ကျားနှစ်ဖွား အဟော
trend.com.mm
|
2020-06-02

၁၈၉ဝ၊ ၁၉ဝ၂၊ ၁၉၁၄၊ ၁၉၂၆၊ ၁၉၃၈၊ ၁၉၅ဝ၊ ၁၉၆၂၊ ၁၉၇၄၊ ၁၉၈၆၊၁၉၉၈၊၂၀၁ဝ၊၂ဝ၂၂ ခုနှစ်ဖွားများသည် ကျားနှစ်ဖွားများ ဖြစ်သည်။
ကျားနှစ်ဖွားများသည် တရုတ်အယူအရ ယန်းရာသီနှစ်ဖြစ်၍ အမဓါတ်ဖြစ်သော အလင်းရောင် နွေးထွေးခြင်းနှင့် လုပ်ငန်းဆောင်တာများကို ကိုယ်စားပြုသည်။
ကျားနှစ်ဖွားများသည် ခွန်အားနှင့် ပြည့်စုံ၍ စိတ်ဓါတ်ပြင်းထန် တက်ကြွကြပြီး တစ်ခါတစ်ရံ ရန်လိုတတ်သော သဘာဝရှိရုံမက ခက်ထန်ကြမ်းကြုတ်သော သဘောများလည်း ရှိတတ်သည်။ ညပိုင်းမွေးသူများအဖို့ ရန်လိုတတ်သော သဘာ၀ ပိုမိုပြင်းထန် စူးရှတတ်သည်။ ယင်းတို့သည် မိမိကိုယ်ကိုလည်း အလွန်အထင်ကြီးသူများ ဖြစ်သည်။ အုပ်ချုပ်စိုးမိုးသူကို တော်လှန်လိုသူများလည်း ဖြစ်သည်။ စိတ်လွတ်ကိုယ်လွတ် လုပ်တတ်ကြသည်။

ကျားနှစ်ဖွား အမျိုးသမီးများသည် သူတစ်ပါးအား စွဲဆောင်နိုင်စွမ်း ရှိသည်။ ယင်းတို့သည် ဥစ္စာပစ္စည်း မမက်မောသော်လည်း ခေါင်းမာတတ်သည်။ ရှေးရိုးစဉ်လာ ထုံးတမ်းများနှင့် လုပ်ရိုးလုပ်စဉ် ဓလေ့များကို တော်လှန်တတ်သည်။ ကျားနှစ်ဖွားများသည် အများနှင့် ဆက်ဆံရာတွင် ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသားရှိပြီး ပြဿနာကို တည့်တည့်ကြည့်ရှု သုံးသပ်တတ်ပေသည်။ ယင်းတို့တွင် ကြင်နာနွေးထွေးသော နှလုံးသား ရှိတတ်ပြီး အပိုဖြုန်းတီးမှုလည်း ကင်းပေသည်။
ကျားနှစ်ဖွားသော အမျိုးသားများသည် လှိုက်လှိုက်လှဲလှဲ ချစ်တတ်သည်။ ထိုနည်းတူ သူ့ကိုလည်း သစ္စရှိရှိ ပြန်ချစ်စေချင်သည်။ စီးပွားရေး၌ တစ်ကိုယ်တော်သမားဖြစ်၍ တပါးသူသြဇာကို နာခံလိုစိတ်မရှိ၊ ငွေများများရှာတတ်၍ ငွေများများ သုံးဖြုန်းတတ်သည်။ ယင်းတို့သည် များသောအားဖြင့် စစ်ဘက်၌ဖြစ်စေ လူသူမပေါက်ရောက်သည့် နေရာမျိုးကို သွားရောက်လေ့လာရေး၌ဖြစ်စေ အောင်မြင်နိုင်မည်။

“ကျားတစ်ကောင်၏ အရိပ်အယောင်ကို မြင်ရရုံဖြင့် မြွေတစ်ကောင်သည် ဓါးရှခံရသလို နာကျင်တတ်သည်” ဟူသော တရုတ်စကားပုံအလိုအရ ကျားနှစ်ဖွားများသည် မြွေနှစ်ဖွားသူများကို လက်မထပ်သင့်ပေ။ မျောက်၊ နွားနှစ်ဖွားများနှင့်လည်း မသင့်ပေ။ ကျားနှစ်ဖွားများသည် မြင်း၊ ခွေး၊ နဂါး ၊ ဝက်နှစ်ဖွားများနှင့် အိမ်ထောင်ဘက် ပြုသင့်သည်။ ကျားနှစ်ဖွားများအတွက် အသင့်တော်ဆုံး ဖူးစာရှင်များမှာ ဝက်နှစ်ဖွားများ ဖြစ်ကြပေသည်။ ထင်ရှားသော ကျားနှစ်ဖွားများမှာ မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဟိုချီမင်း၊ မာကိုပိုလို၊ မာရီလင်မွန်ရိုး ၊ ကားလ်မတ်စ်၊ ပြင်သစ်သမ္မတဟောင်း ဒီဂေါ၊ အော်စကာဝိုင်း၊ နယ်သာလန် ဘုရင်မကြီးဘီထရစ်၊ ဗီသိုဗင်၊ အက်ဂါသာ ခရစ္စတီး၊ တွမ်ခရုစ်၊ ဗြိတိန် ဒုတိယမြောက် အယ်လစ်ဇဘတ် ဘုရင်မကြီး၊ ဖရက်ဒရစ်ဖော့ဆက်၊ ဆာဒေးဗစ်စတီး၊ လော့ဒ်အိုဝင်တို့ ဖြစ်ကြသည်။

[ Unicode ]

Ref; chinese_zodiac

#ယင်းတို့
#ဖူးစာ
#စကားပုံ
#အယူ
#ဘုရင်မ

Some text some message..