ထူးထူးခြားခြား တရုတ်လူမျိုးများ
trend.com.mm
|
2020-05-18

ခေတ်မီ ဖွံ့ဖြိုးတိုးတတ်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း ရှေးရိုးဆန်တဲ့ အယူအဆတွေကို ဆက်လက်ကျင့်သုံးနေတဲ့ နိုင်ငံတွေထဲမှ တစ်ခုအပါအဝင်ဖြစ်ပါတယ်။တရုတ်အစားအစာကို နိုင်ငံခြားတိုင်းနီးပါး ကြိုက်နှစ်သက်ကြပြီး ရိုးရာနှစ်သစ်ကူးပွဲတော်ကိုလဲ ကမ္ဘာ့အနှံ့အပြားမှာ ဆင်နွှဲလေ့ရှိပါတယ်။ သို့ပေမယ့် တချို့အမူအကျင့်တွေကိုတော့ တရုတ်ပြည်တွင်းမှာသာ တွေ့ရတတ်ပြီး အလည်လာတဲ့ နိုင်ငံခြားသားတွေအတွက်တော့ ဗဟုသုတရဖွယ်ဖြစ်သလို၊ အထူးအဆန်းဖြစ်နေမှာပဲဖြစ်ပါတယ်။


၁) ထူးခြားတဲ့ အလှအပများ
ရှေးယခင်က တရုတ်လူမျိုးတွေက မိန်းကလေးတွေရဲ့ ခြေထောက်တွေကို ငယ်စဉ်ကတည်းက ကြာပန်းပုံစံ ဖိနပ်တွေမှာ တင်းကြပ်စွာ ချုပ်စည်းထားလေ့ရှိပါတယ်။ ၁၃ ရာစု တရုတ်ရိုးရာအရ ထိုသို့ ပြုလုပ်ခြင်းက အလှဆင်ခြင်းလို့ ခံယူထားကြပြီး ဒီလိုမျိုးပြုလုပ်တဲ့ အမျိုးသမီးတွေကလည်း အိမ်ထောင်ဖက်ကောင်းကို ရရှိတယ်လို့ ယုံကြည်ထားကြပါတယ်။ ယနေ့ခေတ်မှာတော့ ထိုသို့ပြုလုပ်ခြင်းကို ဆေးပညာအရ ကန့်ကွက်ထားပေမယ့်လည်း ကျေးလက်တောရွာများတွင် ပြုလုပ်နေကြသူတွေ ရှိနေပါသေးတယ်။



၂) ကံမကောင်းခြင်းနံပါတ်(၄)
အနောက်နိုင်ငံတိုင်းမျာ သတ်မှတ်ထားတဲ့ ကံဆိုးခြင်းနံပါတ်ကတော့ (၁၃) ဖြစ်ပေမယ့် တရုတ်နိုင်ငံကတော့ ကိုရီးယားနိုင်ငံလိုပဲ ကံမကောင်းခြင်းနံပါတ်ကို (၄)လို့ သတ်မှတ်ပါတယ်။



၃) ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အဖြူရောင်ဝတ်ဆင်ခြင်း
ကမ္ဘာ့အနှံ့အပြားက နိုင်ငံအများစုသည် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အနက်ရောင်ကို ဝတ်ဆင်ကြသော်လည်း တရုတ်နိုင်ငံမှာတော့ အဖြူရောင်ကို ဝတ်ဆင်ကြပြီး၊အသုံးပြုတဲ့ပန်းကိုလည်းအဖြူရောင်ပဲ အသုံးပြုပါတယ်။



၄) ကံကောင်းခြင်းလက်ဆောင် အနီရောင်
အနီရောင်ကတော့ တရုတ်လူမျိုးတွေရဲ့ ကံကောင်းခြင်းအရောင်လို့ သတ်မှတ်ပါတယ်။ ဒါကြောင့် တရုတ်လူမျိုးတွေက မင်္ဂလာဆောင်၊ ဂုဏ်ပြုပွဲနှင့် မွေးနေ့ပွဲစတဲ့ ပွဲတော်တွေမှာ အနီရောင်စာအိတ်ကို အသုံးပြုကြပြီး အနီရောင်က မကောင်းဆိုးဝါး(သို့) မကောင်းတဲ့ နိမိတ်တွေကို ပယ်ရှားပေးတယ်လို့ ယုံကြည်ကြပါတယ်။



၅) တူကိုင်ခြင်းအနုပညာ
နိုင်ငံတိုင်းရဲ့ အစားအသောက်စားသုံးခြင်း ဇွန်း၊ခက်ရင်းနှင့် ဓား စတာတွေကို အသုံးများပေမယ့်လဲ တရုတ်နိုင်ငံမှာတော့ တူကို ပဲအသုံးပြုပါတယ်။ ငယ်စဉ်ကတည်းက တူ ကိုင်ခြင်းကို သင်ကြားခံရသလို တူ တစ်စုံရဲ့ အရေးပါမှုနှင့် ရာဇဝင်ကိုပါ သင်ကြားပေးခံထားရသူတွေပါ။ဒီအချက်ကတော့ ကိုရီးယားနိုင်ငံနှင့် အတူတူပါပဲ။


Ref;chinese culture


#အနီရောင်
#တရုတ်
#နံပါတ်
#အထိမ်းအမှတ်
#ခက်ရင်း

Some text some message..