ကယ်လီဖိုးနီးယားပြည်နယ်မှာ ကုန်တင်ယာဉ်များ လျှပ်စစ်ယာဉ်သာ သုံးစွဲရန် စတင်ပြဌာန်း
automobiledirectory.com.mm
|
2020-06-28

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် အာဏာပိုင်တို့က ကုန်တင်ယာဉ်များ ဖြစ်ကြတဲ့ တရပ်ကားတွေ

ကုန်ပို့ဗင်ကားတွေ အကုန်လုံး ဘက်ထရီဖြင့် မောင်းနှင်တဲ့ လျှပ်စစ်ကားတွေ ဖြစ်ရမယ်။ သို့မဟုတ် မီးခိုးလုံးဝ မထုတ်တဲ့ ဟိုက်ဒြိုဂျင်လောင်စာဆဲလ်ဖြင့် မောင်းနှင်တဲ့ကားတွေ ဖြစ်ရမယ်။ အိပ်ဇောမှ မီးခိုးထုတ်တဲ့ ဓာတ်ဆီအင်ဂျင်၊ ဒီဇယ်အင်ဂျင်တွေနဲ့ မောင်းနှင်တာ မဖြစ်ရတော့ဘူးလို့ အပြောင်းအရွှေ့ကို ပြဌာန်းလိုက်ပြီး ယခုလိုမျိုး ပြဌာန်းတာ ကယ်လီဖိုးနီးယားပြည်နယ်အစိုးရဟာ ပထမဆုံးပြဌာန်းသူ ဖြစ်ပါတယ်။

ယခု ပြဌာန်းချက်ဟာ ၂၀၂၄ ခုနှစ်မှာ စတင်သက်ရောက်မှာ ဖြစ်ပါတယ်။


လောင်စာဆီကို ကျောခိုင်းပြီး မီးခိုးစွန့်ထုတ်မှု သုညဖြစ်တဲ့ ကားတွေဆီကု ရွှေ့ပြောင်းဖို့ လမ်းညွန်မြေပုံမှာ ၂၀၂၄ ခုနှစ်ကျရင် ကယ်လီဖိုးနီးယားမှာ ရောင်းချတဲ့ ထရပ်ကားထရေလာ စီးရေရဲ့အနည်းဆုံး ၄၀ ရာခိုင်နှုန်းဟာ မီးခိုးမထုတ်တဲ့ နည်းပညာသုံးပြီး မောင်းနှင်တဲ့ကားတွေ ဖြစ်ရမယ်လို့ ညွန်ကြားထားပါတယ်။ ကုန်ပို့ဗင်တွေဖြစ်တဲ့ အလတ်စားထရပ်ကားတွေလည်း အကျုံးဝင်ပါတယ်။
၂၀၃၅ ခုနှစ်မှာတော့ ထရပ်ကားနဲ့ ဗင်ကား ရောင်းချစီးရေရဲ့ အနည်းဆုံး ၇၅ ရာခိုင်နှုန်းဟာ မီးခိုးမထုတ်တဲ့ နည်းပညာသုံး ယာဉ်တွေ ဖြစ်ရပါမယ်။ အစိုးရသုံး ထရပ်ကားအားလုံး ရာနှုန်းပြည့်ဟာ မီးခိုးမထုတ်တဲ့နည်းပညာသုံး ယာဉ်တွေ ဖြစ်ရပါမယ်။ မှာကြားသူထံအရောက် ပစ္စည်းပို့တဲ့ ဗင်ကားတွေလည်း အကုန်လုံး မီးခိုးမထုတ်တဲ့နည်းပညာသုံးယာဉ်တွေ ဖြစ်ရပါမယ်။


#မီးခိုး
#ကယ်လီဖိုးနီးယား
#ထရေလာ
#နည်းပညာ
#ယာဉ်

Some text some message..