ကမ္ဘာတဝှမ်းမှာရှိတဲ့ Honeymoon ထွက်ဖို့ အကောင်းဆုံးနေရာ ၅ ခု
lifestylemyanmar.com
|
2020-06-11



နှစ်ယောက်တဘဝကို စပြီးတည်ဆောက်တဲ့ အချိန်မှာ တသက်တာလုံးအမှတ်တရဖြစ်နေစေဖို့ရည်ရွယ်ပြီး လက်ထပ်ပြီးကာစ ချစ်သူတွေဟာ ပျားရည်စမ်းခရီးထွက်လေ့ရှိပါတယ်။ နှစ်ယောက်အတူတူရုန်းကန်တည်ဆောက်ကြမယ့်ဘဝတခုကို အကောင်းဆုံးတည်ဆောက်နိုင်ဖို့အတွက် မစတင်ခင်မှာ ခေတ္တအနားယူအားဖြည့်တဲ့ ခရီးမျိုးလို့ ပြောလို့လည်းရပါတယ်။ ယခုဖော်ပြပေးတဲ့ နေရာဒေသတွေကတော့ ၂၀၁၉ ခုနှစ်အတွင်း လက်ထပ်ပြီးခါစ ချစ်သူစုံတွဲသွားရောက်လည်ပတ်ဖို့အတွက် ရှာဖွေမှုအများဆုံးနေရာဒေသတွေဘဲဖြစ်ပါတယ်။ သူတို့ဘာကြောင့် ဒီလိုနေလိုနေရာတွေကို ရှာဖွေကြတာလည်း၊ ဘာတွေထူးခြားမှုရှိလို့လည်းဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကာရစ်ဘီယံကျွန်းစုများ




ကမ္ဘာ့ကြီးရဲ့ အဝေး၊ လူတွေရဲ့ အဝေးမှာ လွတ်လွတ်လပ်လပ်နေချင်တဲ့ စိတ်ကူးရှိပြီး ကိုယ့်အိမ်မှာနေနေရသလို အဆင်ပြေပြေချောမွေ့မှုရှိတဲ့ နေရာဒေသဆိုရင်တော့ ကာရစ်ဘီယံကျွန်းစုတွေကအကောင်းဆုံးဖြစ်ပါတယ်လို့ ညွှန်းဆိုချင်ပါတယ်။ ဒီကျွန်းစုတွေဟာ ပျားရည်ဆမ်းခရီးထွက်တဲ့သူတွေ ကြိုက်နှစ်သက်မှုများပြားပြီး လှပသောကမ်းခြေများ၊ ဇိမ်ခံအပန်းဖြေစခန်းများနဲ့ စိတ်ဝင်စားစရာတွေပြည့်နှက်နေပါတယ်။ ကျွန်းတခုစီမှာလည်း သွားရေးလာရေးအဆင်ပြေစေဖို့အတွက် မော်တော်ဘုတ်တွေထားရှိပေးထားပါတယ်။

၂။ တဟီတီကျွန်းစုများ




ဆန်းကြယ်လှပသောကျွန်းစုများ၊ အရောင်အသွေးစုံလင်တဲ့ ပန်းပွင့်များ၊ ထူးခြားတဲ့လက်ဝတ်ရတနာတွေကို နှစ်သက်တတ်ရင်တော့ တဟီတီကျွန်းစုတွေဟာ ကမ္ဘာပေါ်မှာအကောင်းဆုံး ပျားရည်ဆမ်းခရီးထွက်ဖို့နေရာဖြစ်ပါတယ်လို့ ညွှန်းဆိုပါရစေ။ ဒီပြင်သစ် ပေါ်လီရှားနားကျွန်းတွေကို ကမ္ဘာပေါ်မှာရှိတဲ့ နတ်ဘုံနတ်နန်းတွေလို့ ညွှန်းဆိုကြပါတယ်။ ကမ်းခြေမှာ အနားယူခြင်း၊ တောင်တက်ခြင်း၊ ရေငုပ်ခြင်း၊ ကနူးလှေစီးခြင်း၊ မြင်းစီးခြင်းစတာတွေအပြင် ရဟတ်ယာဉ်ဖြင့် ကျွန်းစုတွေကို လှည့်ပတ်ကြည့်ရှုခြင်း၊ ဒေသခံပစ္စည်းအရောင်းဆိုင်တွေနဲ့ ပြတိုက်တွေကိုပါ သွားရောက်လည်ပတ်နိုင်ပါတယ်။

၃။ စိန့်လူစီယာကျွန်း



ကာရစ်ဘီယံပင်လယ်နဲ့ အတ္တလန္တိတ်သမုဒ္ဒရာတို့ဝန်းရံထားတဲ့ စိန့်လူစီယာမီးတောင်ကျွန်းဟာ ပင်လယ်အော်များ၊
လှပတဲ့ သန္တာကျောက်တန်းများနဲ့ သီးသန့်တည်ရှိနေပြီး နာမည်ကျော်ကြားတဲ့ကမ်းခြေတခုဖြစ်တဲ့ Anse des Pitons (Sugar Beach) လည်းရှိနေပါသေးတယ်။ ဒီမီးတောင်ကျွန်းမှာ သဘာဝအလှတရားများပြည့်နှက်လျက်ရှိပြီး လှပတဲ့ကမ်းခြေများ၊ စိမ်းလန်းစိုပြေတဲ့ တောတောင်ရှုခင်းများ၊ မိုးသစ်တောများလည်း တည်ရှိပါတယ်။ မိုးသစ်တောတွေထဲမှာ စိမ်းလန်းစိုပြေစွာပေါက်ရောက်နေတဲ့ သရက်ပင်၊ မာလကာပင်တွေကြားထဲကနေ ကန့်ကျောက်စမ်းရေတွင်းတွေဆီကို ခြေလျင်ခရီးဖြင့်သွားခြင်း၊ စက်ဘီးစီးခြင်း စသည်တို့ဖြင့်လည်း သွားရောက်လည်ပတ်နိုင်ပါတယ်။ နှစ်ပေါင်း ၁၀၀ သက်တမ်းရှိပြီဖြစ်တဲ့ အရောင်အသွေးစုံတဲ့ ထုတ်ကုန်များ၊ နံ့သာများနဲ့လက်မှုအနုပညာပစ္စည်းတွေကိုလည်းဝယ်ယူရရှိနိုင်ပါတယ်။

၄။ ဘာလီ




ကြည်လင်တောက်ပနေတဲ့ ရေပြင်၊ သန္တာကျောက်တန်းတွေ၊ ရှေးဟောင်းအနုပညာလက်ရာတွေနဲ့ အပူပိုင်းဒေသကမ်းခြေတွေဟာ ဘာလီကျွန်းရဲ့ ထင်ရှားတဲ့အချက်အလက်တွေဘဲဖြစ်ပါတယ်။ ပျားရည်စမ်းခရီးထွက်လာကြတဲ့ ချစ်သူစုံတွေအတွက်တော့ ဒီအင်ဒိုနီးရှားမှာတည်ရှိတဲ့ ဘာလီကျွန်းဟာ နိဗ္ဗာန်ဘုံတခုဘဲဖြစ်ပါတယ်။ သဘာဝရဲ့ အလှတရားများစွာနဲ့ လှပတဲ့ အနုပညာလက်ရာများ၊ နှစ်သက်မြတ်နိုးဖွယ်ရာ ဂီတအနုပညာများကြောင့်လည်း ဘာလီကျွန်းကို လူသိများကြပါတယ်။ ဒေသဆိုင်ရာယဉ်ကျေးမှုတွေနဲ့ လွှမ်းခြုံထားတဲ့ spa တွေဟာ ဒဏ်ရာအနာတရတွေကို ပျောက်ကင်းစေတယ်လို့လည်းနာမည်ကြီးတာမို့ သွားရောက်သင့်ပါတယ်လို့လည်း ညွှန်းဆိုကြပါတယ်။ နောက်ထပ်အံ့ဩဖွယ်ရာတခုကတော့ ရေအောက်ထဲက ဘုရားဆင်းတုတော်တွေ၊ နတ်ရုပ်တွေနဲ့ ရှေးဟောင်းလက်ရာတွေကိုလည်းရေငုပ်ပြီး ကြည့်ရှုလို့ရနိုင်ပါသေးတယ်။ ဒါ့အပြင် ဘာလီကျွန်းက ပင်လယ်ပြင်ဟာ ကျောက်ဆောင်၊ ကျောက်ခဲတွေလည်း နည်းပါးတာမို့ ဘုတ်ပြားတခုနဲ့ ပင်လယ်လှိုင်းစီးဖို့ အကောင်းဆုံးနေရာတခုလည်းဖြစ်ပါတယ်။

၅။ မော်ဒိုက်စ်




သီရိလင်္ကာအနောက်တောင်ဘက် အိန္ဒိယသမုဒ္ဒရာမှာရှိတဲ့ သန္တာကျောက်တန်းများနဲ့ဖွဲ့စည်းထားတဲ့ မော်ဒိုက်စ်ကျွန်းစုတွေဟာ အပန်းဖြေခရီးထွက်တဲ့သူတွေ၊ ပျားရည်ဆမ်းခရီးထွက်တဲ့သူတွေအတွက်တော့ တကယ့်ကို လှပသာယာတဲ့နေရာတခုဘဲဖြစ်ပါတယ်။ မော်ဒိုက်စ်ကျွန်းတွေကို ပျားရည်ဆမ်းခရီးထွက်တာဟာ ဘဝတသက်တာလုံးမှာ မေ့လို့မရတဲ့ခရီးစဉ်အဖြစ်စွဲကျန်ရစ်နေမှာပါ။ ရေပြင်ထဲမှာတည်ဆောက်ထားတဲ့ ဘန်ဂလိုတွေ၊ ကြည်လင်ပြာစိမ်းနေတဲ့ရေပြင်တွေ၊ လှပတဲ့ သန္တာကျောက်တန်းတွေ၊ နောက်တော့ ကမ္ဘာမှာနာမည်ကြီးတဲ့ ဘတ်ဟိုးကျွန်းက ကြယ်ပင်လယ်ကမ်းခြေကိုလည်း တဝကြီးခံစားလို့ရနိုင်ပါတယ်။ စုံတွဲအများစုက မော်ဒိုက်စ်ကို ပျားရည်ဆမ်းခရီးထွက်ချင်ကြတဲ့ အကြောင်းပြချက်တခုရှိပါတယ်။ အဲဒါကတော့ မော်ဒိုက်စ်ကိုပျားရည်ဆမ်းခရီးထွက်ရတာဟာ လိင်မှုစွမ်းအားတွေကိုပိုပြီးတက်ကြွစေတဲ့အတွက်လို့ ပြောကြပါတယ်။

ဒါကြောင့်မို့ ချစ်သူစုံတွဲတွေအတွက် ပျားရည်ဆမ်းခရီးထွက်ကြတော့မယ်ဆိုရင် တသက်တာအမှတ်တရအဖြစ်စွဲကျန်ရစ်စေဖို့အတွက် အကောင်းဆုံးနေရာတွေကိုဖော်ပြပေးလိုက်ပါတယ်။

#Lifestyle_Myanmar

#Dmo_aung

#Ref-wonderlist


#ပျားရည်ဆမ်းခရီး
#ကျွန်းစု
#ဘာလီ
#ရေပြင်
#နေရာဒေသ

Some text some message..