ကားအများဆုံး ထုတ်တဲ့ (၆) နိုင်ငံ
automobiledirectory.com.mm
|
2020-05-05

တရားဝင် မျတ်တမ်းမှတ်ရာ စာရင်းများအရ ၂၀၁၈ ခုနှစ်မှာ ကမ္ဘာပေါ်မှာ

မော်တော်ယာဉ်စီးရေ ၉၅ သန်း ထုတ်လုပ်ခဲ့ပြီး အိမ်စီးကား စီးရေ သန်း ၇၀ နဲ့ လုပ်ငန်းသုံးကား စီးရေ ၂၅ သန်း ဖြစ်ပါတယ်။

ကားစီးရေ အများဆုံး ထုတ်လုပ်တဲ့ (၆) နိုင်ငံကို အများဆုံးမှ အနည်းဆုံးသို့ အစဉ်လိုက် ဖော်ပြအပ်ပါတယ်။


၁။ တရုတ်
၂။ အမေရိကန်ပြည်ထောင်စု
၃။ ဂျပန်
၄။ ဂျာမနီ
၅။ အိန်ဒိယ
၆။ တောင်ကိုရီးယား

တရုတ်နိုင်ငံ


ကမ္ဘာပေါ်မှာ ကားစီးရေ အများဆုံး ထုတ်လုပ်တဲ့ တရုတ်နိုင်ငံဟာ ၂၀၁၈ ခုနှစ်မှာ ကား စီးရေ ၂၅ သန်း ထုတ်လုပ်ခဲ့တယ်။ ကမ္ဘာ့ထုတ်လုပ်မှုရဲ့ ၂၈ % ခန့် ရှိပါတယ်။ ထုတ်လုပ်တဲ့ကား အများစုဟာ ပြည်တွင်းဈေးကွက်အတွက် ဖြစ်ပါတယ်။ စီးရေ ၃ ဒသမ ၄ သန်း ဟာ လုပ်ငန်းသုံးမော်တော်ယာဉ်တွေ ဖြစ်ပြီး ကျန်တဲ့ကားတွေအားလုံးဟာ အိမ်စီးကားတွေ ဖြစ်ပါတယ်။ အမေရိကန်နဲ့ ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေး စစ်ပွဲကြောင့် ၂၀၁၈ ခုနှစ် အနှောင်းပိုင်းကစလို့ ထုတ်လုပ်တဲ့ နှုန်း နှေးကွေးသွားတယ်။
အရောင်းပမာဏအရ ကြည့်ရင် SAIC Motor Corporation Ltd. ဟာ တရုတ်ပြည်မှာ အကြီးမားဆုံး မော်တော်ယာဉ် ထုတ်လုပ်သူ ဖြစ်ပါတယ်။


အမေရိကန်ပြည်ထောင်စု
အမေရိကန်နိုင်ငံမှာ ၂၀၁၈ ခုနှစ်မှာ အိမ်စီးကားနဲ့ လုပ်ငန်းသုံးယာဉ် စီးရေ ၁၂ သန်း ထုတ်လုပ်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ ကားထုတ်လုပ်မှုစီးရေ ဒုတိယအများဆုံး ဖြစ်ပါတယ်။ အိမ်စီးကား ထုတ်လုပ်မှုမှာ ဂျပန်နဲ့ ဂျာမနီတို့ထက် စီးရေ နည်းပါးပေမဲ့ လုပ်ငန်းသုံးမော်တော်ယဉ်တွေ ထုတ်လုပ်မှုမှာတော့ အမေရိကန်က သာပါတယ်။ ဂျပန်နိုင်ငံထက် ၅ ဆ ပိုများပြီး ဂျာမနီထက် ၂၄ ဆ ပိုများပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကားစီးရေ အများဆုံး ထုတ်လုပ်တဲ့ လုပ်ငန်းက General Motors Company (GM) ဖြစ်ပါတယ်။ Ford Motor Company နဲ့ Toyota Motor Corp. မတိမ်းမယိမ်းဖြင့် ဒုတိယနေရာမှာ ရှိပါတယ်။


ဂျပန်နိုင်ငံ
ဂျပန်နိုင်ငံက ၂၀၁၈ ခုနှစ်မှာ ကားစီးၕရ ကိုးသန်းခွဲ ထုတ်လုပ်ခဲ့ပါတယ်။ တရုတ်နိုင်ငံ ကားထုတ်လုပ်မှုဟာ တရုတ်နိုင်ငံ ပြည်တွင်းဈေးကွက်အတွက် ဖြစ်ပြီး ဂျပန်နိုင်ငံကတော့ ပြည်ပပို့ကုန် အဖြစ် ထုတ်လုပ်တင်ပို့မှု ပိုများပြားပါတယ်။ ပထမနေရာမှာ Toyota Motor Corp. ရှိနေပြီး ဒုတိယ အကြီးမားဆုံး ကားထုတ်လုပ်သူက Honda Motor Co. Ltd ဖြစ်ပါတယ်။ တတိယနေရာမှာ Nissan Motors နေရာယူထားပါတယ်။


ဂျာမနီနိုင်ငံ
ဂျာမနီနိုင်ငံရဲ့ ကားထုတ်လုပ်မှုစီးရေ ပမာဏဟာ ၂၀၁၈ ခုနှစ်မှာ ၆ သန်းအောက်မှာပဲ ရှိပါတယ်။ ထုတ်လုပ်တဲ့ ကားတွေရဲ့ လေးပုံတစ်ပုံကို ပြည်ပသို့ တင်ပို့ရောင်းချပါတယ်။
ထုတ်လုပ်မှု စီးရေအရကြည့်ရင် Volkswagen AG က ဦီးဆောင်နေပါတယ်။ အမှတ်တံဆိပ်အမည် အမျိုးမျိုးဖြင့် ထုတ်လုပ်လျက် ရှိရာ နာမည်ကျော် အိမ်စီးပြိုင်ကား Porsche တွေလည်း ပါဝင်ပါတယ်။
Mercedes-Benz က ဂျာမနီမှာ ဒုတိဘ စီးရေး အများဆုံး ထုတ်လုပ်သူ ဖြစ်ပါတယ်။
တတိယနေရာမှာ BMW ရှိနေပါတယ်။


အိန္ဒိယနိုင်ငံ
အိန္ဒိယမှာ ထုတ်လုပ်တဲ့ကားတွေဟာ ပြည်ပဈေးကွက်မှာ မထင်ရှားဘူး။ အိန္ဒိယနိုင်ငံ လူဦီးရေ တစ်ဘီလျံကျော်အတွက် ဦးတည်ထုတ်လုပ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ စီးရေ ၄ ဒသမ ၆ သန်း ထုတ်လုပ်ခဲ့တာမှာ ၈၂% ဟာ အိမ်စီးကားတွေ ဖြစ်ပါတယ်။ စီးရေ ၆ သိန်းခွဲ ပြည်ပတင်ပို့ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ကားအများဆုံးထုတ်လုပ်သူက Tata Motors Limited ဖြစ်ပါတယ်။


တောင်ကိုရီးယားနိုင်ငံ
၂၀၁၈ ခုနှစ်မှာ ကားစီးရေ ၄ သန်းခွဲ တောင်ကိုရီးယားမှာ ထုတ်လုပ်ခဲ့ပါတယ်။ ၄ ဒသမ ၁ သန်းက အိမ်စီးကားတွေ ဖြစ်ပါတယ်။ လုပ်ငန်းသုံးယာဉ် ၄ သိန်းကျော်မျှသာ ထုတ်လုပ်ခဲ့ပါတယ်။ ၆ ဒသမ ၂ ရာခိုင်နှုန်းကို ပြည်ပတင်ပို့ခဲ့ပါတယ်။
ကားအများဆုံး ထုတ်လုပ်သူကတော့ Hyundai Motor Co. ဖြစ်ပါတယ်။

investopedia.com

ကားအများဆုံး ထုတ်တဲ့ (၆) နိုင်ငံ


တရားဝင် မျတ်တမ်းမှတ်ရာ စာရင်းများအရ ၂၀၁၈ ခုနှစ်မှာ ကမ္ဘာပေါ်မှာ မော်တော်ယာဉ်စီးရေ ၉၅ သန်း ထုတ်လုပ်ခဲ့ပြီး အိမ်စီးကား စီးရေ သန်း ၇၀ နဲ့ လုပ်ငန်းသုံးကား စီးရေ ၂၅ သန်း ဖြစ်ပါတယ်။
ကားစီးရေ အများဆုံး ထုတ်လုပ်တဲ့ (၆) နိုင်ငံကို အများဆုံးမှ အနည်းဆုံးသို့ အစဉ်လိုက် ဖော်ပြအပ်ပါတယ်။


၁။ တရုတ်
၂။ အမေရိကန်ပြည်ထောင်စု
၃။ ဂျပန်
၄။ ဂျာမနီ
၅။ အိန္ဒိယ
၆။ တောင်ကိုရီးယား

တရုတ်နိုင်ငံ


ကမ္ဘာပေါ်မှာ ကားစီးရေ အများဆုံး ထုတ်လုပ်တဲ့ တရုတ်နိုင်ငံဟာ ၂၀၁၈ ခုနှစ်မှာ ကား စီးရေ ၂၅ သန်း ထုတ်လုပ်ခဲ့တယ်။ ကမ္ဘာ့ထုတ်လုပ်မှုရဲ့ ၂၈ % ခန့် ရှိပါတယ်။ ထုတ်လုပ်တဲ့ကား အများစုဟာ ပြည်တွင်းဈေးကွက်အတွက် ဖြစ်ပါတယ်။ စီးရေ ၃ ဒသမ ၄ သန်း ဟာ လုပ်ငန်းသုံးမော်တော်ယာဉ်တွေ ဖြစ်ပြီး ကျန်တဲ့ကားတွေအားလုံးဟာ အိမ်စီးကားတွေ ဖြစ်ပါတယ်။ အမေရိကန်နဲ့ ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေး စစ်ပွဲကြောင့် ၂၀၁၈ ခုနှစ် အနှောင်းပိုင်းကစလို့ ထုတ်လုပ်တဲ့ နှုန်း နှေးကွေးသွားတယ်။
အရောင်းပမာဏအရ ကြည့်ရင် SAIC Motor Corporation Ltd. ဟာ တရုတ်ပြည်မှာ အကြီးမားဆုံး မော်တော်ယာဉ် ထုတ်လုပ်သူ ဖြစ်ပါတယ်။


အမေရိကန်ပြည်ထောင်စု
အမေရိကန်နိုင်ငံမှာ ၂၀၁၈ ခုနှစ်မှာ အိမ်စီးကားနဲ့ လုပ်ငန်းသုံးယာဉ် စီးရေ ၁၂ သန်း ထုတ်လုပ်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ ကားထုတ်လုပ်မှုစီးရေ ဒုတိယအများဆုံး ဖြစ်ပါတယ်။ အိမ်စီးကား ထုတ်လုပ်မှုမှာ ဂျပန်နဲ့ ဂျာမနီတို့ထက် စီးရေ နည်းပါးပေမဲ့ လုပ်ငန်းသုံးမော်တော်ယဉ်တွေ ထုတ်လုပ်မှုမှာတော့ အမေရိကန်က သာပါတယ်။ ဂျပန်နိုင်ငံထက် ၅ ဆ ပိုများပြီး ဂျာမနီထက် ၂၄ ဆ ပိုများပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကားစီးရေ အများဆုံး ထုတ်လုပ်တဲ့ လုပ်ငန်းက General Motors Company (GM) ဖြစ်ပါတယ်။ Ford Motor Company နဲ့ Toyota Motor Corp. မတိမ်းမယိမ်းဖြင့် ဒုတိယနေရာမှာ ရှိပါတယ်။


ဂျပန်နိုင်ငံ
ဂျပန်နိုင်ငံက ၂၀၁၈ ခုနှစ်မှာ ကားစီးၕရ ကိုးသန်းခွဲ ထုတ်လုပ်ခဲ့ပါတယ်။ တရုတ်နိုင်ငံ ကားထုတ်လုပ်မှုဟာ တရုတ်နိုင်ငံ ပြည်တွင်းဈေးကွက်အတွက် ဖြစ်ပြီး ဂျပန်နိုင်ငံကတော့ ပြည်ပပို့ကုန် အဖြစ် ထုတ်လုပ်တင်ပို့မှု ပိုများပြားပါတယ်။ ပထမနေရာမှာ Toyota Motor Corp. ရှိနေပြီး ဒုတိယ အကြီးမားဆုံး ကားထုတ်လုပ်သူက Honda Motor Co. Ltd ဖြစ်ပါတယ်။ တတိယနေရာမှာ Nissan Motors နေရာယူထားပါတယ်။


ဂျာမနီနိုင်ငံ
ဂျာမနီနိုင်ငံရဲ့ ကားထုတ်လုပ်မှုစီးရေ ပမာဏဟာ ၂၀၁၈ ခုနှစ်မှာ ၆ သန်းအောက်မှာပဲ ရှိပါတယ်။ ထုတ်လုပ်တဲ့ ကားတွေရဲ့ လေးပုံတစ်ပုံကို ပြည်ပသို့ တင်ပို့ရောင်းချပါတယ်။
ထုတ်လုပ်မှု စီးရေအရကြည့်ရင် Volkswagen AG က ဦီးဆောင်နေပါတယ်။ အမှတ်တံဆိပ်အမည် အမျိုးမျိုးဖြင့် ထုတ်လုပ်လျက် ရှိရာ နာမည်ကျော် အိမ်စီးပြိုင်ကား Porsche တွေလည်း ပါဝင်ပါတယ်။
Mercedes-Benz က ဂျာမနီမှာ ဒုတိဘ စီးရေး အများဆုံး ထုတ်လုပ်သူ ဖြစ်ပါတယ်။
တတိယနေရာမှာ BMW ရှိနေပါတယ်။


အိန္ဒိယနိုင်ငံ
အိန္ဒိယမှာ ထုတ်လုပ်တဲ့ကားတွေဟာ ပြည်ပဈေးကွက်မှာ မထင်ရှားဘူး။ အိန္ဒိယနိုင်ငံ လူဦီးရေ တစ်ဘီလျံကျော်အတွက် ဦးတည်ထုတ်လုပ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ စီးရေ ၄ ဒသမ ၆ သန်း ထုတ်လုပ်ခဲ့တာမှာ ၈၂% ဟာ အိမ်စီးကားတွေ ဖြစ်ပါတယ်။ စီးရေ ၆ သိန်းခွဲ ပြည်ပတင်ပို့ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ကားအများဆုံးထုတ်လုပ်သူက Tata Motors Limited ဖြစ်ပါတယ်။


တောင်ကိုရီးယားနိုင်ငံ
၂၀၁၈ ခုနှစ်မှာ ကားစီးရေ ၄ သန်းခွဲ တောင်ကိုရီးယားမှာ ထုတ်လုပ်ခဲ့ပါတယ်။ ၄ ဒသမ ၁ သန်းက အိမ်စီးကားတွေ ဖြစ်ပါတယ်။ လုပ်ငန်းသုံးယာဉ် ၄ သိန်းကျော်မျှသာ ထုတ်လုပ်ခဲ့ပါတယ်။ ၆ ဒသမ ၂ ရာခိုင်နှုန်းကို ပြည်ပတင်ပို့ခဲ့ပါတယ်။
ကားအများဆုံး ထုတ်လုပ်သူကတော့ Hyundai Motor Co. ဖြစ်ပါတယ်။

investopedia.com


#ဂျာမနီ
#ဒသမ
#ထုတ်လုပ်သူ
#လုပ်ငန်းသုံးယာဉ်
#ဂျပန်

Some text some message..