၂၀၁၃ခုနှစ်ကို ရောက်တော့ ခုနှစ်ရဲ့ အစွန်းထွက် နောက် ဆုံးဂဏန်းက ၁၃ ဖြစ်နေတာ ကြောင့်
တချို့နိုင်ငံတွေမှာ ကားနံပါတ်နဲ့ ပတ်သက်လို့ အစဉ် အလာကို ပြင်ဆင်ပေးရတာတွေ ရှိခဲ့ဖူးပါတယ်။
၁၃ ဂဏန်းဟာ ရေရှည်အကျိုး ပေးထက်သန်တဲ့ ဂဏန်းဖြစ်ပေမဲ့ နားလည်မှုလွဲမှားပြီး ၁၃ ကို ကံဆိုးစေတဲ့ဂဏန်းဆိုပြီး ရှောင် ကြပါတယ်။ သာမန်အယူသည်းတဲ့ အဆင့်မှ အကြောက်လွန်တဲ့အထိ ရှိပါတယ်။ ၁၃အကြောက်လွန် ခြင်းကို ထရစ်(စ်)ကိုင်ဒက်ကာ ဖိုဘီးယား (triskaidecaphobia) လို့ ကားလောကမှာ ခေါ်တွင်ကြ ပါတယ်။ ထရစ်(စ်) (tris)က “၃” လို့ ဆိုလိုတဲ့ ဂရိဝေါဟာရ ဖြစ်ပါ တယ်။ ကိုင် (kai) က “နှင့်” လို့ ပြောချင်တာပါ။ ဒက်ကာ (deca) က “၁၀”ကို ဆိုလိုပါတယ်။ ဒီတော့ “ထရစ်(စ်) ကိုင် ဒက်ကာ” ဆို တာက “၃ နှင့် ၁၀”လို့ ဆိုလိုတာ ကြောင့် ၃ နဲ့ ၁၀ ပေါင်းတော့ ၁၃ ပေါင်းလဒ် ရတာမို့ “ထရစ်(စ်) ကိုင် ဒက်ကာ” ဆိုတာက ၁၃ ကို ဆိုလိုပါတယ်။ ဖိုဘီးယား(phobia) က အကြောက်လွန်တာကို ပြော တာဖြစ်ပါတယ်။ ဒီတော့ ထရစ်(စ်) ကိုင် ဒက်ကာ ဖိုဘီးယားဟာ ၁၃ အကြောက်လွန်တာကို ဆိုလို ပါ တယ်။ တကယ်လို့များ အဲဒီ ၁၃ ဂဏန်းက သောကြာနေ့နဲ့ တွဲနေ ရင် ပိုဆိုးတယ်လို့ အယူသည်း ကြပါတယ်။
၁၃ကို ဆိုးတဲ့ဂဏန်းလို့ ယူဆ ကြတာကြောင့် ကားနံပါတ်မှာ ၁၃ ကြီးစိုးနေရင် လူမကြိုက်ကြလို့ ပြန်ရောင်းတဲ့အခါ မျက်နှာငယ် ရတယ်။ ဈေးကောင်းမရဘူး။ ဒါကြောင့် အိုင်ယာလန်မှာလည်း ကားနံပါတ်၁၃ ကို မနှစ်ခြိုက်ကြ ဘူး။ အိုင်ယာလန်ရဲ့ ကားနံပါတ် ပေးပုံပေးနည်းမှာ အစဂဏန်း နှစ် လုံးက ကားနံပါတ်ထုတ်ပေးတဲ့ ခုနှစ်ရဲ့ နောက်ဆုံးဂဏန်းနှစ်လုံးကို ဖော်ပြရပါတယ်။ ဥပမာအားဖြင့် ၂၀၁၁ ဆိုရင် ၁၁၊ ၂၀၁၂ ဆိုရင် ၁၂၊ ၂၀၁၃ဆိုရင် ၁၃ ဖြစ်ပါတယ်။ နံပါတ်ထုတ်ပေးတဲ့ အချိန်ကာလ ကို အလွယ်ဖြင့် သိနိုင်အောင် ယခုလို သတ်မှတ်ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။
၂၀၁၂ခုနှစ်ရောက်လာတော့ လာမယ့်နှစ်ဟာ ၂၀၁၃ဖြစ်လို့ ကားနံပါတ်တွေ ၁၃နဲ့ စရတော့ မယ်ဆိုတဲ့ စိုးရိမ်စိတ်တွေ စတင်ဖြစ်ပေါ်ခဲ့ကြပါတယ်။ ၂၀၁၃ ခုနှစ် တစ်နှစ်လုံး ၁၃ ဂဏန်းကို ရှောင်ချင်တာကြောင့် လူအများစု ကားမဝယ်ဘဲ နေကြလိမ့်မယ်လို့ ကားလောကမှာ ပူပန်မှုတွေ ဖြစ် ပေါ်ခဲ့ပါတယ်။ ကားအရောင်းအေး မှာကို စိုးရိမ်တာကြောင့် အစိုးရကို တင်ပြတောင်းဆိုခဲ့ကြရာမှာ အစိုးရမှ ကားနံပါတ်ပေးပုံစနစ်ကို ပြောင်းလဲပေးခဲ့ပါတယ်။ အစဉ်အလာအရ ခုနစ်ရဲ့ နောက်ဆုံး ဂဏန်း ၂ ခုကိုပဲ ကားနံပါတ်ရဲ့ အစဂဏန်း ၂ လုံးဖြင့် ဖော်ပြပါတယ်။ ဥပမာ ၁၉၉၉ ခုနှစ်ဆိုရင် ၉၉ ကို ယူပါတယ်။ ၂၁၀၃ ခုနှစ်ကိုတော့ ခြွင်းချက်အဖြစ် ဂဏန်း သုံးလုံးဖြင့် ဖော်ပြစေခဲ့ရတာ ဖြစ်ပါတယ်။၁၃ နဲ့ စရမယ့်အစား ၂၀၁၃ခုနှစ် ပထမ နှစ်ဝက်ကို ၁၃၁ဖြင့်လည်းကောင်း၊ ဒုတိယနှစ်ဝက်ကို ၁၃၂ ဖြင့် လည်းကောင်း အသုံးပြုဖို့ ပြင်ဆင်ချက် ပြဋ္ဌာန်းပေးလိုက်ပါတယ်။
အိုင်ယာလန်ရဲ့ ကားအရောင်း အဝယ် အနည်းအများပုံစံက တစ် မူထူးပါတယ်။ ကားအသစ် ဝယ်ယူ တဲ့သူတွေက ဇန်နဝါရီလကနေ ဧပြီလအတွင်း အဝယ်များကြ တယ်။ တစ်နှစ်တာ ကားအသစ် ဝယ်ယူမှုစုစုပေါင်းရဲ့ ၇၀%ကို နှစ်တစ်နှစ်ရဲ့ ပထမ ၄လ အတွင်း မှာ ဝယ်ကြတဲ့ ထုံးစံရှိပါတယ်။ မေလကစပြီး အရောင်းပါးသွား တာ နှစ်ကုန်တဲ့အထိ ဖြစ်ပါတယ်။ ဒီတော့ ဒုတိယနှစ်ဝက်မှာ ကား အရောင်းလုပ်ငန်းတွေ ငွေမလည် ကြတဲ့ ပြဿနာ ရှိနေတယ်။ တကယ်လို့ ကားနံပါတ်ကို ၁၃ နဲ့ စခိုင်းလိုက်ရင် ပထမ ၄ လမှာ ကတည်းက အရောင်းထိုင်းပြီး တစ်နှစ်လုံး ငွေမလည်ဘဲ အကျပ်ရိုက်နေမှာ ဖြစ်ပါတယ်။
အင်္ဂလန်မှာလည်း ရောက်ဆဲ ခုနှစ်ရဲ့ နောက်ဆုံး ဂဏန်း နှစ်လုံးဖြင့် နံပါတ်ပေးတဲ့စနစ် ရှိပါတယ်။ အစနံပါတ်အဖြစ် အသုံး မပြုဘဲ အက်္ခရာတွေကြား မှာ ညှပ်ပြီး ထည့်ပေးတယ်လို့ သိရပါတယ်။ ၂၀၁၃ခုနှစ်အတွက် ကားနံပါတ်တွေမှာ ၁၃ ဂဏန်းတွေ ပါဝင်မှာဖြစ်ပြီး အခြားနည်းလမ်း ဖြင့် အစားထိုးရှောင်ဖယ်ပေးခြင်း မပြုဘူးလို့ သိရပါတယ်။
၁၃ ဂဏန်းကို ဖော်မြူလာ ဝမ်း မှာလည်း အယူသည်းပါတယ်။ ဖော်မြူလာဝမ်း ချန်ပီယံ ပြိုင်ကားပြိုင်ပွဲမှာ ကားကိုယ်ထည် ပေါ်မှာ ဖော်ပြတဲ့ ပြိုင်ပွဲဝင်နံပါတ် တွေမှာ နံပါတ် ၁၃ ကို ချန်လှပ်ထားပါတယ်။ စာနဲ့ပေနဲ့ တရားဝင် ပြဋ္ဌာန်းပြီး တားမြစ် ထားတာ မဟုတ်ပေမဲ့ ထုံးတမ်း ဓလေ့အရ ချန်လှပ်ထားတာ ဖြစ် ပါတယ်။
ဖော်မြူလာဝမ်း ပြိုင်ကားပြိုင်ပွဲ သမိုင်းကြောင်းကို သမင်လည်ပြန် ကြည့်လိုက်တော့ ၁၉၂၀ ပြည့်လွန် နှစ်များမှာ ပြိုင်ပွဲဝင်နံပါတ် ၁၃ ဖြင့် ယှဉ်ပြိုင်တဲ့ကားတွေမှာ ယာဉ်တိုက် မှု ဖြစ်ပွားခဲ့တာ တွေ့ရပါတယ်။ ပထမ ယာဉ်တိုက်မှုမှာ ပြိုင်ကား မောင်းနှင်သူ ပေါလ်တောချီရဲ့ ပြိုင်ပွဲဝင်နံပါတ်က ၁၃ ဖြစ်ပြီး ပြိုင်ပွဲမှာ လမ်းဘေးချော်တောငေါ့ ပြီး သစ်ပင်ကို ဝင်အောင်းတာ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ ၁၉၂၅ခုနှစ် စက်တင်ဘာလမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ကား ပြိုင်တဲ့အဖွဲ့က ဒီလေ့ခ်ျ ဖြစ်ပြီး အခုလို အဖြစ်ဆိုးကြုံရတဲ့အတွက် ဆက်လက်ယှဉ်ပြိုင်နိုင်ခြင်း မရှိ တော့ဘဲ ပွဲမှ ထွက်လိုက်ရပါတယ်။
နောက်တစ်နှစ်မှာ ကျင်းပတဲ့ ဖော်မြူလာဝမ်းချန်ပီယံ ပြိုင် ကားပြိုင်ပွဲ ပွဲစဉ်တွေကျမှ ဒီလေ့ခ်ျ အဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒီအခါမှာလည်း ပြိုင်ပွဲဝင်နံပါတ် ၁၃ ဖြင့် ယှဉ်ပြိုင်ခဲ့ပါတယ်။ ပွဲစဉ်တွေ ယှဉ်ပြိုင်ခဲ့ရာမှာ ၁၉၂၆ခုနှစ် ဧပြီလမှာ နံပါတ် ၁၃ ပြိုင်ကားဟာ လမ်းဘေး အရံအတားကို ကျော်ပြီး ကား မှောက်ခဲ့ပါတယ်။ ပြိုင်ကားမောင်း သူ ပွဲချင်းပြီး သေဆုံးခဲ့ပြန်ပါတယ်။ ပက်လက်လန်နေတဲ့ကားအောက်မှာ ပိပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို ဒီလေ့ခ်ျအဖွဲ့မှာ ယာဉ် မောင်းသူ အသက်ဆုံးရှုံးရမှု နှစ် ကြိမ်ဖြစ်ပွားပြီးချိန်မှာ နံပါတ် ၁၃ ကို ပယ်ဂဏန်းအဖြစ် သတ်မှတ် လိုက်ကြပါတယ်။ အဲဒီလို သတ် မှတ်ထားပေမဲ့ ယှဉ်ပြိုင်တဲ့အဖွဲ့က သုံးချင်ပါတယ်ဆိုရင်တော့ ပေးသုံး ပါတယ်။ အက်ဖ်ဝမ်းလို့ အတို ကောက်အားဖြင့်လည်း ခေါ်ဝေါ် ရေးသားကြတဲ့ ဖော်မြူလာဝမ်း ပြိုင်ကားပြိုင်ပွဲ သမိုင်းမှာ ၁၉၆၃ ခုနှစ် ပွဲစဉ်တွေမှာ မက်္ကဆီကိုမှာ ကျင်းပတဲ့ပွဲမှာ တစ်ခါ၊ ၁၉၇၆ခုနှစ် မှာ ဗြိတိန်ရှိ ပြိုင်ကွင်းမှာ တစ်ခါ။ နံပါတ် ၁၃ဖြင့် နှစ်ကြိမ်ပြိုင်ဖူးတာ တွေ့ရပါတယ်။ မက္ကဆီကိုနိုင်ငံရှိ ပြိုင်ကွင်းမှာ မက္ကဆီကိုနိုင်ငံသား ဆိုလာလနာက နံပါတ် ၁၃ဖြင့် ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဗြိတိန်ရှိ ပြိုင်ကွင်းမှာတော့ အမျိုးသမီး ပြိုင်ကားမောင်းသူ ဂါလီကာက နံပါတ် ၁၃ ဖြင့် ဝင်ပြိုင်ခဲ့တာ ဖြစ် ပါတယ်။ နှစ်ဦးစလုံး ယာဉ်တိုက်မှု မရှိခဲ့ကြပါဘူး။
အဲဒီလို ဒီလေ့ခ်ျအဖွဲ့မှာ ယာဉ် မောင်းသူ အသက်ဆုံးရှုံးရမှု နှစ် ကြိမ်ဖြစ်ပွားပြီးချိန်မှာ နံပါတ် ၁၃ ကို ပယ်ဂဏန်းအဖြစ် သတ်မှတ် လိုက်ကြပါတယ်။ အဲဒီလို သတ် မှတ်ထားပေမဲ့ ယှဉ်ပြိုင်တဲ့အဖွဲ့က သုံးချင်ပါတယ်ဆိုရင်တော့ ပေးသုံး ပါတယ်။ အက်ဖ်ဝမ်းလို့ အတို ကောက်အားဖြင့်လည်း ခေါ်ဝေါ် ရေးသားကြတဲ့ ဖော်မြူလာဝမ်း ပြိုင်ကားပြိုင်ပွဲ သမိုင်းမှာ ၁၉၆၃ ခုနှစ် ပွဲစဉ်တွေမှာ မက္ကဆီကိုမှာ ကျင်းပတဲ့ပွဲမှာ တစ်ခါ၊ ၁၉၇၆ခုနှစ် မှာ ဗြိတိန်ရှိ ပြိုင်ကွင်းမှာ တစ်ခါ။ နံပါတ် ၁၃ဖြင့် နှစ်ကြိမ်ပြိုင်ဖူးတာ တွေ့ရပါတယ်။မက္ကဆီကိုနိုင်ငံရှိ ပြိုင်ကွင်းမှာ မက္ကဆီကိုနိုင်ငံသား ဆိုလာလနာက နံပါတ် ၁၃ဖြင့် ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဗြိတိန်ရှိ ပြိုင်ကွင်းမှာတော့ အမျိုးသမီး ပြိုင်ကားမောင်းသူ ဂါလီကာက နံပါတ် ၁၃ ဖြင့် ဝင်ပြိုင်ခဲ့တာ ဖြစ် ပါတယ်။ နှစ်ဦးစလုံး ယာဉ်တိုက်မှု မရှိခဲ့ကြပါဘူး။
ကောက်ချက်ချရင် ၁၃ မဟုတ်ဘဲ အသက်သေဆုံးတဲ့ ယာဉ်တိုက်မှုတွေ အများကြီး ရှိနေပေမဲ့ ၁၃ နဲ့ ပတ်သက်တဲ့ ယာဉ်တိုက်မှုတွေကိုတော့ ၁၃ နဲ့ တွဲပြီး သုံးသပ်ပြောဆိုကြလို့ ၁၃ ဟာ အကျည်းတန်းနေရတာ ဖြစ်ပါတယ်။
၂၀၁၃ခုနှစ်ကို ရောက်တော့ ခုနှစ်ရဲ့ အစွန်းထွက် နောက် ဆုံးဂဏန်းက ၁၃ ဖြစ်နေတာ ကြောင့် တချို့နိုင်ငံတွေမှာ ကားနံပါတ်နဲ့ ပတ်သက်လို့ အစဉ် အလာကို ပြင်ဆင်ပေးရတာတွေ ရှိခဲ့ဖူးပါတယ်။
၁၃ ဂဏန်းဟာ ရေရှည်အကျိုး ပေးထက်သန်တဲ့ ဂဏန်းဖြစ်ပေမဲ့ နားလည်မှုလွဲမှားပြီး ၁၃ ကို ကံဆိုးစေတဲ့ဂဏန်းဆိုပြီး ရှောင် ကြပါတယ်။ သာမန်အယူသည်းတဲ့ အဆင့်မှ အကြောက်လွန်တဲ့အထိ ရှိပါတယ်။ ၁၃အကြောက်လွန် ခြင်းကို ထရစ်(စ်)ကိုင်ဒက်ကာ ဖိုဘီးယား (triskaidecaphobia) လို့ ကားလောကမှာ ခေါ်တွင်ကြ ပါတယ်။ ထရစ်(စ်) (tris)က “၃” လို့ ဆိုလိုတဲ့ ဂရိဝေါဟာရ ဖြစ်ပါ တယ်။ ကိုင် (kai) က “နှင့်” လို့ ပြောချင်တာပါ။ ဒက်ကာ (deca) က “၁၀”ကို ဆိုလိုပါတယ်။ ဒီတော့ “ထရစ်(စ်) ကိုင် ဒက်ကာ” ဆို တာက “၃ နှင့် ၁၀”လို့ ဆိုလိုတာ ကြောင့် ၃ နဲ့ ၁၀ ပေါင်းတော့ ၁၃ ပေါင်းလဒ် ရတာမို့ “ထရစ်(စ်) ကိုင် ဒက်ကာ” ဆိုတာက ၁၃ ကို ဆိုလိုပါတယ်။ ဖိုဘီးယား(phobia) က အကြောက်လွန်တာကို ပြော တာဖြစ်ပါတယ်။ ဒီတော့ ထရစ်(စ်) ကိုင် ဒက်ကာ ဖိုဘီးယားဟာ ၁၃ အကြောက်လွန်တာကို ဆိုလို ပါ တယ်။ တကယ်လို့များ အဲဒီ ၁၃ ဂဏန်းက သောကြာနေ့နဲ့ တွဲနေ ရင် ပိုဆိုးတယ်လို့ အယူသည်း ကြပါတယ်။
၁၃ကို ဆိုးတဲ့ဂဏန်းလို့ ယူဆ ကြတာကြောင့် ကားနံပါတ်မှာ ၁၃ ကြီးစိုးနေရင် လူမကြိုက်ကြလို့ ပြန်ရောင်းတဲ့အခါ မျက်နှာငယ် ရတယ်။ ဈေးကောင်းမရဘူး။ ဒါကြောင့် အိုင်ယာလန်မှာလည်း ကားနံပါတ်၁၃ ကို မနှစ်ခြိုက်ကြ ဘူး။ အိုင်ယာလန်ရဲ့ ကားနံပါတ် ပေးပုံပေးနည်းမှာ အစဂဏန်း နှစ် လုံးက ကားနံပါတ်ထုတ်ပေးတဲ့ ခုနှစ်ရဲ့ နောက်ဆုံးဂဏန်းနှစ်လုံးကို ဖော်ပြရပါတယ်။ ဥပမာအားဖြင့် ၂၀၁၁ ဆိုရင် ၁၁၊ ၂၀၁၂ ဆိုရင် ၁၂၊ ၂၀၁၃ဆိုရင် ၁၃ ဖြစ်ပါတယ်။ နံပါတ်ထုတ်ပေးတဲ့ အချိန်ကာလ ကို အလွယ်ဖြင့် သိနိုင်အောင် ယခုလို သတ်မှတ်ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။
၂၀၁၂ခုနှစ်ရောက်လာတော့ လာမယ့်နှစ်ဟာ ၂၀၁၃ဖြစ်လို့ ကားနံပါတ်တွေ ၁၃နဲ့ စရတော့ မယ်ဆိုတဲ့ စိုးရိမ်စိတ်တွေ စတင်ဖြစ်ပေါ်ခဲ့ကြပါတယ်။ ၂၀၁၃ ခုနှစ် တစ်နှစ်လုံး ၁၃ ဂဏန်းကို ရှောင်ချင်တာကြောင့် လူအများစု ကားမဝယ်ဘဲ နေကြလိမ့်မယ်လို့ ကားလောကမှာ ပူပန်မှုတွေ ဖြစ် ပေါ်ခဲ့ပါတယ်။ ကားအရောင်းအေး မှာကို စိုးရိမ်တာကြောင့် အစိုးရကို တင်ပြတောင်းဆိုခဲ့ကြရာမှာ အစိုးရမှ ကားနံပါတ်ပေးပုံစနစ်ကို ပြောင်းလဲပေးခဲ့ပါတယ်။ အစဉ်အလာအရ ခုနစ်ရဲ့ နောက်ဆုံး ဂဏန်း ၂ ခုကိုပဲ ကားနံပါတ်ရဲ့ အစဂဏန်း ၂ လုံးဖြင့် ဖော်ပြပါတယ်။ ဥပမာ ၁၉၉၉ ခုနှစ်ဆိုရင် ၉၉ ကို ယူပါတယ်။ ၂၁၀၃ ခုနှစ်ကိုတော့ ခြွင်းချက်အဖြစ် ဂဏန်း သုံးလုံးဖြင့် ဖော်ပြစေခဲ့ရတာ ဖြစ်ပါတယ်။၁၃ နဲ့ စရမယ့်အစား ၂၀၁၃ခုနှစ် ပထမ နှစ်ဝက်ကို ၁၃၁ဖြင့်လည်းကောင်း၊ ဒုတိယနှစ်ဝက်ကို ၁၃၂ ဖြင့် လည်းကောင်း အသုံးပြုဖို့ ပြင်ဆင်ချက် ပြဋ္ဌာန်းပေးလိုက်ပါတယ်။
အိုင်ယာလန်ရဲ့ ကားအရောင်း အဝယ် အနည်းအများပုံစံက တစ် မူထူးပါတယ်။ ကားအသစ် ဝယ်ယူ တဲ့သူတွေက ဇန်နဝါရီလကနေ ဧပြီလအတွင်း အဝယ်များကြ တယ်။ တစ်နှစ်တာ ကားအသစ် ဝယ်ယူမှုစုစုပေါင်းရဲ့ ၇၀%ကို နှစ်တစ်နှစ်ရဲ့ ပထမ ၄လ အတွင်း မှာ ဝယ်ကြတဲ့ ထုံးစံရှိပါတယ်။ မေလကစပြီး အရောင်းပါးသွား တာ နှစ်ကုန်တဲ့အထိ ဖြစ်ပါတယ်။ ဒီတော့ ဒုတိယနှစ်ဝက်မှာ ကား အရောင်းလုပ်ငန်းတွေ ငွေမလည် ကြတဲ့ ပြဿနာ ရှိနေတယ်။ တကယ်လို့ ကားနံပါတ်ကို ၁၃ နဲ့ စခိုင်းလိုက်ရင် ပထမ ၄ လမှာ ကတည်းက အရောင်းထိုင်းပြီး တစ်နှစ်လုံး ငွေမလည်ဘဲ အကျပ်ရိုက်နေမှာ ဖြစ်ပါတယ်။
အင်္ဂလန်မှာလည်း ရောက်ဆဲ ခုနှစ်ရဲ့ နောက်ဆုံး ဂဏန်း နှစ်လုံးဖြင့် နံပါတ်ပေးတဲ့စနစ် ရှိပါတယ်။ အစနံပါတ်အဖြစ် အသုံး မပြုဘဲ အက်္ခရာတွေကြား မှာ ညှပ်ပြီး ထည့်ပေးတယ်လို့ သိရပါတယ်။ ၂၀၁၃ခုနှစ်အတွက် ကားနံပါတ်တွေမှာ ၁၃ ဂဏန်းတွေ ပါဝင်မှာဖြစ်ပြီး အခြားနည်းလမ်း ဖြင့် အစားထိုးရှောင်ဖယ်ပေးခြင်း မပြုဘူးလို့ သိရပါတယ်။
၁၃ ဂဏန်းကို ဖော်မြူလာ ဝမ်း မှာလည်း အယူသည်းပါတယ်။ ဖော်မြူလာဝမ်း ချန်ပီယံ ပြိုင်ကားပြိုင်ပွဲမှာ ကားကိုယ်ထည် ပေါ်မှာ ဖော်ပြတဲ့ ပြိုင်ပွဲဝင်နံပါတ် တွေမှာ နံပါတ် ၁၃ ကို ချန်လှပ်ထားပါတယ်။ စာနဲ့ပေနဲ့ တရားဝင် ပြဋ္ဌာန်းပြီး တားမြစ် ထားတာ မဟုတ်ပေမဲ့ ထုံးတမ်း ဓလေ့အရ ချန်လှပ်ထားတာ ဖြစ် ပါတယ်။
ဖော်မြူလာဝမ်း ပြိုင်ကားပြိုင်ပွဲ သမိုင်းကြောင်းကို သမင်လည်ပြန် ကြည့်လိုက်တော့ ၁၉၂၀ ပြည့်လွန် နှစ်များမှာ ပြိုင်ပွဲဝင်နံပါတ် ၁၃ ဖြင့် ယှဉ်ပြိုင်တဲ့ကားတွေမှာ ယာဉ်တိုက် မှု ဖြစ်ပွားခဲ့တာ တွေ့ရပါတယ်။ ပထမ ယာဉ်တိုက်မှုမှာ ပြိုင်ကား မောင်းနှင်သူ ပေါလ်တောချီရဲ့ ပြိုင်ပွဲဝင်နံပါတ်က ၁၃ ဖြစ်ပြီး ပြိုင်ပွဲမှာ လမ်းဘေးချော်တောငေါ့ ပြီး သစ်ပင်ကို ဝင်အောင်းတာ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ ၁၉၂၅ခုနှစ် စက်တင်ဘာလမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ကား ပြိုင်တဲ့အဖွဲ့က ဒီလေ့ခ်ျ ဖြစ်ပြီး အခုလို အဖြစ်ဆိုးကြုံရတဲ့အတွက် ဆက်လက်ယှဉ်ပြိုင်နိုင်ခြင်း မရှိ တော့ဘဲ ပွဲမှ ထွက်လိုက်ရပါတယ်။
နောက်တစ်နှစ်မှာ ကျင်းပတဲ့ ဖော်မြူလာဝမ်းချန်ပီယံ ပြိုင် ကားပြိုင်ပွဲ ပွဲစဉ်တွေကျမှ ဒီလေ့ခ်ျ အဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒီအခါမှာလည်း ပြိုင်ပွဲဝင်နံပါတ် ၁၃ ဖြင့် ယှဉ်ပြိုင်ခဲ့ပါတယ်။ ပွဲစဉ်တွေ ယှဉ်ပြိုင်ခဲ့ရာမှာ ၁၉၂၆ခုနှစ် ဧပြီလမှာ နံပါတ် ၁၃ ပြိုင်ကားဟာ လမ်းဘေး အရံအတားကို ကျော်ပြီး ကား မှောက်ခဲ့ပါတယ်။ ပြိုင်ကားမောင်း သူ ပွဲချင်းပြီး သေဆုံးခဲ့ပြန်ပါတယ်။ မှောက်နေတဲ့ကားအောက်မှာ ပိပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။