
ဒီတစ်ခါမှာတော့ 1995 ခုနှစ်မှာ မွေးဖွားခဲ့ကြတဲ့ ကိုရီးယားရဲ့ အကျော်အမော် ဆယ်လီလေးတွေကို ပြောပြလိုက်ပါတယ်။
1. Jisoo (BLACKPINK)

Body သေးသေးလေးနဲ့ အရမ်းကို ချစ်စရာကောင်းတဲ့ သူလေးကတော့ BLACKPINK အဖွဲ့ဝင် Jisoo ပါ။Jisoo ကိုတော့ ၁၉၉၅ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်မှာ တောင်ကိုရီးယားနိုင်ငံ၊ Gyeonggi ပြည်နယ်၊ Gunpo မှာ မွေးဖွားခဲ့ပြီး အခုဆိုရင် အသက် ၂၅ နှစ်ပြည့်ခဲ့ပါပြီနော်။
2. Nayeon (TWICE)

အဆိုတော်တစ်ယောက်ဖြစ်တဲ့ Nayeon လို့လူသိများတဲ့ TWICE အဖွဲ့ဝင်လေး Im Na-yeon ကိုတော့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာမွေးဖွားခဲ့တာပါ။သူမရဲ့မွေးနေ့လေးကတော့ ၁၉၉၅ ခုနှစ်၊စက်တင်ဘာလ ၂၂ ရက်ပါ။
3. Hwasa (MAMAMOO)

singer/ rapper နဲ့ songwriter တစ်ယောက်ဖြစ်တဲ့ MAMAMOO ရဲ့အဖွဲ့ဝင် Hwasa ကိုတော့ တောင်ကိုရီးယားနိုင်ငံ၊ North Jeoolla ပြည်နယ်၊ Jeonju မြို့မှာမွေးဖွားခဲ့ပြီး မွေးနေ့လေးကတော့ 1995 ခုနှစ်၊ ဇူလိုင် ၂၃ မှာမွေးဖွားခဲ့ပါတယ်။
4. Seolhyun (AOA)

၂၀၁၂ ခုနှစ်မှာ အနုပညာအလုပ်ကို စလုပ်လာခဲ့တဲ့ Kim Seol-hyun ကိုတော့ ၁၉၉၅ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်မှာ၊တောင်ကိုရီးယားနိုင်ငံ၊ Bucheon မှာမွေးဖွားခဲ့တာပါ။
5. Wheein (MAMAMOO)

singer နှင့် songwriter တစ်ယောက်ဖြစ်တဲ့ Wheein ကိုတော့ Jung Whee-in ကိုတော့ တောင်ကိုရီးယားနိုင်ငံပိုင်၊North Jeolla ပြည်နယ်၊Jeonju မြို့မှာ မွေးဖွားခဲ့ပြီး ဧပြီ ၁၇ နေ့တုန်းအသက် ၂၅ နှစ်ပြည့်ခဲ့ပါပြီနော်။
6. YooA (OH MY GIRL)

OH MY GIRL အဖွဲ့ဝင်မလေး YooA ကိုတော့ ၁၉၉၅ ခုနှစ်၊စက်တင်ဘာလ ၁၇ ရက်တုန်းက တောင်ကိုရီးယားနိုင်ငံ၊ဆိုးလ်မြို့မှာ မွေးဖွားခဲ့တာပါ။
7. Eunbi (IZ*ONE)

Eunbi လို့အသိများတဲ့ IZ*ONE အဖွဲ့ဝင် Kwon Eun-bi ကိုတော့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ Geumcheon-gu မှာမွေးဖွားခဲ့တာပါ။သူမကတော့ လာမယ့် စက်တင်ဘာလ ၂၇ ရက်နေ့ဆိုရင် အသက် ၂၄ နှစ်ပြည့်တော့မှာပါနော်။
8. Bona (WJSN)

သရုပ်ဆောင်နဲ့ အဆိုတော် Bona လို့ လူသိများတဲ့ Kim Ji-yeon ကိုတော့ တောင်ကိုရီးယားနိုင်ငံ Daslseo ခရိုင်၊ ဒယ်ဂူးမြို့မှာ မွေးဖွားခဲ့တာပါ။ အချစ်တော်လေး Bona ကတော့ သြဂုတ် ၁၉ရက်နေ့ဆိုရင် အသက် ၂၄ နှစ် ပြည့်ပါပြီနော်။
9. Sowon (GFRIEND)

အဆိုတော် Sowon ကိုတော့ ၁၉၉၅ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ ၊Jingwan – dong မှာ မွေးဖွားခဲ့တာပါ။
10. Mimi (OH MY GIRL)

Mimi လို့ခေါ်တဲ့ singer, rapper နဲ့ songwriter ဖြစ်တဲ့ Kim Mi-hyun ကိုတော့ တောင်ကိုရီးယားနိုင်ငံရဲ့ အလှဆုံးကျွန်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ဂျယ်ဂျူဒိုလို့ခေါ်တဲ့ ကျွန်းမြို့လေးမှာ မွေးဖွားခဲ့တာပါ။ Mimi ရဲ့ မွေးနေ့လေးကတော့ ၁၉၉၅ ခုနှစ်၊မေလ ၁ ရက်နေ့ပါနော်။
Ref;Koreaboo,Bunnie Moreau