ထွက်တိုးသို့ မေးမြန်းလာသော တောင်သူ့အခက်အခဲများ
thefarmermedia.com
|
2020-05-21


သရက်သီးတွေ အပင်ပေါ်မှာတင် အက်ကွဲကုန်တာ ဘယ်လိုလုပ်ရမလဲဗျ။
သရက်သီးကွဲစေတဲ့ အကြောင်းအရင်းကတော့ အသီးကြီးထွားမှု နောက်ပိုင်းအချိန်မှာ ရေသွင်းများခြင်း၊ အာဟာရလွန်ကဲစွာ
ထည့်သွင်းပေးခြင်းတို့ကြောင့် ဖြစ်ပါတယ်။ အသီးကြီးထွားနေစဉ်မှာ အပူ၊အအေးမညီမျှခြင်း၊ ကယ်ဆီယမ်ဓာတ်(Ca)စုပ်ယူမှု
အားနည်းခြင်း တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အသီးရင့်မှည့်ခါနီး အချိန်မှာ အကြိမ်အရေအတွက် နည်းနည်းပဲရေသွင်းပါ။
အပင်အတွက် လိုအပ်တဲ့အာဟာရကို တစ်ပြိုင်နက် အများကြီး မကျွေးပါနှင့်။ ကယ်ဆယမ်ီ ချို့တဲ့မှုမဖြစ်အောင် ကျောက်မှုန်
့မြေဩဇာကို သီးပွင့်ဝင်ကတည်းက ထည့်ပေးပါ။ သီးကင်းဝင်ချိန်မှာ ပိုးသတ်ဆေး ဖျန်းပေးပါ။ ပြီးနောက် သရက်သီးကကြက်ဥ
အရွယ်အစားလောက်ရောက်ရင် အိတ်စွပ်ပေးပါ။


ငရုတ်ရွက်သေးထိုးတာ ဘာကြောင့်လဲ။
ငရုတ်ရွက်သေးထိုးရခြင်းကတော့ ဇင့်ဓာတ်ချို့တဲ့ခြင်း၊ အခြားသော အာဟာရဓာတ်များဖြစ်တဲ့ ကယ်ဆီယမ်၊ မက်ဂနီဆီယမ်၊
ဆာလဖာ ၊ မန်းဂနီးစ်၊ ဘိုရွန် ချို့တဲ့လွန်းရင် ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အညွန့်မှာ လှေးပိုး ကျရင်လည်းဖြစ်တက်ပါတယ်။ ဒါကြောင့်
အပင်ကို လှေးပိုး၊ စုပ်စားပိုး ရှိ၊မရှိကို စစ်ဆေးပေးပါ။ စုပ်စားပိုး ကျရောက်ပါက စုပ်စားပိုးကာကွယ်ဆေးများဖြစ်တဲ့ အေမီဒါကလို
ပရစ်၊ ကာတက်ဟိုက်ထရိုကလိုရိုက်၊(အီမာမက်တင်ဘန်ဇိုအိတ်+လန်ဒါဆိုင်ဟေလိုသရင်)၊ (အဆီတာမီပရစ်+လန်ဒါဆိုင်
ဟေလိုသရင်)ဆေးများကို အညွှန်းအတိုင်းအသုံးပြု၍အလှည့်ကျသုံးစွဲပါ။ စုပ်စားပိုးသတ်ဆေးဖျန်းပြီး ၅ ရက်ကြာရင် အနဲလို
အာဟာရရွက်ဖျန်းအားဆေးဖျန်းပေးပါ။
 


မိုးတွင်းစိုက်ပျိုးချိန် စပါးခင်းထဲမှာသကန်နှင့် ရေညှိကအများကြီးပေါက်တယ်။ ဘယ်လိုတွေ ဆောင်ရွက်သင့်သလဲ။
စိုက်ခင်းမှ သကန် ရေညှိုတွေရှိနေရင်တော့ အတက်နိုင်ဆုံး ပုလဲ၊ တီဆူပါ ကျွေးချင်းကို လျှော့ချပါ။ ဒါမှမဟုတ်  ရှောင်ကျဉ်ပါ။
စပါးသက်တမ်း ၁၅ ရက်ကျော်သွားရင်တော့ ဂျစ်ပဆန်ကျောက်မှုန့်မြေဩဇာထည့်ပေးပါ။ မြေပြင်ချိန်ဆိုရင်တော့ ထုံးထည့်ပေး
ပါ။ စပါးခင်းကို အကြာကြီး ရေမလှောင်ထားပါနှင့်။ ရေသွင်း၊ ရေထုတ်ကို မပြတ်ပြုလုပ်ပေးပါ။


ကျွန်တော် အိမ်ကပန်းပင်လေးတွေရော၊ သီးပင်စားပင်လေးတွေရောကို ခရုတွေက ကိုက်ပြီး စားပြစ်လို့ ဘယ်လိုလုပ်ရမလဲ
အကြံပေးပါဦး။
အပင်ပတ်လည် သဲဖြူးထားပေးပါ။ဒါမှမဟုတ် ကြက်ဥခွံကို ချေပြီး ဝိုင်းထားပေးပါ။ အပင်ရဲ့ပတ်ပတ်လည်မှာ သဲဖြူးထားမယ်
ဆိုရင် ခရု၊ ပက်ကျိတွေအတွက် သွားလာဖို့ ခက်ခဲတာကြောင့်  အပင်ဆီကို မလာနိုင်အောင် ဟန့်တားတဲ့ အနေနဲ့သုံးလို့ရပါတယ်။
ကြက်ဥခွံက အပင်အတွက် လိုအပ်တဲ့ ကယ်ဆီယမ်ဓာတ်ကို ထောက်ပံ့ပေးနိုင်သလို ခရု၊ ပက်ကျိတွေ မလာနိုင်အောင်လည်း
တားဆီးပေးပါတယ်။


သခွားသီးလေးတွေခါးနေတယ်။ ဘယ်လိုလုပ်ရမလဲဗျာ။
သခွားသီးခါးရတဲ့ အဓိကအကြောင်းရင်းက အပူချိန်များလွန်းခြင်းပါ။ပူလွန်းတဲ့အခါ သခွားပင်ဟာ အပူဒဏ်(heat stress)ကိုခံရပြီး
အခါးဓာတ်ကို ထုတ်ပါတော့တယ်။ အပူဒဏ်များများခံရလေ အခါးဓာတ်များများထုတ်လေပါပဲ။ သခွားပင်ကိုရေပေးတဲ့အခါ နည်းလိုက်၊
များလိုက်(ရေငတ်ခြင်း၊ရေဝပ်ခြင်း)ဖြစ်မယ်ဆိုရင် သခွားပင်အတွက် ဖိစီးမှု (stress) ဖြစ်ပြီး သခွားသီးတွေ ခါးတတ်ပါတယ်။ သခွားပင်
သက်တမ်းအတွင်း ရာသီဥတုပူလွန်းခြင်းနဲ့ အေးလွန်းခြင်းကိုကြုံရရင်လည်းသခွားသီးတွေကို ခါးစေပါတယ်။ တချို့သခွားမျိုးတွေမှာ
ခါးတဲ့ဗီဇ(gene)ပင်ကိုယ်အတိုင်းပါလာလို့ ခါးတာလည်း ရှိပါတယ်။


#သခွား
#သခွားသီး
#ပက်ကျိ
#ရွက်သေး
#အပင်

Some text some message..