုပါသည်။ ဘေးတိုက်ထွက်သောကိုင်းများကို
အောက်သို့ ငိုက်မကျစေရန် အောက်မှ တုတ်ဖြင့် ထောက်၍ ၄၅ ဒီဂရီစောင်း၍ နေစေရန် ပြုပြင်ပေးရန် လိုအပ်သည်။
မာလကာသည် အစေ့မှစိုက်လျှင် လေးငါးနှစ်ကြာမှ သီးပါသည်။ ကိုင်းဆက်မြေထုပ်စည်းပင်ဆိုလျှင် တစ်နှစ်ခွဲ၊ နှစ်နှစ်
အတွင်း အသီးသီးပါသည်။ အစိုဓာတ်မြေသြဇာ အလုံအလောက်ရရှိနေပါက တစ်နှစ်ပတ်လုံး သီးပါသည်။ ၁၀ နှစ်မှ
၁၅ နှစ် သက်တမ်းအထိ သီးထွက်ကောင်းနေပါသည်။ ၎င်းင်းသက်တမ်းကျော်လျှင် အပင်သစ်လဲသင့်ပါသည်။ တစ်နှစ်
အတွင်း အများဆုံးအလုံး ၁၀၀၀ ခန့်အထိ သီးနိုင်ပါသည်။ တစ်နှစ်ပျမ်းမျှ အသီး ၂၀၀ မှ ၃၀၀ အထိသီးနိုင်ပါသည်။
သို့ပါ၍ အပိုဝင်ငွေရစေရန်မာလကာကို စီးပွားဖြစ် စိုက်ပျိုးသင့်ပါကြောင်း တိုက်တွန်းအပ်ပါသည်။
အောင်ဆန်း(စိုက်ပျိုးရေး)
မြန်မာတောင်သူကြီးများဂျာနယ်